မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ် စီမံကိန်းကို ရေးဆွဲထားခဲ့ပေမဲ့ မအောင်မြင်ရတဲ့ အကြောင်းရင်း အများအပြား ရှိပါတယ်။ ဒေသခံတိုင်းရင်းသားများ အနေနှင့် ရပ်တည်ရေးနဲ့ ဝမ်းစာ ဖူလုံရေးတို့အတွက် အစိုးရက လုံလုံလောက်လောက် ဘိန်းအစားထိုး အခြေခံ သီးနှံများကို မပေးနိုင် တာကလည်းအကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။ ဘိန်းမှရတဲ့ ဝင်ငွေတွေဟာ အခြားသီးနှံထက် ပိုကောင်းတာမို့ အချို့တောင်သူများ အနေနဲ့ စွန့်လွှတ်ဖို့ ဝန်လေးနေဟန် တူပါတယ်။ အလားတူ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အနေနဲ့မှီခိုမိသားစုများ အပါအဝင် တပ်ဖွဲ့ဝင်အားလုံးရဲ့ စားဝတ်နေရေးကို ရှာဖွေဖန်တီးပေးရမှုှ ဝန်ထုတ် ဝန်ပိုးဟာလည်း ကြီးမားလှပါတယ်။
လက်နက်ခဲယမ်း စစ်ဝတ််တန်ဆာများ၊ ရိ်က္ခာများ၊ စက်သုံးဆီများ၊အုပ်ချုပ်မှုကိစ္စရပ်များ စသည်တို့ အတွက် သုံးစွဲရမှု ငွေကြေး ကုန်ကျစရိတ်ဟာလည်း ကြီးမားလှတယ်။ ဒါကြောင့် တချို့ တိုင်းရင်းသား လက်နက်ကိုင်များဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ် ဖောက်ကားမှုတို့ လုပ်နေကြရခြင်းနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တချို့က မသိကျိုးကျွံ လွှတ်ထားပေမဲ့ နိုင်ငံတကာကတော့ သိရှိပါတယ်။ အမေရိကန်နိုင်ငံ အနေနဲ့ UWSA ခေါင်းဆောင်များကို မူးယစ်ဆေးဝါး ရာဇာများအဖြစ် ဖမ်းဆီးဖို့ ဆုုငွေထုတ်ကြေညာခဲ့ပါတယ်။ UWSA တပ်ဖွဲ့တွေဟာ တရုတ် အစိုးရရဲ့ လွှမ်းမိုးထောက်ပံ့မှု ရှိခဲ့တယ်လို့ဂျိမ်းစာစောင်အဖွဲ့က စွပ်စွဲ ခဲ့ပါသေးတယ်။ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲမှ UWSA တပ်ဖွဲ့တွေဟာ အင်အား သုံးသောင်းခန့် ရှိပြီး အတောင့်တင်းဆုံး အဖွဲ့ဖြစ်သလို ယခင်က ကွန်မြူနစ်ပါတီမှ ခွဲထွက်လာခဲ့ခြင်းဖြစ်ပါတယ်။
UWSA အဖွဲ့ဟာ UNFC အဖွဲ့ထဲသို့ ဝင်ရောက်ခြင်း မရှိတဲ့အပြင်အခြား တိုင်းရင်းသားများနဲ့ ရောထွေးဆက်ဆံခြင်း မရှိတာလည်း တွေ့ရပါတယ်။ဒါပေမဲ့ UWSA ဟာ KIA နဲ့ SSA တပ်ဖွဲ့တွေကို နောက်ကွယ်မှ လက်နက်ခဲယမ်းရောင်းချထောက်ပံ့နေတယ်လို့ စစ်ဘက် နီးစပ်သူများရဲ့ အတည်ပြုဆဲ သတင်းများအရသိရှိရပါတယ်။ KIA နဲ့ တပ်မတော် ထိပ်တိုက် မတွေ့မှီ ကလေးကပင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကျိုင်းတုံသို့ ရောက်ရှိခဲ့ပြီး UWSA ထိပ်တန်း ဒုတိယ ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ကာ KIA ကို မထောက်ပံ့ဖို့ ပြောကြားခဲ့သေးတယ်လို့ ဆိုပါတယ်။
