ဒေါက်တာ စင်သီယာမောင်နှင့် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်း တွေ့ဆုံ

ဒေါက်တာ စင်သီယာမောင်နှင့် ပြည်သူ့လွှတ်တော် အမတ် ဒေါ်ဖြူဖြူသင်း တွေ့ဆုံ
by -
ရွှေဟင်္သာ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းသည် ကျန်းမာရေးနှင့် သက်ဆိုင်သည့် မူဝါဒများ၊ လုပ်နည်း လုပ်ဟန်များနှင့် ဖြစ်သင့်ဖြစ်ထိုက်သော အစီအစဉ်များ အမြင်ဖလှယ်နိုင်ရန် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ရှိသော မယ်တော် ဆေးခန်းသို့ ရောက်ရှိ ခဲ့သည်ဟု ဒေါက်တာ စင်သီယာမောင်က ဆိုပါသည်။

“ ဖြူဖြူသင်းတို ့လုပ်ဆောင်နေတဲ့ HIV လုပ်ငန်း ကိစ္စတွေ ရှိသလိုဘဲ ကျမတို့ လုပ်ဆောင်နေတဲ့ HIV Program တွေလည်း ရှိတယ်။ ဒါကြောင့် ပြည်တွင်း အဖွဲ့အစည်းတွေရယ် ဒီဘက်က ရှိတဲ့ အဖွဲ့အစည်းတွေရယ် နည်းပညာပိုင်း ဆိုင်ရာ လူနာ လွှဲပြောင်းခြင်း ဆိုင်ရာ အခြေအနေတွေကို ဘယ်လို ပူးပေါင်း ဆောင်ရွက်မယ့် ဆိုတဲ့ အကြောင်း ဆွေးနွေးကြပါတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ မူဝါဒတွေ လုပ်နည်း လုပ်ဟန်တွေ၊ လက်ရှိ အခြေနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်ချင်တာတွေကို ဆွေးနွေးကြပါတယ်” ဟု ဆိုပါသည်။

ထို့အပြင် နယ်စပ် တလျှောက်၌ ရှိနေသော မွေးစာရင်း မရှိသည့် ကလေးများနှင့် ပတ်သတ်ပြီး မည်သို့ ပူးပေါင်း ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေးကြပါသည်။ လက်ရှိ အကောင်အထည် ဖေါ်နေသော လုပ်ငန်းများ ထဲတွင် တူညီသော လုပ်ငန်း စဉ်များ၏ နည်းပညာပိုင်း ဆိုင်ရာကိုလည်း သင်တန်းများ သတ်သတ်မှတ်မှတ်ပေးပြီး ပူးပေါင်း ဖလှယ်ကြရန် ဆွေးနွေးခဲ့ကြောင်း ဆိုပါသည်။  

ဒေါက်တာ စင်သီယာမောင်သည် နယ်စပ် တစ်လျှောက်၌ ရှိသည့် တိုင်းရင်းသား ဒေသများသို့ ၄င်းတို့၏ နယ်လှည့်ကျောပိုးအိပ် ကျန်းမာရေး လုပ်သားအဖွဲ့ ၊ ဒေသဆိုင်ရာ ကျန်းမာရေး အစီအစဉ်များ ရှိကြောင်း၊ ဤအဖွဲ့များကိုလည်း မြန်မာနိုင်ငံ ဆေးပညာရှင်များ အသင်းများ က ပြည်တွင်းမှ ဆောင်ရွက်ပေးနေကြောင်း၊ ဤကဲ့သို့ လုပ်ဆောင်နိုင်ရန် မယ်တော် ဆေးခန်း၏ ပံ့ပိုးမှုများ အကြောင်းကို ဒေါ်ဖြူဖြူသင်းအား တင်ပြ ခဲ့ပါသည်။

ထို့အပြင် မယ်တော် ဆေးခန်း၏ (၆၅) ရာနှုန်းသော အလှုရှင်များသည် နိုင်ငံတကာ အစိုးရမှ ဖြစ်ကြောင်း၊ လက်ရှိစာချုပ် အရ (၂၀၁၅) ခုနှစ်အထိ ဆက်လက် ထောက်ပံ့ သွားရန် ရှိကြောင်း တင်ပြဆွေးနွေးခဲ့ပါသည်။

“ အထူးသဖြင့် နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာတွေကို မြန်မာဖြစ်စေ ၊ထိုင်းဖြစ်စေ နောက်ပိုင်းမှာ အစိုးရ ဆေးရုံတွေက လက်လှမ်း မှီလာကြမှာပါ။ ဒါပေမဲ့ ပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ ့အစည်းတွေ၊ နယ်လှည့် ကျောပိုးအိတ် အဖွဲ့တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာနိုင်ပါမှ ဖြစ်မှာပါ။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ဖို့က ဒေသအလိုက် လူအင်းအား အရင်းအမြစ် ကျန်းမာရေး ၀န်ထမ်း၊ အဲဒီင်္အတွက် သင်တန်းတွေ လုပ်နိုင်ဖို့ လိုမယ်” ဆိုကြောင်း ဆွေးနွေးခဲ့ပါသည်။

ဤကဲ့သို့ ကျယ်ပြန့်လာစေရန် ထိုင်းနိုင်ငံဖြစ်စေ မြန်မာနိုင်ငံဖြစ်စေ အစိုးရ အသိအမှတ်ပြုသော ၀န်ထမ်း လက်မှတ် များရရန် အစိုးရပိုင်းနှင့် ညှိနှိုင်းပေးရန် လိုကြောင်း၊  အလားတူ အစိုးရ အသိအမှတ် ပြုလောက်သော သင်တန်းမျိုး ၊ အရည်အချင်းမျိုး ရရှိရန် အားမခံ သင်တန်းများ မွေးထုတ်ရန် လိုအပ်ကြောင်း အပြန်အလှန် ဆွေးနွေး ခဲ့ပါသည်။  

မယ်တော်ဆေးခန်း အနေဖြင့် ကျန်းမာရေးနှင့် ပါတ်သတ်သည့် သင်ရိုုးညွန်းတမ်းများ၊ လုပ်ငန်း တာဝန်ခွဲဝေ ခန့်အပ်မှု အပိုင်းများကို နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပြီး  ပြင်ဆင်နေပါကြောင်း ဆွေးနွေးခဲ့ပါသည်။

ဒေါ်ဖြူဖြူသင်းသည်၊ မြန်မာနိုင်ငံတွင် အမျိုးသမီးများအပေါ်ဥပဒေ ပြဌာန်းပြီး ခွဲခြား ကန့်သတ်ရန် ကြိုးစားနေကြောင်း ဤသို့ကြောင့် မြန်မာနိုင်ငံ၌ အမျိုးသမီး အခွင့်အရေးများ ချိုးဖေါက်ခံ နေရပြီးဟု ဒေါက်တာ စင်သီယာမောင်နှင့် တွေ့ဆုံစဉ် ပြောဆို လိုက်ပါသည်။

Most read this week