အင်္ဂလန်မှ သူနာပြု အတတ်ပညာသင်ယူကာ ကရင်နီကျေးလက်တွင် ဆေးခန်းဖွင့်

အင်္ဂလန်မှ သူနာပြု အတတ်ပညာသင်ယူကာ ကရင်နီကျေးလက်တွင် ဆေးခန်းဖွင့်
by -
ကန္တာရဝတီတိုင်း(မ်)

အင်္ဂလန်နိုုင်ငံမှ သူနာပြုဘွဲ့ ရယူပြီးနောက် မိမိမွေးရပ်ကျေးလက် တောရွာတရွာဖြစ်သည့် ကယား(ကရင်နီပြည်) ဒီးမော့ဆိုုမြို့နယ် ထီးသဲကလိုုးကျေးရွာတွင် ဇွန်လ ၂၂ရက်နေ့က ဆေးခန်းတလုံုး ဖွင့်လှစ်လိုက်ကြောင်းသိရသည်။

ထီးသဲကလိုုးကျေးရွာတွင် ဆေးခန်းတလုံုးဖွင့်လှစ်နိုုင်ရန် ကလေးဘဝကတည်းက မက်ထားခဲ့သည့် အိမ်မက် ဖြစ်ကြောင်း အင်္ဂလန်နိုုင်ငံ University of Greenwich London တက္ကသိုုလ်တွင် ပြီးခဲ့သည့် ၂၀၁၂ ခုုနှစ်အောက်တိုုဘာလက သူနာပြုဘွဲ့ရခဲ့သူ မော်မိုုးဘူးက ယခုုလိုုပြောသည်။

“ငယ်သေးတဲ့အချိန် ကျမရွာကအခြေအနေမကောင်းဘူး။ ခဏခဏဖျားကြတယ်။ ဆေးရုံခဏခဏ သွားရတယ်။ အရင်တုန်းက ဒီမှာလည်းဆေးခန်းတွေမရှိဘူး။ ဆေးရုံသွားလည်း ဗမာစကား မတတ်တော့ အခက်ခဲအရမ်းရှိတယ်။ တနေ ့ကျမ ကျောင်းသွားတက်တဲ့အချိန် ရွာတွေမှာ ပြန်ကူညီမယ်ဆိုတဲ့စိတ်က အမြဲရှိတယ်”

မိမိမွေးခဲ့သည့် ထီးသဲကလိုုးကျေးရွာမှာ ဆေးခန်းဖွင့်နိုုင်ဖိုု့ အင်္ဂလန်မှာ ကျောင်းသွားတက်နေချိန် အတောအတွင်း ကျောင်းတဖက်နှင့် ကျောင်းနေဘက် သူငယ်ချင်းအပေါင်းအဖေါ်များအကြား ရန်ပုံုငွေ ရှာဖွေခဲ့ရသည်ဟုဆိုသည်။

မိမိဇာတိလည်းဖြစ်၊ ဒေသခံတိုု့၏ တောင်းဆိုုချက်အရလည်း ဖြစ်သည့်အတွက် လက်ရှိနေရာမှာ ဖွင့်ပေးရခြင်းလည်း ဖြစ်ကြောင်း ပြောဆိုုပါသည်။

“ဒီမှာ ဆေးခန်းပြန်ဖွင့်တာ အခက်ခဲရှိတယ်။ နိုင်ငံရေး အခြေအနေလည်း သေချာမသိရဘူး။ ဒီဆေးခန်းက ဆောက်ဖြစ်မလား၊ ဆောက်ဖြစ်ခဲ့သော် တည်တည်ငြိမ်ငြိမ် ရှိနိုင်မလားပေါနော်။ ရွာတွေကလည်း ကျမကို ဒီဆေးခန်း တောင်းဆိုတာကြာပြီ။ သူတို ့လည်း ကျမဒီဆေးခန်းဖွင့်တာ လာကူညီကြတယ်ပေါနော်။ တယောက်တည်းလုပ်ရင် ဒီလောက်ထိ ကျမလုပ်နိုင်လိမ့်မယ်လို ့ မထင်ဘူး”

လက်ရှိ ဖွင့်လှစ်လိုုက်သည့်ဆေးခန်းအား ကရင်နီအမျိုးသားကျန်းမာရေးဌာန KNHD နှင့် ပူးတွဲထားသည့်အတွက် ကျန်းမာရေးဌာနမှ ဆေးဝန်ထမ်းများ လုံုလုံုလောက်လောက် ရရှိမည် ဖြစ်သည်ဟုု သိရသည်။

