၂၀၁၄- ၂၀၁၅ခုနှစ် ပညာသင်နှစ်မှစ၍ အစိုးရက ချင်းပြည်နယ်ရှိ အလယ်တန်းကျောင်းတချို့အား အထက်တန်း ကျောင်းခွဲ (၁၁) ကျောင်းတိုးမြှင့်ဖွင့်လှစ်ခွင့်ပြု လိုက်ပြီဖြစ်သည်။ အဆိုပါကျောင်းများကို ထန်တလန်မြို ့နယ်တွင် (၃)ကျောင်း၊ တွန်းဇံနှင့်မတူပီမြို ့နယ်တွင် (၂)ကျောင်းစီ၊ ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် မင်းတပ်မြို ့နယ်များတွင် တစ်ကျောင်း စီဖွင့်လှစ်ခွင့်ပြုထားကြောင်း ချင်းပြည်နယ် ပညာရေး ညွှန်ကြား ရေးမှူးရုံး၏ ၂၀၁၄ခုနှစ် ဇွန်လ (၁၁) ရက်နေ ့အမိန် ့စာအရ သိရှိရသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို ့နယ်ရှိ ဇဲဖိုင်(က)၊ တလန်ခွါနှင့် မှောင်တလန်ရွာ၊ တွန်းဇံမြို နယ်မှ ခွမ်နွဲနှင့် မွာလ်ပီးရွာ၊ မတူပီမြို ့နယ်မှ စာလ်ထောင်း နှင့် ဖနိုင်ရွာ အသီး သီးမှ အစိုးရအလယ်တန်းကျောင်းများအား အထက်တန်းကျောင်းခွဲ များအဖြစ် အသီးသီး တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
ထို ့အပြင် ဟားခါးမြို ့နယ် ချွန်ကျူံးရွာ၊ ဖလမ်းမြို ့နယ်မှ လိုင်ဇိုး ရွာ၊ မင်းတပ်မြို ့နယ်မှ မင်းတပ်မြို့ပေါ် အလယ်တန်း ကျောင်းများကို အထက်တန်းကျောင်းခွဲ အဖြစ် အသီး သီး အဆင့်မြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
“အခုလို အထက်တန်းကျောင်းခွဲအဖြစ် တိုးမြှင့်ပေးတာ တော်တော်ကောင်းတယ်။ ကိုယ် ့ဒေသမှာ အထက်တန်း ကျောင်းရှိပြီ ဆိုတော့ အကုန်အကျခံပြီး အခြားနေရာ မှာကျောင်းတက်တော့မှာ မဟုတ်ဘူး။ အရမ်းဝမ်းသာတယ်” ဟု ဖနိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး က ခိုနုမ်းသုန်ကို ပြောသည်။
အထက်တန်းကျောင်းခွဲ တိုးမြှင့်ပေးလိုက်သည့်အတွက် လိုအပ်သည့် ကျောင်းဆရာ (၁၂)ဦးကိုပါ တပါတည်း ခန် ့ ထားပေးရန်ဖြစ်သည်ဟုလည်း ထပ်မံသိရသည်။
အထက်တန်းကျောင်းခွဲများဖွင့်လှစ်ပြီးစီးသည့် အခြေအနေများကို ပြည်နယ်ပညာရေးညွှန်ကြားရေးမှူး မှတဆင့် မြန်မာ နိုင်ငံ၊ မန္တလေးမြို ့ရှိ အမှတ် (၂)အခြေခံ ပညာရေးဦးစီးဌာနသို ့ အမြန်ဆုံးအစီရင်ခံတင်ပြရန် ညွှန်ကြားထားသည်။
ချင်းပြည်နယ်တွင် ၂၀၁၂-၂၀၁၃ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှု ၁၆.၅၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၃- ၂၀၁၄ခုနှစ် ပညာသင်နှစ် အောင်မြင်မှု မှာ ၈.၀၇ ရာခိုင်နှုန်းအထိ ထက်ဝက်ကျော်ကျော် ကျဆင်းသွားခဲ့သည်။



