ရွေးကောက်ပွဲသည် လူထုဆန္ဒ အမှန်တကယ် လက်ခံမည်ဟု ကရင်နီ အပစ်ရပ်အဖွဲ့ မျှော်လင့်

ရွေးကောက်ပွဲသည် လူထုဆန္ဒ အမှန်တကယ် လက်ခံမည်ဟု ကရင်နီ အပစ်ရပ်အဖွဲ့ မျှော်လင့်
by -
နှောင်းလှိုှုင်
ကရင်နီပြည်နယ် အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ မဲဆန္ဒအမှန်တကယ် လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ကရင်နီ အပစ်ခတ်ရပ်စဲရေး အဖွဲ့ဝင်တဦးက ထုတ်ဖေါ်ပြောကြား ...

ကရင်နီပြည်နယ် အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ မဲဆန္ဒအမှန်တကယ် လက်ခံနိုင်မည်ဟု မျှော်လင့်ကြောင်း ကရင်နီ အပစ်ခတ်ရပ်စဲရေး အဖွဲ့ဝင်တဦးက ထုတ်ဖေါ်ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲကို ကရင်နီ အပစ်ခတ်ရပ်စဲရေး အဖွဲ့ဖြစ်သည့် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကယန်းပြည်သစ်ပါတီ (KNLP)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) နှင့် ကရင်နီသွေးစည်း ညီညွတ်ရေးအဖွဲ့ (KNSO) တို့က တဖွဲ့တည်း စုပေါင်းပါ၀င်ယှဉ်ပြိုင်မည် မဟုတ်သော်လည်း တဖွဲ့စီ ပါဝင်ယှဉ်ပြိုင်သွားခြင်းဖြင့် ပြည်သူလူထု၏ ဆန္ဒကို လက်ခံသွားမည်ဟု (KNDP) အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “ဒီဟာနဲ့ ပတ်သက်လို့တော့ ကယားပြည်နယ်မှာပေါ့နော် ရွေးချယ်ရွေးကောက်ပွဲဝင်တဲ့ နေရာမှာ ပြည်သူ လူထုဆန္ဒပေါ့နော် ပြည်သူလူထုရဲ့ ဆန္ဒ အမှန်တကယ်သာ လက်ခံမယ့် သူတွေဆိုရင်တော့ ဖြစ်ပါစေလို့ပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။

“၂၀၁၀ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကရင်နီမှာ ရွေးကောက်ပွဲဝင်မဲ့ အဖွဲ့တွေက ဒီအပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့တိုင်းဟာ ဝင်ရမှာပဲ ဘာအတွက်ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံလုံးမှာရှိတဲ့ ၁၇ ဖွဲ့လုံးက အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ ၁၇ ဖွဲ့လုံး ရွေးကောက်ပွဲဝင်ဖို့ သူတို့ပြင်ဆင်နေကြပါတယ်၊ ပြင်ထားကြတယ်”  ဟု ၎င်းက ဆက်ပြောသည်။

ထိုရွေးကောက်ပွဲကို ပါဝင်နိုင်မည့်သူမှာ ဖြစ်ပေါ်လာသော ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌါန်းထားချက်အရ လွတ်တော်အမတ်မှ ဘွဲ့ရပြီးသောသူဖြစ်ပြီး အသက်အားဖြင့် ၄၀ ပြည့်သော သူ၊ ထိုအချက်ကို ကိုက်ညီသော သူမှသာ လွတ်တော်အမတ်အနေဖြင့် ဝင်ပြိုင်နိုင်သည်ဟု ဆိုထားသည်။

လောလောဆယ် အဖွဲ့အစည်းအသီးသီးမှ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို အတည်ပြုရွေးချယ်တင်မြောက်မှုများ မပြုလုပ်သေးသော်လည်း (KNPLF)မှဒု-ဥက္ကဌထွန်းကျော်နှင့် (KNLP)အဖွဲ့မှ ဦးယူကျင်းတို့မှာ ကိုယ်စားလှယ်လောင်းများ ဖြစ်နိုင်ခြေများသည်ဟု (KNLP)မှ အဖွဲ့ဝင်တဦးက ပြောပြသည်။

အပစ်ရပ်အဖွဲ့များက ထိုရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်သော်လည်း လက်နက်များ သိမ်းဆည်းမည် မဟုတ်ကြောင်း သို့သော် အရပ်သားအစိုးရဖြစ်လာပါက လက်နက်ဆက်ကိုင်ခွင့်၊ မကိုင်ခွင့်ကို ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာလုံခြံုရေးဒု-ဗိုလ်ချုပ်ရဲမြင့်က ပြောသည်ဟုဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ကရင်နီပြည်မှ အပစ်ရပ်အဖွဲ့များအပြင် လွိုင်ကော်အခြေစိုက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီလည်း ပါ၀င်ရှင်ပြိုင်မည်ဟု သိရသည်။

Most read this week