KNU နှင့် အစိုးရ ရောနှောအုပ်ချုပ်သည့်ရွာများသာ သန်းခေါင်စာရင်းအပြည့်ကောက်နိုင်

KNU နှင့် အစိုးရ ရောနှောအုပ်ချုပ်သည့်ရွာများသာ သန်းခေါင်စာရင်းအပြည့်ကောက်နိုင်
by -
နန်းချောင်ဖော

အစိုးရကောက်ခံနေသည့် သန်းခေါင်စာရင်းကို ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်တွင် အစိုးရနှင့် ကေအဲန်ယူတို့ နှစ်ဖက်ရောနှော အုပ်ချုပ်သည့် နယ်မြေတွင်သာ သန်းခေါင်စာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့ကြောင်းသိရသည်။

“သန်းခေါင်စာရင်းကို နှစ်ဖက်ရောနှောအုပ်ချုပ်တဲ့နယ်မြေမှာတော့ ကျနော်တို့တတ်နိုင်သလောက် ကျနော်တို့လူတွေ လွှတ်ပြီးတော့ ဝိုင်းကူပါတယ်၊ သန်းခေါင်စာရင်းကောက်တဲ့နေရာတွေကိုလည်း ကျနော်တို့ လူတွေထည့်ပြီးတော့ ကူညီစောင့်ကြည့်တာတွေ လုပ်တာတွေရှိတယ်၊ အဲဒီအတွက်တော့ ဘာမှ ပြသနာမရှိဘူး၊
ဒါပေမယ့် ရွာပုန်းရွာရှောင် ရှိတဲ့ နေရာမျိုးကျတော့ မြန်မာအစိုးရအဖွဲ့ကိုပေးမဝင်ဘူး” ဟုတောင်ငူခရိုင် ဥက္ကဌပဒိုစောအယ်ဝါးက ပြောသည်။

ထိုသို ့ပေးမဝင်ရခြင်းမှာ တပ်မဟာ (၂) နယ်မြေကို အစိုးရက စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ် ထားသည်ကိုရုပ် သိမ်းခြင်းမရှိသည့်အတွက် လုံခြုံရေးအားနည်းကာ သွားလာရေးအတွက် လုံခြုံရေးများလို အပ်သေးခြင်းကြောင့် ဝင်ရောက်ကောက်ယူခွင့်မပေးခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်ကပြောဆို်သည်။

သို ့သော် ပြည်တွင်း ငြိမ်းချမ်းရေးကိုရှေ့ရှုသောအားဖြင့် ပူပေါင်းဆောင်ရွက်မှုကိုအစိုးရနှင့် အတတ်နိုင်ဆုံး လုပ်ဆောင်နေပြီး ကေအဲန်ယူဘက်မှ သန်းခေါင်စာရင်းကောက်သင်တန်းတက် ရောက်ပြီးသူများဖြင့်
ကောက်ယူခဲ့သော်လည်း ယခင်က ဒေသခံပြည်သူတွေနှင့် ညှိနှိုုင်းဆောင််ရွက်မှု မရှိခြင်း၊ ဒေသအတွင်း တောင်ကုန်းပေါများသည့်အတွက် သွားလာရခက်ခဲခြင်းကြောင့် မှန်ကန်ပြည့်စုံသည့် စာရင်းထွက်ရန် မလွယ်ကူကြောင်း ၎င်းကဆက်ပြောသည်။

 “ကောက်ပေးမယ်ဆိုတဲ့ နေရာကျတော့ ရသလောက်ကောက်ပေးမယ်၊ ဒါပေမယ့် သူတို ့ပေးထားတဲ့ ရွာစာရင်း တွေရှိတယ်၊ ကျေးရွာအုပ်စုနာမည်တွေပေါ့လေ၊ အဲ့ရွာနာမည်တွေ ကတကယ့်မြေပြင်ပေါ်မှာရှိတဲ့ ရွာနာမည်တွေနဲ ့ကွဲလွဲမှုရှိတယ်၊ သူတို ့က မြေပြင်အနေအထားကိုမသိဘဲနဲ့ လက်ရှိပကတိအနေအထားကို မသိဘဲနဲ့ တဆင့်ခံကနေယူထားတဲ့ ရွာစာရင်းတွေရှိတယ်၊ သူတို ့ပေးတဲ့ ရွာတွေမရှိတော့ ကျနော်တို ့ကဘယ်လိုမှ မကောက်တတ်ဘူး ” ဟု ပဒိုစောအယ်ဝါးက ဆိုသည်။

တောင်ငူဒေသတွင် အစိုးရတပ်ဘက်ကစစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားသည့်ဒေသများမှာ တောင်ငူနှင့် ဘောဂလိရွာအကြား မိုင်နှစ်ဆယ်မှစ၍ ကေအဲန်ယူတပ်မဟာ (၅) ခေးပူဒေသအထိပါဝင်ကြောင်း၊ တပ်မဟာ (၂) တောင်ဘက်ခြမ်းရှိမော်နီပွားဒေသ၊ သံတောင်ကြီး မြို့နယ် သောက်ရေခတ်ချောင်းအနောက်ဘက်ခြမ်း တို့ဖြစ်သည်။

လက်ရှိတွင် တနိုင်ငံလုံးသန်းခေါင်စာရင်းကောက်ယူလျှက်ရှိရာ ဧပြီ ၉ ရက်နေ ့ထိ ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်း ရ၂ ရာခိုင်နှုန်းနှင့် ပဲခူးတိုင်းဒေသကြီးတွင် ၈၀ ရာခိုင်နှုန်းကျော်ကောက်ယူပြီးစီး သွားပြီးဖြစ် ကြောင်း၊ တနိုင်ငံလုံးတွင် အိမ်ထောင်စုပေါင်း ကိုးသန်းခွဲကျော်ကောက်ယူနိုင်ခဲ့ကြောင်း ဗဟိုသန်းခေါင်စာရင်း ကောက်ယူမှုကော်မရှင်မှ ထုက်ပြန်ချက်များအရသိရသည်။

လွန်ခဲ့သည့် ဇန်နဝါရီ ၁၄ ရက်နေ့ ကရင်ပြည်နယ်၊ ဘားအံမြို ့ရှိ ပြည်နယ်အစိုးရရုံးတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန််ရေးအဖွဲ့များနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီတို့ တွေ့ဆုံမှုအပြီးတွင် သန်းခေါင်စာရင်းကောက်ယူရေး အတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကေအဲန်ယူက လက်ခံခဲ့ခြင်းဖြစ်သည်။

Most read this week