ကော့ဂရိတ်မြို့နယ် ကျေးရွာများတွင် သန်းစာရင်းကောက်ယူရန် ရွာသားများကိုစုကာ ကောက်ယူနေ

ကော့ဂရိတ်မြို့နယ် ကျေးရွာများတွင် သန်းစာရင်းကောက်ယူရန် ရွာသားများကိုစုကာ ကောက်ယူနေ
by -
နန်းဝေဖြိုးဇာ၊ နန်းချောင်ဖော့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ သမိတ်ဒွတ်ကျေးရွာတွင် သန်းခေါင်စာရင်း ကောက်ယူရန ်အတွက် ကျေးရွာရှိ သတ်မှတ်ထားသည့်နေရာတွင် လူထုများကို စုပြီး ကောက်နေယူကြောင်း ဒေသခံများကပြောသည်။

သမိန်ဒွတ်ကျေးရွာရှိ ဒေသခံ နော်ပေကလဲက " ကျမ အိမ်မှာတော့ သန်းခေါင်စာရင်း မလာကောက်ရ သေးဘူး၊ သန်းခေါင်စာရင်းက သူတို့ကိုယ်တိုင်လာမကောက်ဘူး သူတို့စုတဲ့နေရာမှာပဲသွားထည့် ရမှာပေါ့နော်၊ အခုလိုလုပ်ပေးတာတော့ အရမ်းကောင်းတယ်၊ သူတို့လာကောက်မဲ့အချိန်ကို အလုပ်ပျက်ခံပြီး စောင့်စရာမ လိုတော့ဘူး။ သူတို့ခေါ်တဲ့အချိန်မှာ ကိုယ်တိုင်သွားပြီးစာရင်းသွားထည့်ရုံပဲ  အချိန်မစောင့်ရတော့ကောင်းတယ်" ဟု ပြောသည်။

အဆိုပါသန်းခေါင်စာရင်းကောက်ရာယူရာတွင် ကျေးလက်ဒေသရှိ ကျေးရွာ အများစုသည် တစ်အိမ်နှင့် တစ်အိမ် ဝေးကွာသည့်အတွက် သန်းခေါင်စာရင်းလိုက်လံကောက်ယူသည့်ဆရာမများ အခက်အခဲရှိပြီး အချိန်ပိုကုန် သည်ဟု ကျေးလက်အုပ်ချုပ်ရေးမှူးများက ပြောသည်။

သမိတ်ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး မန်းမြအေးက "ကျွန်တော်တို့က ဒီအချိန်မှာ စာရင်းကောက် ဆရာမများ အတွက် တစ်ဖက်ကနေကြည့်ပေးရတယ်။ ဘာဖြစ်လဲဆိုတော့ ဒီအချိန်က နေလည်းပူတယ်၊ ရွာကလည်း တစ်အိမ်နဲ့တစ်အိမ်ဝေးတယ၊် အဲဒီတစ်အိမ်တက် တစ်အိမ်ဆင်းပြီး လိုက်ကောက်မယ်ဆိုရင် ပြီးမှာမဟုတ်ဘူး။
ဆရာမတို့လဲနေပူထဲသွားတာကို ခံနိုင်ရည် ရှိတော့မှာ မဟုတ်ဘူး။ အဲဒါကြောင့်သူတို့အတွက် ကြည့်ပေးပြီး အခုလို သတ်မှတ်တဲ့နေရာမှာ အစုလိုက်ရွာသားတွေကို လာထည့်ခိုင်းတာပါ" ဟုပြောသည်။

ယင်းသန်းခေါင်စာရင်းကောက်ယူရာတွင် ရွာသားများ၏ သဘောတူညီမှှုများကိုလည်း ရယူထားပြီး သတ်မှတ်ထားသည့်နေရာများတွင် လာရောက်ထည့်ခိုင်းရာ အခြားရွာများတွင်လည်း ထိုသို့ ဒေသခံများကို စုပြီး
သန်းခေါင်စာရင်ကောက်ယူမှုများလည်း ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

စာရင်းကောက်ဆရာမနန်းရီပြံုးက " ဒီလိုလုပ်ပေးတာ အရမ်းကိုကောင်းပါတယ်၊ တစ်အိမ်တက်တစ် အိမ်ဆင်းထက်စာရင်ကောင်းပါတယ်၊ အေးအေးဆေးဆေး မေးလို့ရတယ်၊ သူတို့နားလည်တဲ့အထိ ရှင်းပြပေးလို့ရတယ် " ဟု ပြောသည်။

စင်စစ် သန်းခေါင်စာရင်းကောက်ယူရန်အတွက် စာရင်းကောက် ဆရာမတစ်ဦးသည် ၎င်းကောက်ယူရမည့်
နယ်မြေ အတွင်းရှိ နေအိမ်တိုင်းကို တစ်အိမ်တက်တစ်အိမ်ဆင်းခြင်းဖြင့် စာရင်းကောက်ယူကြမည်ဖြစ်ကြောင်း လဝကမှ သိရသည်။

Most read this week