မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး ကဏ္ဍများထဲမှ မီဒီယာ ကဏ္ဍကို ပြုပြင် ပြောင်းလဲ နေသော်လည်း တိုင်း ရင်း မီဒီယာ အခန်း ကဏ္ဍ၌ မှေးမှိန်လျက် ရှိနေသေး ကြောင်း ယနေ့ ရန်ကုန်မြို့ရှိ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအ သင်းချုပ် (UNFCCI) ခန်းမ ၌ ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အပြည် ပြည် ဆိုင်ရာ မီဒီယာ ကွန်ဖရင့်၌ ၄င်းမှ ပြောကြား သွားခဲ့ခြင်း ဖြစ်ပါသည်။
“ကျနော်တို့ ဝန်ခံ ရမှာက တိုင်းရင်းသား မီဒီယာ အခန်း ကဏ္ဍတွေ မှေးမှိန် နေပါတယ်၊ မီဒီယာ အကြီး တွေက ရန်ကုန် မှာ အခြေစိုက် လုပ်ကြတာ များပြီး မြို့ပေါ် လူတန်း စားတွေ စိတ်ဝင်စားတဲ့ စျေးကွက် လောက်နဲ့ ရောင်း တန်းဝင် အကြောင်းအရာ တွေကိုသာ ရှာဖွေ တင်ပြ ကြတယ်လေ။ ဒါပေမဲ့ မြန်မာနိုင်ငံ တနံ့တလျားက တိုင်းရင်းသား ဒေသ တွေရဲ့ အဖြစ်အပျက် တွေကိုတော့ ဖော်ထုတ် ရေးသားတာ အားအလွန် နည်းနေပါတယ်” ဟု ၎င်း၏ မိန့်ခွန်း တွင် ထည့်သွင်း ပြောကြား သွားခဲ့သည်။
၎င်းအားနည်း ချက်ကို ပြဌာန်း သွားမည့် မီဒီယာ ဥပဒေ များထဲ ၌ တိုင်းရင်း မီဒီယာများ ဖွံဖြိုး တိုးတက်ရေး အတွက် အခြေခံ ကျသည့် အချက် များအား ထည့် သွင်း ရေးဆွဲ ထားကြောင်း၊ ဤသို့ကြောင့် မြို့ပေါ်နှင့် ကျေးလက်၊ နယ်စပ် ဒေသနေ ပြည် သူ များ အကြား သတင်းအချက် အလက် ဆိုင်ရာ နောက်ကောက် ကျမှု၊ အသိပညာ ဗဟု သုတ ဆိုင် ရာ နောက် ကောက် ကျမှု အခြေအနေ တို့အား ဖြေရှင်း သွားနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုပါ သည်။
“ Information Gap ဖြစ်နေတယ်၊ Knowledge Gap ဖြစ်နေတယ် ၊ ဒီအခြေ အနေကို အတတ် နိုင်ဆုံး ထိန်းညှိ နိုင် အောင် အတွက် ကျေးလက်နေ ပြည်သူတွေ ဆီကို သတင်း အချက် အလက်တွေ ပိုမို စီးဆင်း နိုင်အောင် လုပ်ဆောင် ပေးဖို့ လိုပါတယ်၊ ဒီအားနည်း ချက် အပိုင်းကို ဖြည့်ဆည်း နိုင်ဖို့ ဆောင်ရွက် သွားရ မယ်” ဟု ဦးရဲထွဋ်က မိန့်ခွန်း၌ ထည့်သွင်း ပြောကြား သွားပါသည်။
မြန်မာ နိုင်ငံ၏ ပြည်မ မီဒီယာ လောက၌လည်း မီဒီယာ သင်တန်းကျောင်းများ စနစ် တကျ ဖွင့်လှစ် သင်ကြားနိုင် သေး ခြင်း မရှိသေးပဲ ၊ လုပ်ငန်းခွင် အတွေ့ အ ကြံု လုပ်ငန်းခွင် သင်တန်း များဖြင့်သာ ဆောက်ရွက် နေရလျက် ရှိကြောင်း ထောက်ပြ ခဲ့သည်။ထို့ပြင် ပွင့်လင်း လာသည့် မီဒီယာ လောက၌ ကျင့်ဝတ် ဆိုင်ရာ အားနည်းချက် များနှင့် သတင်း ထောက်များ၏ အ ရည် အချင်းပိုင်း ဆိုင်ရာ အားနည်း ချက်များလည်း ရှိနေဆဲ ဖြစ်ကြောင်း ဆိုပါသည်။
တချိန်ထဲတွင် ၀န်ကြီး ဦးရဲထွဋ် သည် ပြည်ပ၌ အခြေစိုက် ထားသည့် တိုင်းရင်းသား မီဒီယာ အများစု ပါ၀င်သည့် သ တင်း မီဒီယာ (၁၂) ဖွဲ့ဖြင့် ဖွဲ့စည်းထား သည့် မြန်မာ သတင်း အင်တာနေရှင်နယ် (BNI) အဖွဲ့အား ပြည်တွင်း၌ ဝင် ရောက် လုပ်ကိုင်ရန် ဖိတ်ခေါ်ခဲ့ ပါသည်။
