NDF ၃၃ နှစ်ပြည့်တွင် စစ်အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းကို လက်မခံဟုဆို

NDF ၃၃ နှစ်ပြည့်တွင် စစ်အစိုးရမှ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခိုင်းခြင်းကို လက်မခံဟုဆို
by -
နှောင်းလှိုင်
မြန်မာစစ်အစိုးရသည် အပစ်ရပ်ယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အင်အားလျော့ချပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင်ဟု အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု( NDF ) ၃၃ ကြိမ်မြောက် အခမ်းအနားတွင် ထုတ်ဖော်ပြောကြားသွား ...

မြန်မာစစ်အစိုးရသည် အပစ်ရပ်ယူထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ အင်အားလျော့ချပြီး နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းကို လက်မခံနိုင်ဟု အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု( NDF ) ၃၃ ကြိမ်မြောက် အခမ်းအနားတွင် ထုတ်ဖော်ပြောကြားသွားပါသည်။

ဖိအားအမျိုးမျိုးပေး စည်းရုံးနေခြင်းသည် တိကျသော အခြေခံနိုင်ငံရေး အာမခံနိုင်မှု မရရှိသေးဘဲ လက်နက်ကိုင် အင်အားစုများကို တဘက်လှည့်နည်းဖြင့် လက်နက်ဖြုတ်သိမ်းရေး ပြုလုပ်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်၍ အထူးသတိချပ်ရန် လိုအပ်သည်ဟုလည်း ဆိုပါသည်။

ယခုလို တိုင်းရင်းသား အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းခြင်းသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် တရားဝင်ရန်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးတမျိုးစီတွင် အကျိုးရှိမည်မဟုတ်ပဲ တိုင်းရင်းသားများ တောင်းဆိုနေကြသော တန်းတူညီမျှမှု အခွင့်အရေးလည်း ရမည်မဟုတ်ကြောင်း NDF ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က VOA သတင်းဌာနသို့ ပြောကြားသွားပါသည်။

NDF အဖွဲ့အစည်းသည် လက်နက်ကိုင်တိုုက်ပွဲဝင််ပြီး တော်လှန်ရေးအဖွဲ့အစည်းများကို စုစည်းသွားမှာဖြစ်ပြီ်း အဖွဲ့အစည်းမှလည်း လက်နက်ကိုင် တိိုက်ပွဲဝင််ပြီး အဓိက ပြည်ထောင်စုကြီး ဖြစ်အောင်ကြိုးပမ်း သွားမည်ဟု သိရပါသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာနိုင်ငံ အမျိုးသားကောင်စီ NCUB မှ တွဲဖက် အတွင်းရေးမှူး ဦးမြင့်သိဏ်းက “NDF အဖွဲ့အစည်းက လက်နက်ကိုင် တိုုက်ပွဲဝင်ခဲ့တယ် တော်လှန်ရေးအဖွဲ့အစည်းတွေကို သူတို့ စုစည်းသွားမှာ ဖြစ်တယ် တိုင်းရင်းသား လူဦးရေပေါ့နော် အဲဒီလိုမျိုး အဖွဲ့အစည်းကနေဆက်ပြီးတော့ သူတို့ရဲ့  တိိုက်ပွဲဝင် အဓိက ထပ်ပြီး တန်းတူညီနို်င်တဲ့ ပြည်ထောင်စု ဖြစ်အောင်ကြိုးပမ်းသွားမယ် လက်နက်ကိုင် တိုက်ပွဲ အနေနဲ့ ဆက်ပြီးတော့”ဟုပြောသွားပါသည်။

ငြိမ်းချမ်းရေးကို အမှန်တကယ် ဦးတည်သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတွက် တပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲမှု ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ အပါအဝင် နိုင်ငံရေး အကျဉ်းသား များအား ချွင်းချက်မရှိလွှတ်ပေးရန်၊ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သော နိုင်ငံရေး အင်အားစုများ အားလုံးနှင့် တွေ့ဆုံဆွေးနွေးမှုပြု လုပ်ရန် မဒတ အနေဖြင့် နအဖ စစ်အုပ်စုကို ဆက်လက်တောင်းဆိုလိုက်ပါသည် ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

“အဓိကကတော့ ဒီစစ်အုပ်စုတွေမှာ မြန်မာနိုင်ငံမှာ ရှိနေသမျှ ကာလပတ််လုံး ဗမာပြည်မှာ ရှိတဲ့ တိုင်းရင်းသား တွေက အခုလိုပဲ သည်းညှင်းခံနေရမှာ ဖြစ်တယ် စစ်အာဏာရှင်စနစ်ပြုတ်ကျသွားတဲ့အထိ အဲလိုပူးတွဲပြီးတော့ လက်တွဲ တိုက်ပွဲ ဝင်သွားမယ် ဆိုတဲ့အချက်တွေကို အဓိက ” ဟု ၎င်းကဆက်လက်ပြောသွားပါသည်။

တိုင်းရင်းသားများက မှန်ကန်သော အခြေခံ ဥပဒေဖြစ်သည့် လွတ်လပ်ခြင်း၊ တရားမျှတမှုရှိခြင်း၊ တန်းတူညီိတူ ဖြစ်ခြင်း စသော အခြေခံ အခွင့်အရေးများကို ရယူရန် ပြည်ထောင်စုကြီး တည်ထောင် နိုင်ရန်အတွက် ၁၉၇၆ ခုနှစ် မေလ ၁ဝ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစုံ (NDF)ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
 

Most read this week