မွန်အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍကို မွန်ပြည်သစ် ပါတီမှ ဦးဆောင် ပေးရန် ထိုင်းနိုင်ငံရောက် မွန်အမျိုးသား တို့က ယမန် နေ့က ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်းခရိုင် မဟာချိုင် ဒေသတွင် ကျင်းပသော တွေ့ဆုံ ပွဲတွင် တင်ပြ တောင်းဆို ခဲ့ကြောင်း မွန်ပြည်သစ် ပါတီ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ နိုင်ဟံသာဗိုန်ခိုင် က ပြောသည်။

“အဓိက ကတော့ မကြာ သေးမီကပြီးဆုံး သွားတဲ့ တိုင်းရင်းသား ညီလာ ခံမှ ရရှိ ထားတဲ့ သဘော တူညီချက် တွေကို ပြန်လည် ရှင်းလင်းတဲ့ပွဲစဉ် တစ်ခု ပါဘဲ။ နောက်ပြီး သူတို့ရဲ့ အမြင်တွေ ပြန်လည် ရယူ ခဲ့တယ်” ဟု နိုင်ဟံသာ ဗိုန်ခိုင်က ဆိုပါသည်။
တွေ့ဆုံပွဲ တက်ရောက် လာသူ များက မွန်အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍအား မွန်ပြည်သစ် ပါတီက ဦးဆောင် ပေးရန်၊ ပြည်တွင်းရှိမွန် ၂ ပါတီ ပူးပေါင်း ရေးကိုလည်း ဦးဆောင် ပေးရန်၊ မူးယစ်ဆေးဝါး တိုက်ဖျက် ရေးကိုလည်း အစဉ်တစိုက် ပြုလုပ် ပေးရန်နှင့် မြိတ်ခရိုင် ဒေသတွင် နှစ်ဖက် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲ တို့ကို အမြန် ဖြေရှင်း ပေးရန်တို့ အကြံ ပြုချက်များ တင်ပြ ခဲ့ကြသည်ဟု ကိုယ်စားလှယ် အဖွဲ့က ပြောသည်။
ယင်းမဟာချိုင်၌ ပြုလုပ်သည့် တွေ့ဆုံ ပွဲသို့ မြန်မာ နိုင်ငံမှ လာရောက် အလုပ် လုပ်ကိုင် နေကြသည့် မွန်အမျိုးသား စုစုပေါင်း (၄၀၀) ဦးခန့် တက်ရောက် ခဲ့ကြသည်။
မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် အဖွဲ့ကို ပါတီ ဥက္ကဌ နိုင်ထောမွန် ကိုယ်တိုင် ဦးဆောင်ကာ နိုင်ဟံသာဗွန်ခိုင်၊ နိုင်စိုးညွန့်နှင့် အဖွဲ့ဝင် စုစုပေါင်း ရ ဦး ပါဝင်သည်။ ယမန်နေ့က မဟာချိုင် အရပ်၌ လည်ကောင်း၊ နွန်းထပူရီ ခရိုင် မွန်အမျိုးသားများ နေထိုင် ရာ ကော့ကရစ်ခေါ် ကရစ်ကျွန်း သို့ သွားရောက် တွေ့ဆုံကာ ရှင်းလင်း တင်ပြ ခဲ့ပါသည်။
မွန်ပြည်သစ် ပါတီ ကိုယ်စားလှယ် အဖွဲ့ တို့သည် ထိုမတိုင်ခင် သြဂုတ်လ (၃) ရက်နေ့က ဗန်ကောက် မြို့ပေါ်ရှိ မွန်အမျိုးသား များနှင့် လည်းကောင်း၊ (၂) ရက်နေ့၌ နှစ်ဖက် တိုက်ပွဲ ဖြစ်ပွား ခဲ့သည့် ထိုင်းတောင်ပိုင်း ပရဇွပ်ခီရီခန် ခရိုင် ဝန်းကျင်ရှိ မွန်အမျိုးသား များနှင့် လည်းကောင်း၊ (၁) ရက်နေ့က ဗန်ကောက် မြို့ရှိ မွန်သံဃာတော် များနှင့် လည်းကောင်း အသီးသီး သွားရောက် တွေ့ဆုံခဲ့ပြီး ဖြစ်ကာ ရှင်းလင်း တင်ပြ ခဲ့ပြီး ဖြစ်သည်ဟု သိရှိ ရသည်။