အစိုးရနဲ့ UWSA ဆက်ဆံရေးဟာ ပုံမှန်သာရှိပြီး အချို့အချိန်ကာလများတွင် အေးတိအေးစက် ရှိခဲ့ရာမှ တချို့ အချိန်များမှာ တင်းမာမှုတောင်ဖြစ်ခဲ့ပါသေးတယ်။ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်က အစိုးရနှင့် UWSA ဟာရင်းနှီးကျမ်းဝင်မှု ရှိခဲ့ပေမဲ့ နောက်ပိုင်းတွင် တင်းမာတဲ့ ဖြစ်စဉ်များဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ဘိန်းဘုရင်ခွန်ဆာရဲ့ လွယ်မော် MTA အဖွဲ့ကို တပ်မတော်နှင့် UWSA ပူးပေါင်း တိုက်ခိုက်ခဲ့စဉ်က အောင်မြင်မှုရခဲ့ပေမဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရောက်နေတဲ့ (ဝ) တပ်ဖွဲ့တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းကို ပြန်မသွားတော့ဘဲ လက်ရှိိနေရာမှာပင် ခြေကုပ်ယူတည်ဆောက်ခဲ့ပါတယ်။
ဒါကိုသိလို့ ဒုတိယ ဗိုလ်ချုပ််မှူးကြီး မောင်အေးက နေရာပြန်ဖယ်ပေးဖို့ အမိန့်ပေး တောင်းဆိုခဲ့သော်လည်း (ဝ) တွေက အသက်သွေးချွေး ရင်းနှီးခဲ့ရလို့ အကူအညီ တောင်းတုန်းက တောင်းခဲ့ပြီး အောင်မြင်မှ ပြန်ခိုင်းတာဟာ မတရားဘူးလို့ ဆိုကာ ငြင်းဆန်ခဲ့ပါတယ်။ဒါကြောင့် တပ်မတော် ခေါင်းဆောင် တချို့အနေနှင့် နောင်တချိန်မှာ ဦးတည်ရန်သူဖြစ်လာမဲ့ လက်နက်ကိုင် အဖွဲ့အစည်းဟာ UWSA လို့ ဆိုပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲ မကျင်းပမှီီ BGF ဖွဲ့ဖို့ UWSA ကို တွန်းအားပေး ခဲ့စဉ်ကလည်း ငြင်းဆန်ခဲ့ပါတယ်။ UWSA အနေနဲ့ အစိုးရ ဝန်ထမ်းများကို ထောက်လှမ်းရေးဟုစွပ်စွဲကာ သူတို့နယ်မြေမှ နှင်လွှတ် ခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြန်သော်လည်း UWSA က ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရထားပေမဲ့ သူတို့တောင်းဆိုတဲ့ အချက်အလက်များကိုတော့ အစိုးရက ပြည့်စုံစွာ လိုက်လျောခြင်းမရှိခဲ့ပါ။ ကျိုင်းတုံမြို့အား သူတို့မြို့တော်အဖြစ် တောင်းဆိုထားကြောင်းသိရပါတယ်။
ယခုကျင်းပနေတဲ့ လွှတ်တော်များမှာ UWSA မှ ကိုယ်စားလှယ်တော်များ မတက်ရောက်နိုင်တာ တွေ့ရှိရပါတယ်။ ယခင်က ရှမ်းပြည် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) မိုင်းလား ဦးစိုင်းလင်းအား UWSA ကစည်းရုံးထားပြီးဖြစ်ပါတယ်။
