RFA ရခိုင်ဘာသာ ရုပ်သံ ပြန်လည် ထုတ်လွှင့်

RFA ရခိုင်ဘာသာ ရုပ်သံ ပြန်လည် ထုတ်လွှင့်
by -
ကေအိုင်စီ

လွတ်လပ်သော အာရှ အသံ (RFA) ရခိုင် ဘာသာ ရုပ်သံ အစီအစဉ်ကို ယနေ့မှ စ၍  ပြန်လည် ထုတ်လွှင့် လိုက်ပြီ ဖြစ်ပါသည်။

ဘင်္ဂလာဒေချ့် အစိုးရမှ Innocence of Muslims ဗွီဒီယိုကားကြောင့် YouTube ကို ပိတ်ပင်ထားခဲ့သဖြင့် လအတန်ကြာ ရပ်နားထားခဲ့ရာမှ ရခိုင်ဘာသာ ရုပ်သံကို ယခုအခါ ပြန်လည် ထုတ်လွှင့်နိုင်ခြင်း ဖြစ်သည်။

အဆိုပါ ရခိုင်ဘာသာ ရုပ်သံ အစီအစဉ်ကို RFA (မြန်မာပိုင်း)နှင့် ဘင်္ဂလာဒေချ့် အခြေစိုက် နိရဥ္စရာ သတင်းဌာနတို့မှ ပူးပေါင်း တင်ဆက်ခြင်း ဖြစ်ပြီး ဇူလိူင်လ တတိယအပတ်မှ စတင်ပြီး အပတ်စဉ် ထုတ်လွှင့် သွားတော့မည် ဖြစ်သည်။

ဇူလိူင်လ တတိယပတ်တွင် ထုတ်လွှင့်သည့် ရက္ခိ ဖေါင်ဒေးရှင်းမှ ရခိုင် အမျိုးသား ခေါင်းဆောင်နှစ်ဦးအား ရခိုင် ဂုဏ်ဆောင်ဆု ချီးမြှင့်သည့် ရခိုင်ဘာသာ ရုပ်သံ အစီအစဉ်ကို အောက်ပါလင့်ခ်တွင် ကြည့်ရှု့နိုင်ကြပါသည်။

http://www.rfa.org/burmese/special/ethnic-tv

 

ဝေဖန် အကြံပြုလိုသူများ အနေဖြင့် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

Most read this week