ဒုက္ခသည်များကို ထုတ်ပေးသော ငါးပိ ဆိုးဆေး မပါဝင်နိုင်ဟုဆို

ဒုက္ခသည်များကို ထုတ်ပေးသော ငါးပိ ဆိုးဆေး မပါဝင်နိုင်ဟုဆို
by -
နှောင်းလှိုင်
ထိုင်း-မြန်မာ နယ်စပ်တလျှောက်တွင် နေထိုင်သော ဒုက္ခသည် စခန်းသူ၊ သားများအတွက် TBBC မှ ထုတ်ပေးသော ရေကျိုငါးပိသည် ထိုင်းမှထုတ်သော ငါးပိဖြစ်သည့်အတွက် ဆိုးဆေး မပါဝင်နိုင်ဟု TBBC မှ အဖွဲ့ဝင်တစ်ဦးက ဆို ...

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် နေထိုင်သော ဒုက္ခသည်စခန်းသူ၊ သားများအတွက် TBBC မှ ထုတ်ပေးသော ရေကျိုငါးပိသည် ထိုင်းမှထုတ်သော ငါးပိဖြစ်သည့်အတွက် ဆိုးဆေး မပါဝင်နိုင်ဟု TBBC မှ အဖွဲ့ဝင်တစ်ဦးက ဆိုပါသည်။

၎င်းက “ကျမတို့ ငါးပိက မြန်မာနိုင်ငံမှာ ထုတ်လာတာ မဟုတ်ဘူး ထိုင်းက ဒါပေမဲ့ ကျမတို့ငါးပိက ထိုင်းပြည်မှာ လုပ်တဲ့ ငါးပိကိုမှ မှာစားတယ်၊ ပြီးတော့ ကျမတို့ TBBC အနေနဲ့ Quality control (အရည်အသွေး ထိ်န်းချုပ်မှု) လည်းရှိတယ် (inspection) စစ်ဆေးမှု လည်းရှိတယ်နော်၊ ဒါကြောင့်မို့ ကျမတို့ငါးပိက ဗမာပြည်မှာ လာတဲ့ငါးပိမဟုတ်ဘူး” ဟု ပြောသွားပါသည်။

မြန်မာနို်င်ငံထုတ် ငါးပိ အမျိုးပေါင်း ၁ဝ၁ မျိုးထဲမှ ရ၉ မျိုးတွင် Rhodamine B ဓါတုဆိုးဆေး ပါဝင်နေသည့်အတွက် မစားသုံးရန် ပိတ်ပင်တားမြစ်ထားပြီး  လို်က်နာဆောင်ရွက်မှုမရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟု မေလ ၁ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

၎င်းဆိုးဆေးတွင် ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးထားသော ဓါတုဗေဒ ပစ္စည်းဖြစ်ပြီး ရောဂါပိုး ရှာသည့်နေရာတွင် အသုံးပြုသော ဓါတ်ခွဲခန်းသုံးဆေးများဖြစ်ကာ ထိုဆိုးဆေးဖြင့် အညိုရောင်ဖြစ်နေသော ငါးပိများကို အပန်းရောင်ဖြင့် အမြင်လှစေရန် ဆိုးထားခြင်းဖြစ်ကြောင်း သိရသည်။

Rhodamine B ကို စားသုံးမိပါက အစာအိမ် လမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက် အာရုံကြော ထိုင်းမှိုင်းခြင်း စသည့် ဆိုးကျိုးများဖြစ်စေပြီး ရေရှည်တွင်လည်း ကင်ဆာရောဂါ ဖြစ်စေနိုင်သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်သော ကရင်နီဒုက္ခသည်စခန်း တခုနှင့် ကရင် ဒုက္ခသည် စခန်းများအားလုံးကို TBBC အဖွဲ့မှ လစဉ်လတိုင်း ထိုင်းနိုင်ငံမှ ထုတ်လုပ်သော ရေကျိုငါးပိ ထုတ်ပေးနေလျှက်ရှိပါသည်။

Most read this week