စစ်အစိုးရမှ ကြက်ဆူစေ့များ အတင်းကောက်ခံ

စစ်အစိုးရမှ ကြက်ဆူစေ့များ အတင်းကောက်ခံ
by -
စုစုမြာ
ယခုနှစ်အတွင်း ကြက်ဆူပင်များ ပြန်လှည် စိုက်ပျိုးနိုင်ရန်အတွက် မြန်မာစစ်အစိုးရမှ ကရင်နီပြည် ဖရူဆိုမြို့နယ် အတွင်းရှိ ကျေးရွာများထံမှ မျိုးစေ့များ အတင်း အဓမ္မ ကောက်ခံနေသည်ဟု ဒေသခံ ရွာသားများက ပြော ...

ယခုနှစ်အတွင်း ကြက်ဆူပင်များ ပြန်လှည် စိုက်ပျိုးနိုင်ရန်အတွက် မြန်မာစစ်အစိုးရမှ ကရင်နီပြည် ဖရူဆိုမြို့နယ် အတွင်းရှိ ကျေးရွာများထံမှ မျိုးစေ့များ အတင်း အဓမ္မ ကောက်ခံနေသည်ဟု ဒေသခံ ရွာသားများက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် စိုက်ခိုင်းခဲ့သော ကြက်ဆူပင်များမှာ အောင်မြင်မှုမရှိခဲ့ပါသော်လည်း ယခုတွင် တစ်အိမ်ကို ကြက်ဆူစေ့ နို့ဆီခွက် ၂ ဗူးစီ တောင်းယူသည့်အပြင်၊ တအိမ်လျှင် မြေတွင်းအတွင်း ၄ဝ နှင့် အပင်် ၄ဝ ရှာခိုင်း၍ ထပ်မံပြီး စိုက်ပျိုးရန် အမိန့်ချမှတ်ထားသည်ဟု ဖရူဆိုမြို့နယ် ထီးကလူဒေါရွာမှ ကြက်ဆူစေ့များ အတင်းအဓမ္မ ကောက်ခံခြင်းခံရသော ရွာသားတဦး ကပြောပါသည်။

၎င်းက “အခုဆိုကျမတို့ စိတ်ညစ်ကြရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သီးနှံတွေကလဲ အထွက်မကောင်းဘူး၊ သီးနှံစျေးကလဲ ကျတယ် မအောင််မြင်ရတဲ့ကြားက ကျမတို့ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေနဲ့ ကြက်ဆူခင်းစိုက်ခိုင်းတယ်၊ အပင်တွေရှာရတယ်၊ မနှစ်ကစိုက်ထားတယ် ဆိုတဲ့အတွက်ကြောင့် ဒီတလကြက်ဆူစေ့ တောင်းတယ်၊ မရှိတဲ့အတွက်ကြောင့်် ရှိတဲ့သူဆီ ရှာဝယ်ရတယ်ပြီးရင် သူတို့ဆီပြန်သွားသွင်းရတယ်၊ စျေးလဲမရပါဘူး၊ အခုလဲနောက်ထပ် စိုက်ခိုင်းတယ် တအိမ်တယောက် မသွားမနေရ သွားရတယ် အချိန်ကုန်ခံ၊ အလုပ်ပျက်ခံပြီး ဆန္ဒမပါပဲ တာဝန်ကျေ လုပ်ပေးရတယ် သူတို့အတွက် ဘာအကျိုးရှိလဲ ဘာအတွက်လုပ်လဲဆို ကျမလဲမသိဘူး” ဟုပြောသည်။

လယ်ယာမြေများကို အတင်းအဓမ္မသိမ်းပြီး လျှော်ကြေးမရသည့်အပြင် ရွာသူ/သားများအား ရွာလိုက်အုပ်စုလိုက် ဖွဲ့ထားခိုင်းပြီး ကြက်ဆူပင်များကို စိုက်ခိုင်းခဲ့ရာတွင် ကြက်ဆူပင်များ အောင်မြင်မှုမရှိခဲ့သည့်အပြင် ယခုအခါတွင် ကြက်ဆူစေ့များ ဆက်လက် ကောက်ယူနေသောကြောင့် ရွာသားများ စိတ်ပျက်လက် ပျက်ဖြစ်နေကြသည်ဟု ဖရူဆိုမြို့နယ် ခေါသမောရွာနေ ဒေသခံတစ်ဦးကလဲ ပြောပါသည်။

ဖရူဆိုမြို့နယ် လမ်းမကြီးတလျှောက်တွင် တောင်သူလယ်သမားများ၏ လယ်ယာမြေများကို အတင်းသိမ်းပိုက်ပြီး ဌာနဆိိုင်ရာ ဝန်ထမ်းအသီးသီးများအား ကြက်ဆူပင်များ စိုက်ခိုင်းသည်။

ဤသို့ လမ်းမကြီးနဘေးတွင် ရှိသော လယ်ယာများကို သိမ်းယူပြီး ကြက်ဆူပင်များ စိုက်ခိုင်းခြင်းသည် စစ်အစိုးရမှ လွယ်ကူစွာ လိုက်လံကြည့်ရှု့နိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကြက်ဆူပင်များမှရရှိသော ဒီဇယ်လောင်စာဆီများကို နိုင်ငံ၏ တင်ပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရန်အတွက် ပြီးခဲ့သည့် ၂ဝဝ၅ ခုနှစ်မှစ၍ စစ်အစိုးရမှ တနိုင်ငံလုံးအနှံ့ စိုက်ပျိုးခိုင်းသည်။

Most read this week