လွိုင်ကော်မြို့တွင်ဖွင့်လှစ်ထားသည့် ကရင်နီအမျိုးသားတိုုးတက်ရေးပါတီ KNPP ဆက်ဆံရေးရုံုးအား မေလ ၃၁ရက်နေ့ နောက်ဆုံုးထား ရွှေ့ပြောင်းပေးရန် ကယားပြည်နယ်အစိုုးရမှ ဒုုတိယအကြိမ် စာ ရောက်ရှိလာသည့်အတွက် ရွှေ့ပြောင်းပေးခဲ့သည်ဟု ပြောခွင့်ရရှိသူ KNPP လွိုင်ကော်ဆက်ဆံရေးရုံုးပြောခွင့်ရ ဆရာပလုရယ်ကပြောသည်။
“သူတို့ပြောတာ နိုင်ငံတော် သမ္မတရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ၀န်ထမ်းတွေ ထပ်ခန့်ဖို ့ရှိတယ်ပေါ့။ ဒီမြေကို ၀န်ထမ်းအိမ်ရာအတွက် လျာထားတယ်ပြောတယ်။ ဒီလအတွင်း ရုံးရွှေ့ပြောင်းပေးဖို ့စာ ၂ စောင်ရောက်လာပြီ။ စာမှာ (အမြန်ဆုံး) –(အမြန်ဆုံး)ရွှေ့ပေးဖို ့ ပါနေလို ့လေ” ဟု ပြောသည်။
လွိုင်ကော်မြို ့၊ဒေါဥခူရပ်ကွက် ပြည်နယ်ဧည့်ရိပ်သာအဝင်းတွင် ယာယီဖွင့်လစ်ထားသည့် KNPP ဆက်ဆံရေးရုံးအား လွိုင်ကော်မြို့ နောင်ယား(က) စျေးအနီးတွင် ယမန်နေ့က ရွှေ့ပြောင်းပေးခဲ့ရခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ် မတ်လတွင် အပစ်အခတ် ရပ်စဲရေးလက်မှတ်ထိုုးထားပြီးနောက် ပြည်နယ်ဧည့်ရိပ်သာအဝင်း အဆောက်အဦးတလုံုးတွင် ဆက်ဆံရေးရုံးအတွက် အစိုးရမှ ၆ လာသာ ယာယီနေထိုင်ခွင့် ပေးထားခဲ့ခြင်းဖြစ်ပြီး KNPPမှ ဘတ်ဂျက်အခက်အခဲရှိနေခြင်းကြောင့် ရုံးအသစ်အား အမြန်ဆုံးပြီးစီးအောင် ဆောက်လုုပ်နိုုင်ခြင်း မရှိခဲ့ကြောင်းသိရသည်။
လက်ရှိပြောင်းရွှေ့လာသည့်နေရာသည် ရုံုးအဆောက်အဦးများတဝက်တပျက်ဆောက်လုုပ်နေဆဲရှိပြီး အဆောက်အဦးများပြီးစီးရန် သုံုးလခန့်ကြာမြင့်နိုုင်မည်ဟုုသိရသည်။
“အခုုက ကျောပိုုးအိတ်မိုုဘိုုင်းရုံုးပေါ့” ဟုု ဆရာပလုုရယ်က ပြောသည်။
နှစ်ဘက် အပစ်အခတ်စတင် ဆွေးနွေးစဉ်အချိန်တွင် အစိုးရဘက်မှ KNPP ဆက်ဆံရေးအဆင်ပြေစေရန် ရုံးများကိုလည်း တည်ဆောက်ပေးမည်ဟု ပြောဆိုဆွေးနွေးမှုများ ရှိခဲ့ကြသော်လည်း အကောင်အထည် မဖော်နိုုင်ကြောင်းပြောဆိုုသည်။



