ကိုယ်ဝန် ၈ လလွယ် အမျိုးသမီးသတ်ဖြတ်ခံရ

ကိုယ်ဝန် ၈ လလွယ် အမျိုးသမီးသတ်ဖြတ်ခံရ
by -
ခိုနူမ်းထုန်

ချင်းပြည်နယ်မြို့တော်ဟားခါး၊ မြို့ဟောင်းရပ်ကွက်နေ ရဲဘက်စခန်းတွင် ၁၀ နှစ်ကြာ အကျဉ်းချခံရဘူးသူ  အသက် ၅၇ နှစ်အရွယ် Pu Suitling (ခ) Saila ဆိုသူသည် ၈ လ ကိုယ်ဝန်လွယ်ထားသူ Pi Biak Zing (43) အား ယနေ့နံနက် ၆း၃၀ ခန့်က သတ်ဖြတ်လိုက်သည်ဟု သိရသည်။

သေဆုံးသူသည် အမှုကျုးလွန်သူ Pu Suitling ( saila) ၏ အစ်ကိုတော်သူ Pu Maung Aung Myint ၏ ဇနီးဖြစ်ပြီး ဥယာဉ်ခြံပေါင်းရှင်းရန်ဟု ဆွဲခေါ်ကာ အိမ်နားဥယာဉ်ခြံ အရောက်တွင် ညာဖက်နောက်စေ့တွင် ပုဆိန်ဖြင့် သုံးချက်တိတိရိုက်ပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်ဟု ဆွေမျိုးအသိုင်းအဝိုင်းမှပြောသည်။

khonumthung12051401

Pu Suitling အကျဉ်းထောင်မှ လွတ်လာပြီးနောက်ပိုင်း ၄င်း၏ အစ်ကို Pu Maung Aung Myint မိသားစုနှင့် အတူနေထိုင်စဉ် သေဆုံးသူကလေးငါးဦးမိခင်   Pi Biak Zing နှင့် ရည်ငံခဲ့ပြီး လင်ဟောင်းဖြစ်သူ Pu Maung Aung Myint နှင့် ကွာရှင်းခဲ့ကြသည်။

သို့သော် Pu Suitling ခရီးလွန်နေစဉ်  ၄င်း၏ လင်ဟောင်း Pu Maung Aung Myint နှင့် ပြန် လည် ပေါင်းသင်းခဲ့သဖြင့်  ယခုလို သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း ဆွေမျိုးအသိုင်းအဝိုင်းများသုံးသပ် သည်။

ယခု Pi Biakzing  လွယ်ထားသည့် ကိုယ်ဝန်သည်လည်း Pu Suitling နှင့် ရရှိသည့် ကိုယ် ၀န်ဖြစ်ကြောင်း အမည်မ ဖော်လိုသူ တဦးက ဆိုသည်။

Pu Suitling အမှုသည် ပုဒ်မ ၃၀၂ လူသတ်မှုမြောက်သဖြင့် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့က သုံးဖွဲ့ခွဲကာ အပူတပြင်း လိုက်ရှာနေကြကြောင်း ပြစ်မှုကျုးလွန်သူအား ဖမ်းဆီးပြီး ချက်ချင်း အမှုဖွင့်မည်ဖြစ်ကြောင်း မြို့နယ် ဒုတိယ ရဲမှူး Pu Khenhrang က ပြောသည်။

Most read this week