မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက သန်းခေါင်စာရင်းကောက်ယူမှုကို စောင့်ကြည့်

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက သန်းခေါင်စာရင်းကောက်ယူမှုကို စောင့်ကြည့်
by -
ချမ်းစွန်း

 အစိုးရ ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီအနေဖြင့် မွန်ပြည်နယ် မြို့နယ်များတွင် စောင့်ကြည့်သွားမည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောသည်။

“ကျနော်တို့ပါတီအနေနဲ့့စောင့်ကြည့်တယ်ဆိုတာက သူတို့တွေလာမကောက်ခင်နဲ့ ကောက်ပြီးတဲ့အိမ်တွေကို ဆရာမတွေရဲ့ဖြည့်သွင်းရေးသားချက်တွေဟာ ကိုယ်ဖြေလိုက်တာနဲ့တကယ်ရေးသားရဲ့လားဆိုတာပါပဲလေ၊ သူတို့တွေ ရေးသားတာကိုကြည့်လို့မရဘူးလေ” ဟုပြောသည်။

သန်းခေါင်စာရင်းကောက်ယူမှုကို အဓိကစောင့်ကြည့်နေသောဒေသများသည် ကျိုက်မရောမြို့နယ်၊ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ ချောင်းဆုံမြို့နယ်နှင့် တနင်္သာရီတိုင်း ရေဖြူမြို့နယ်တို့ဖြစ် ကြောင်းသူက ဆက်ပြောသည်။

ချောင်းဆုံမဲဆန္ဒနယ်မြေမှလွှတ်တော်အမတ် ဦးအောင်နိုင်ဦးက “ချောင်းဆုံဘက်မှာဆိုရင်ကျနော်ကိုယ်တိုင် ကားနဲ့သွားပြီး လူထုတွေကို ကိုယ့်တကယ်လူမျိူးအမှန်ကို ထည့်သွင်းဖြေဖို့လှုံ့ဆာ်ပေးခဲ့တယ်။ တချို့ဆိုရင် မွန်ပေါ့၊  ဒါပေမယ့် မွန်စကားမတတ်တော့ သူတို့က မွန်မဟုတ်တော့ဘူးလို့ခံယူထားတဲ့သူတွေကို ကိုယ်တကယ်ဖြစ်ချင်တဲ့ လူမျိူးအမှန်ကိုပြောနိုင်အောင်ပါ” ဟုပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည်၂၀၁၄ ခုနှစ် မတ်လ ၃၀ ရက်နေ့မှဧပြီလ ၁၀ ရက်နေ့ထိ ကောက်ခံမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် မွန်တမျိူးသားလုံးအား မိမိသည်မွန်လူမျိုးဖြစ်ကြောင်းကို မှန်ကန်ရဲဝ့ံစွာဖြေဆိုရန် မတ်လ ၁၁ ရက်  နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာထားခြင်းလည်းဖြစ်သည်။

Most read this week