သို့သော်လည်း BNI အဖွဲ့အစည်း အနေဖြင့် တိုင်းရင်းသား မီဒီယာ အဖွဲ့ များ ဖွံဖြိုး တိုးတက်စေရေး အတွက် အ သင်းအဖွဲ့ ဖွဲ့စည်းခွင့် ဆိုင်ရာ လျှောက်ထား ခဲ့သည်ကို ပြန်ကြားရေး ဝန်ကြီး ဌာနမှ ခွင့်ပြုချက် မပေး ခဲ့သေး ကြောင်း ရန်ကုန်မြို့ရှိ BNI ရုံးထံမှ ဆိုပါသည်။
ရန်ကုန်မြို့တွင် ကျင်းပနေသည့် ၂၀၁၄ ခုနှစ် အပြည် ပြည်ဆိုင်ရာ မီဒီယာ ကွန်ဖရင့်သည် နုုိင်ငံပေါင်း ၃၁ နုုိင်ငံမှ သတင်း မီဒီယာ သမား ၃၀၀ ကျော် တ က် က်ရောက်နေ ပြီး မတ်လ ၁၀ ရက်နေ့မှ (၁၂) ရက်နေ့ အထိ ၃ရက်ကြာ ကျင်းပမည် ဖြစ်ပါသည်။ ယင်းညီလာ ခံဖွင့်ပွဲ သို့ ဒေါ်အောင် ဆန်းစုကြည် လည်း တက်ရောက်ပြီး မြန်မာ့ မီဒီယာ ၏ လွတ်လပ်မှု အခြေအနေ နှင့် တာဝန်ခံမှု ကို ထောက်ပြ သွားပါသည်။
“မီဒီယာလော ကဟာ ပြီးပြည့်စုံုတဲ့လွတ်လပ်မှု မရှိသေးဘူး။ သတင်းမီဒီယာ သမားတွေ အနေနဲ့မိမိတိုု့ရေး သား ဖေါ်ပြချက်တွေ အပေါ် တာဝန်ယူမှု၊ တာဝန်ခံ မှုရှိဖို့လိုအပ်နေတယ်။” ဟု တိုက်တွန်း ပြောကြား ခဲ့ပါသည်။
ထို့ နည်းတူ မြန်မာ့ မီဒီယာ အပြောင်း အလဲသည် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု နှင့် အတူ ဖွံ့ဖြိုးလာ ခဲ့ပြီး ဤ နိုင် ငံရေး ပြုပြင် ပြောင်းလဲမှု ၌ မီဒီယာ အခန်းကဏ္ဍ ကို အသုံးဝင်သည့် လက်နက် တစ်ခု သဖွယ် အသုံးပြု နိုင်ပါကြောင်း ထိုင်း သတင်းစာ ဆရာ Kavi Chongkittavorn မှလည်း ထောက်ပြ ခဲ့ပါသည်။
အစိုးရသည် လက်ရှိ မြန်မာနိုင်ငံ ၏ မီဒီယာ လုပ်ငန်းဂွင်တွင် နေ့စဉ်ထုတ် သတင်းစာ (၁၈) စောင်နှင့် အပတ်စဉ် ထုတ် ဂျာနယ် (၃၈၉) စောင် အား ထုတ်ဝေ ခွင့် ပေးလျက် ရှိပြီး ၎င်းထဲတွင် တိုင်းရင်းသား ဂျာနယ် (၉) ခုသာ ပါဝင်ခဲ့ ပါသည်။
နိုင်ငံ တနိုင်ငံ အတွက် လွတ်လပ်သော မီဒီယာ ဖြစ်လာရေး တွင် သက်ဆိုင်ရာ အစိုးရ ဌာနများ၏ ပါ၀င်လာမှု သည် လည်း အရေးကြီး လှပါသည်။ သို့သော် လည်း လက်ရှိမြန်မာ နိုင်ငံတွင်မူ ဘယ်သတင်း ဌာနမှ လွဲပြီး ဆက်ဆံခြင်း မ ပြုလုပ်ရ ဟူသည့် အ စိုးရ ၀န်ကြီး ဌာနများ အား သက်ဆိုင်ရာမှ အမိန့်စာ ထုတ် ထား ခဲ့သည် အထိ ရှိခဲ့သည် ဟု သတင်းထောက် များက ဆိုကြပါသည်။
မည်သို့ပင်ဆိုစေ ဤ အခြေအနေမှ တိုးတက်လာ စေရန် ပြန်ကြားရေး ဝန်ကြီး ဌာနမှ ကြီးမှူးပြီး အစိုးရ ဌာန ဆိုင်ရာ များအား မီဒီယာ များနှင့် ပြေပြစ်စွာ ဆက် ဆံ နိုင်ရေး ကို ရည်ရွယ်ကာ (၁၀) ကြိမ်ခန့် သင်တန်းများ ပေးခဲ့ပြီး ဖြစ် ကြောင်း ဦးရဲထွဋ်မှ ဆိုသွားခဲ့သည်။ လိုအ်ပသည့် သတင်းမီဒီယာ ဥပဒေနှင့် ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ နှစ်ခုကိုလည်း မတ်လ (၄) ရက်နေ့ ၌ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု ပြဌာန်း ပေးခဲ့ပြီး ဖြစ်ပါ သည်။
ဤမီဒီယာ ကွန်ဖရင့် သည် အမေရိကန် နုုိင်ငံ အခြေစိုုက် East-West Center မှ ကျင်းပသည့် နုုိင်ငံတကာ သတင်း မီဒီယာ ညီလာခံဖြစ်ပါသည်။ ၂၀၁၄ ခုနှစ် အတွက် ကျင်းပခဲ့သော ဤ အပြည်ပြည် ဆိုင်ရာ မီဒီယာ ကွန်ဖရင့်သည် မြန်မာနိုင်ငံ အတွက် ပထမဦးဆုံး ကျင်းပခြင်း ဖြစ်ပါသည်။



