ဒေါ်စုအား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီဝင် သတ်မှတ် ပေးသင့်ဟု RCSS ဆို

ဒေါ်စုအား ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီဝင် သတ်မှတ် ပေးသင့်ဟု RCSS ဆို
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွင်းသို့ ပြည်သူ့ လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာသည်ကို ကြိုဆိုကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ RCSS/SSA အဖွဲ့မှ ပြောခွင့် ရသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ဆိုပါသည်။

“ ဒေါ်အောင်ဆန်းစုကြည် ကို ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ တွေ့ဆုံနိုင်ဖို့ အစိုးရဘက်က တရားဝင် ခန့်အပ် ပေးသင့်တယ်” ဟု ဆိုပါသည်။

yawd-serk-with-traditional-shirt

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့ ငြိမ်းချမ်းရေး စင်တာ(MPC) မှ ကျင်းပသော မြန်မာ့ ငြိမ်းချမ်းရေး အခြေအနေ ဆွေးနွေးပွဲ အစည်းအဝေးသို့ တက်ရောက် ခဲ့သည်။

RCSS သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ အဖွဲ့ဝင် မဟုတ်ပေ။ သို့သော်လည်း RCSS နည်းတူ UNFC က မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထဲသို့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြား တိုင်းရင်းသား နိုင်ငံရေး ခေါင်းဆောင်များ ပါ၀င်လာရန် လိုလားကြောင်း ဆိုခဲ့ပါသည်။

အစိုးရသည် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မြင့်တင်သည့် အစီအစဉ် တရပ် အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက် နေ့၌ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ဗဟို ကော်မီတီ အသစ်ကို နှတ်ထွက် ခဲ့သူများ နေရာတွင် အစားထိုး ပြင်ဆင် ဖွဲ့စည်း ခဲ့ပါသည်။ သို့သော် ယခင် ချမှတ်ခဲ့သော လမ်းညွှန်မူ (၈) ချက် အတိုင်း ဖြစ်ပြီး ပြောင်းလဲထားခြင်း မတွေ့ ရပေ။  

သို့သော် နည်းဗျူဟာများ ပြောင်းလဲ လာဖွယ် ရှိနေကြောင်း၊ အစိုးရသည် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းစဉ် ထဲသို့ ဒေါ်အောင်ဆန်းစုကြည်အား မိတ်ဆက် လာသော်လည်း ဗဟို ကော်မီတီ အဖွဲ့ဝင် ထဲသို့ ထည့်သွင်းခြင်း မရှိပေ။ ဤသို့ ကြောင့် အစိုးရသည် နည်းဗျူဟာ ပြောင်းသော်လည်း မဟာဗျူဟာ ပြောင်းလဲမှု မရှိသည်ကို ညွှန်ပြနေသည်ဟု UNFC က သုံးသပ်ပြောဆို ပါသည်။

Most read this week