KNPP အရေးပေါ်အစည်းအဝေး အချက်(၅)ချက်ချမှတ်

KNPP အရေးပေါ်အစည်းအဝေး အချက်(၅)ချက်ချမှတ်
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ဗဟိုကော်မီတီအရေးပေါ် အစည်းအဝေးတရပ်ကို ကရင်နီဗဟို ဌာနချုပ်တွင် ယမန်နေ့က ကျင်းပပြုလုပ်ပြီး အစိုးရနှင့် ထပ်မံတွေ့ဆုံရာမှာ အဓိကဆွေးနွေးရမည့် အချက်ငါးချက် သဘောတူချမှတ်လိုုက်သည်။

အဆိုုပါ အရေးပေါ်အစည်းအဝေးက တပ်ပိုင်းဆိုင်ရာကိစ္စရပ်၊ တစ်ပြည်လုံးအတိုင်းအတာဆောင် အပစ်အ ခတ် ရပ်စဲရေးအပေါ် ကေအဲန်ပီပီသဘောထား၊ ဒေသကြီးကြပ်စောင့်ကြည့်ရေးနှင့် ပူးတွဲကြီးကြပ်စောင့်ကြည့် ရေး၊ အပစ်ခတ်ရပ်ထားသည့်ကာလအတွင်း ရင်ဆိုင်နေရသည့် ပြဿနာများနှင့် နိုင်ငံရေး အာမံခံချက်ရှိသည့် ဖယ်ဒရယ်တည်ဆောက်ရေးကိစ္စများကိုု မူအားဖြင့် သဘောတူဆုံုးဖြတ်ကြသည်။

"အခုကတော့ ကျနော်တို့ အရေးပေါ်အစည်းအဝေးကနေ ထပ်မံပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့မှာ တွေ့မယ်လို့ ဆုံးဖြတ်လိုက်တယ် တွေ့တဲ့အခါမှာလည်း ကျနော်တို့ သူတို့နဲ့ အကြမ်းအားဖြင့် ကျနော်တို့ အကြောင်းအရာ ၅ ချက်ဖြင့် ဆွေးနွေးသွားဖို့ရှိတယ် အဓိကကတော့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးသွားဖို့ရှိတယ်" ဟုု KNPP အတွင်းရေးမှူး - ဦးအောင်ဆန်းမြင့် က ပြောသည်။

အပစ်ခတ်ရပ်စဲရေးလုုပ်ငန်းစဉ်များနှင့် ပါတ်သက်၍ ထိုုင်းနယ်စပ်ရှိ ကရင်နီဒုုက္ခသည်စခန်းများမှလူထုများ အကြား ရှင်းလင်းပွဲပြုလုုပ်ပြီးနောက် ယခုုလိုုအရေးအပေါ်အစည်းအဝေးတရပ်ခေါ်ယူခြင်း ဖြစ်သည်။

KNPPနှင့်အစိုုးရအကြား ပြည်နယ်အဆင့်မှ ပြည်ထောင်စုုအဆင့်ထိ သုံုးကြိမ်တိုုင်တိုုင် တွေ့ဆုံုခဲ့ပြီးဖြစ်သော် လည်း ယနေ့အထိသေချာရေရာသည့် တပ်ပိုုင်းဆိုုင်ရာ   ရှေ့ဆက်လုုပ်ငန်းများ လုုပ်ဆောင်ရာမှာအခက် အခဲများရှိနေကြောင်း ဦးအောင်ဆန်းမြင့်ကပြောသည်။

သူက"ဒီတကြိမ်မှာတော့ ကျနော်တို့ကတော့ အဖြေကို တိတိကျကျလေးသိချင်တယ် ဒီလိုမျိုးသိမှပဲလာမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေး အတွက် တပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးကို ထိုးသင့်မထိုး သင့်ဆိုတာ ကျနောတို့ကဆုံးဖြတ်ရမယ့် အနေအထားရှိတယ်" ဟု ပြောသည်။

နှစ်ပေါင်း ၆၀ကျော် လက်နက်ကိုုင် တော်လှန်တိုုက်ခိုုက်လာသည့် KNPP သည် ပြီးခဲ့သည့် မေလက အစိုုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုုးထားပြီး အစိုုးရမှ ခေါ်ယူကျင်းပမည့် တပြည်လုံုးအတိုုင်း အတာဆောင် အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုုးပွဲကိုု တက်ရောက်မည်မဟုုတ်ကြောင်း ငြင်းဆိုုထားသည်။

Most read this week