“ကျနော်တို ့ထဲမှာ နိုင်ငံခြားမှာ ပညာတော်သင်သွားပြီးတော့ ပြန်မလာတဲ့သူတွေအများကြီးရှိတယ်။ သူကဒီလိုပြန်လာကူညီတာတော့ကောင်းတာပေါ့။ ဒါက ကိုယ့်ဒေသ၊ ကိုယ့်လူထုအတွက်လုပ်စရာ အများကြီးလိုတယ်။ သူလည်း တတ်နိုင်တဲ့အဖက်က ပြန်လုပ်တော ကျနော်တို ့အဖွဲ့ကအများကြီးဝမ်း သာတယ်။ ကျနော်တို ့ကတတ်သလောက်နဲ့လုပ်နေရတယ်။ တကယ်တမ်းတောပညာတော်သင်ထွက် သွားတဲ့လူတွေက အလုပ်ပြန်လာမလုပ်ကြတာများတယ်။ သူကျနော်တို ့နဲ့ပြန်လာပူးပေါင်းပြီးကျနော်တို ့ဒေသမှာ ရှိတဲ့ပြည်သူလူထုတွေ အတွက် ပြန်လာလုပ်ပေးတာအရမ်းဝမ်းသာတယ်။ရှေ့ဆက်လည်းသူ ့လိုအများကြီးပြန်လာလုပ်ဖို ့လည်းကျနော်တို ့မျှော်လင့် တယ်ပေါ့နော် ”ဟုု KNHD မှ ညွန်းကြားရေးမှူး ဖိလစ်က ပြောသည်။

ကရင်နီအမျိုးသားတိုုးတက်ရေးပါတီKNPPအပစ်ခတ်ရပ်စဲရေးလက်မှတ်ရေးထိုုးပြီးနောက ဖွံ့ဖြိုးရေးကိစ္စနှင့် ပတ်သက်ပြီး ယခုုလိုုအစီအစဉ်ကိုု ပထမဦးဆုံုးအကြိမ်အဖြစ် အကောင်အထည်ဖေါ်လုုပ်ဆောင်နိုုင်သည့် အတွက် ဒေသခံရွာသားများမှကြိုဆိုုကြောင်း ထီးပိုုးကလိုုးကျေးရွာ အုုပ်ချုပ်ရေးမှူး ဦးအောင်လင်းဘာက ပြောသည်။

“ကျနော်တို့က ဒီလိုမျိုးတွေကို တခါမှမကြံုဖူးဘူး။ ဒီလိုမျိုး ကျေးရွာရဲ့ အကျိုးကိုပြုတယ်။ ဘာလို့လဲဆိုတော့ ကျေးရွာတွေရဲ့ ကျန်းမာရေးက အရေးကြီးတယ်လေ။ ဒီလိုမျိုး ဆေးပေးခန်းတွေ လာဖွင့်ပေးတယ်။ KNPP ဖက်က လူကြီး တခြားလူတွေ ဒီလိုမျိုး အဖက်ဖက်ကနေ လာရောက်ပြီး လုပ်ဆောင်ပေးဖို့အတွက် အမြဲတမ်း လည်းမျှော်လင့်ပါတယ်။ ကြိုလည်းကြိုဆိုပါတယ်။” ဟုထီးပိုးကလိုး ကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်လင်း ဘာကပြောသည်။

လက်ရှိနိုုင်ငံရေးအပြောင်းအလဲ တကွေ့မှာ လူငယ်မောင်မယ်များအနေဖြင့်အဆင့်မြင့်ပညာရပ်များကိုု သင်ယူဆည်းပူးခွင့်မရှိကြသော်လည်း မိမိကျေးလက်ဒေသအတွက် အလုုပ်အကျွေးပြုနိုုင်ရန် အဓိက စိတ်ဓါတ်ဖြစ်သည်ဟုုယခုုလိုုအကြံပေးခဲ့သည်။

“နိုင်ငံခြားရောက်မှပဲကိုယ်ကလုပ်နိုင်တယ်မဟုတ်ဘူး။ Scholarship (ပညာတော်သင်ဆုု) တွေကျလာရင် လျှောက်ကြည့်ကြည့် တကယ်လို ့ရတယ်ဆိုရင်လည်း တနေ ့ကိုယ့်လူမျိုးကိုမမေ့နဲ့။လူငယ်တွေကိုပြောချင် တာက ပညာတတ်တာဖြစ်စေ၊မတတ်တာဖြစ်စေ စိတ်ဓာတ်မကျပါနဲ့။ လူဆိုတာ သူ ့ဟာနဲ့သူ တစ်ထောင့်တစ်နေရာစီ အရေးပါနေတာကြီးပဲ။”

မော်မိုုးဘူးသည် ၄င်း၏ ငယ်စဉ်ကမက်ခဲ့သည့်အိမ်မက် အခုုချိန်ခါမှာ အကောင်အထည်ပေါ်လာခြင်းဖြစ် သကဲ့သို့ ရပ်ရွာတွင်လိုအပ်နေချိန် ဆေးခန်းဖွင့်နိုင်ခဲ့ပြီး အခြားဆရာများ၏ အကူအညီများတို့ကြောင့် အခက်ခဲများရှိသော်လည်း အတူတကွလုပ်ဆောင်ရခြင်းကို ကျေနပ်ဝမ်းမြောက်မှုရှိကြောင်း ပြောဆိုခဲ့သည်။

Most read this week