မကြာခင် ရောက်လာမည့် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲတွင် မြန်မာ တပြည်လုံး ကြံုတွေ့နေရသော အခက်အခဲများ ကြောင့် NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) က လက်ခံလိုက်ကြောင်း သိရပါသည်။
ယခင်က NLD တောင်းဆိုထားသည့် အချက် ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားလွှတ်ပေးရန်၊ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ ရွေးကောက်ပွဲတွင် အလွှာအသီးသီးပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် စသည့် အချက် ၃ ချက်ကို ခြွင်းချက်ဖြင့် လက်ခံလိုက်သည်ဟု ၂၉ ရက် နေ့တွင် အဖွဲ့ချုပ်က ကြေညာလိုက်ခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပြီး အဆိုပါရလဒ်ကို အစိုးရက အကောင်အထည်မဖော်ဘဲ ရွေးကောက်ပွဲပြုလုပ်ပါက အဖွဲ့ချုပ်အနေဖြင့် လက်မခံနိုင်ကြောင်း ယခင်က ကြေညာထားခဲ့သည်။
၂၀၁၀ ရွေးကောက်ကို NLD က ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက အနိုင်ပြန်ရရန််မလွယ်ကြောင်း တိုင်းရင်းသား ပါတီ တခုဖြစ်သော ကရင်နီ အမျိုးသား တိုးတက်ရေး (ကေအဲန်ပီပီ) ပါတီ ဥက္ကဌ ခူထဲဘူးဖဲက ဆိုသည်။
“ အဲဒီ ဒီမိုကရေစီ အဖွဲ့ချုပ် အနို်င်ရဖို့တော့ အခက်အခဲရှိပါတယ်၊ မလွယ်ပါဘူး၊ အန်အယ်လ်ဒီ တွေက ရွေးကောက်ပွဲ ဝင် ဖို့ဆွေးနွေးကြတယ်၊ ဆွေးနွေးကြတော့ ဒီဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မလွတ်ပေးလို့ရှိရင် မဝင်ဘူးလို့ပြောကြ တာပဲ၊ နောက် ၉၀ ခုနှစ်က ဒီရွေးကောက်ပွဲရဲ့ ရလဒ်ကိုလည်း အသိအမှတ် မပြုဘူးဆို လို့ရှိရင်လည်း မဝင်ဘူး။ အဲတော့ အကယ်၍ ဝင်လို့ရှိရင်လည်း သူတို့အနို်င်ရဖို့ အလားအလာ သိပ်မရှိဘူးလေ ” ဟု ဥက္ကဌ က ဆိုသည်။
NLD နှင့် စစ်အစိုးရ ကျင်းပသည့် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ SSA တောင်ပိုင်းပြောရေးဆိုခွင့်ရှိသူ တဦးက “ ကျ နော်တို့ ၂၀၁၀ ရွေးကောက်ပွဲ အပေါ်မှာ ကျနော်တို့ အမြင်သဘောထားအနေနဲ့က ဒီရွေးကောက်ပွဲကိုတော့ ကျနော်တို့ ဆန့်ကျင်ကန့်ကွက် ခြင်းမရှိိပါဘူး၊ ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်နည်းလုပ်ဟန်ကိုတော့ ကျနော်တိို့ ကန့်ကွက်တာပေါ့နော်၊ ဒါ တရားလည်း မကျသေးဘူး၊ ပြီးတော့ ဒီမိိုကရေစီနဲ့ လည်းမကိုက်ညီဘူးလို့ ကျနော်တို့က မြင်တာပေါ့ ” ဟု SSA တောင်ပိုင်း ပြောရေးဆိိုခွင့်ရှိသူ စိုင်းဆိုင်မိဏ်းက ဆိုသည်။
ပြီးခဲ့သည့် အမျိုးသားဒီမိိုကရေစီအဖွဲ့ချုပ် အစည်းအဝေးတွင် ညီလာခံကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များ၊ ပြည်နယ်နဲ့တိုင်းစည်းရုံးရေးအဖွဲ့ဝင်များ၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့၊ အမျိုးသမီးအဖွဲ့၊ လူငယ်လုပ်ငန်းဖော်ဆောင်ရေး အဖွဲ့ဝင်များ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ ပြင်သစ်အစ ရှိတဲ့ နိုင်များမှ သံတမန်များလည်း တက်ရောက်ခဲ့သည်ဟု သိရပါသည်။