အစိုးရနဲ့ UWSA ငြိမ်းချမ်းရေး သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပေမဲ့ အစိုးရအား ယခင်ကလောက် ထိတွေ့ ဆက်ဆံမှု မပြုလုပ်တော့ဘဲသတိထား ဆက်ဆံတာ တွေ့ရပါတယ်။ KIA နဲ့ UWSA ဟာ ယခင်က လျှို့ဝှက်စွာ ဆက်ဆံခဲ့ပေမဲ့ ဖားကန့်မှာ ဗုံးကွဲလို့ ဆက်ဆံမှု တင်းမာ ခဲ့ပါသေးတယ်။အစိုးရနဲ့ KIA တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ဖို့နေရာကိုအရင်ကနဦး ပထမတုန်းက UWSA ဧရိယာ အတွင်းမှာ ပြုလုပ်ဖို့ ဖြစ်ပေမဲ့ တရုတ်နိုင်ငံ ရွှေလီသို့ ပြောင်းသွားတာဟာ တစုံတခု အကြောင်းရှိလို့ပြောင်းသွားတာ ဖြစ်ကြောင်း စစ်ဖက်နီးစပ်သူက ဆိုပါတယ်။
UWSA (ဝ) တွေဟာယူနန်ပြည်နယ် တရုတ်နိုင်ငံ လွှတ်တော်များကို သွားရောက်တဲ့ သတင်းနဲ့ တရုတ် တပ်မတော်မှ အငြိမ်းစား အရာရှိကြီးများက UWSA တပ်ဖွဲ့ဝင်တွေကို လေကျင့် သင်ကြားနေတဲ့ သတင်းများလည်း ထွက်ပေါ်လျှက် ရှိပါတယ်။အစိုးရက စိုးရိမ်ပူပန်မှု ဖြစ်လာပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းအား စေလွှတ်ကာ UWSA ခေါင်းဆောင်များကို လွှတ်တော်များမှာ တက်ရောက် လေ့လာစေဖို့ ဖိတ်ကြားစည်းရုံးခိုင်းခဲ့ပါတယ်။ အဆိုးဆုံးမှာ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့အခမ်းအနားတွင် လက်နက်ကိုင် တိုင်းရင််းသား အဖွဲ့ ခေါင်းဆောင်များ တော်တော်များများ အစုံအလင် တက်ရောက်ကြပေမဲ့ ဦးစိုင်းလင်းနဲ့ UWSA ခေါင်းဆောင်များ မတက်ရောက််တာဟာ အစိုးရအနေနဲ့ ဘဝင်မကျစရာ ဖြစ်ခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် အစိုးရအနေနှင့် UWSA ကို ကိုင်နိုင်ဖို့အနိုင်ဖဲချပ်ဆွဲဖို့ မဟာဗျူဟာ အခင်းအကျင်းသစ် လုပ်ဆောင်လာတယ်လို့ စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။ ဒါကတော့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုဟာ ဘိန်းအထွက် တိုင်းတာရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အေဂျင်စီ ထူထောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူစာချုပ်ကို ၂၂ - ၂ - ၂၀၁၃ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။
အမေရိကန် အစိုးရနဲ့ မဆလအစိုးရ လက်ထက်ကပင် ရှိခဲ့တဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးမှာ အဓိကပါဝင်တဲ့ ဘိန်းအထွက်နှုန်း တိုင်းတာရေး အစီအစဉ်အားပြန်လည် အကောင်အထည် ဖော်လိုက်တာဘဲ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး နှိမ်နင်းရေးအကြောင်းပြပြီး တပ်မတော်မှ နယ်မြေများကို ထိုးဖောက် ဝင်ရောက်ရာမှာ UWSA နဲ့ထိပ်တိုက် တွေ့တော့မှာ ဖြစ်ပါတယ်။ UWSA ခေါင်းဆောင်များဟာ အစိုးရက အမေရိကန်အရှိန်အဝါ သုံးပြီးတော့ ပူးပေါင်း လက်တွဲမလားဆိုတဲ့ မေးခွန်းကို အမေးခံရမဲ့ အလားအလာ ရှိနေကြောင်း စစ်ဖက်နီးစပ််သူများက သုံးသပ်တင်ပြခဲ့ပါတယ်။



