ချင်းပြည်နယ်အတွင်း Community Development Dialogue ကျင်းပ

ချင်းပြည်နယ်အတွင်း Community Development Dialogue ကျင်းပ
by -
ခိုနူမ်းထုန်

ချင်းလူထု ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ (Network for Chin Community Development (NCCD) ဦးဆောင်မှုဖြင့် လူထု ဖွံ့ဖြိုးရေး ဆွေးနွေးပွဲ (Community Development Dialogue)ကို ချင်းပြည်နယ်မြောက် ပိုင်း တီးတိန်မြို့ နယ်အ တွင်း  ကျင်းပပြုလုပ် ခဲ့သည်ဟု သိရသည်။

တီးတိန်မြို့နယ် ငင်းသဲကျေးရွာတွင် ၂၀၁၃ခုနှစ်၊ ဇွန်လ (၂၁ – ၂၂) အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်သည့် ဆွေးနွေး ပွဲသို့ ကျေးရွာပေါင်း (၈)ရွာမှ ကို်ယ်စားလှယ်(၂၂)ဦး ပါ၀င်တက်ရောက်ခဲ့ပါသည်။

DSC03168

လူထုဖွံ့ဖြိုးရေးဆွေးနွေးပွဲမှာ အဲန်စီစီဒီနှင့် အဆိုပါကျေးရွာရှိ ရွာသားများ ပူးပေါင်းအကောင်အထည် ဖော်ခဲ့သည့် ရပ်ရွာ ဖွံ့ဖြိုးရေးစီမံကိန်း၊ မိရိုးဖလာ ထုံးတမ်းစဉ်လာအရ မြေယာပိုင်ဆိုင်မှုနှင့် စီမံခန့်ခွဲမှု စနစ်များ၊ လက်ရှိ ဆောင်ရွက် နေတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းများအပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှု အခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း အဲန်စီစီဒီ၏ လက်ထောက် တာဝန်ခံ ကို Sitmon က ပြောသည်။

“ ဆွေးနွေးပွဲရဲ့ အဓိကရည်ရွယ်ချက်က ရပ်ရွာလူထု အတွင်း အကောင်အထည်ဖော်နေတဲ့ ရပ်ရွာဖွံ့ဖြိုးရေး စီမံကိန်း ရဲ့ အားနည်းချက် အားသာချက်တွေ သိရှိဖို့ရေ၊ ရှေ့ဆက်ပြီး ရပ်ရွာဖွံ့ဖြိုးရေးတွေကို လုပ်နိုင်ဖို့ရေ၊ ဘိုးဘွားပိုင် ဆိုင်ခဲ့ တဲ့လယ်ယာမြေတွေကို ထိန်းသိမ်းနိုင်ဖို့ နဲ့ လက်ရှိမြန်မာနိုင်ငံရေးပြောင်းလဲမှုတွေကို သိရှိနားလည်ဖို့ အတွက်အဓိ ကထားပြီး ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့တာပါ”  ဟု ပြောသည်။

အဲန်စီစီဒီ ကို အိန္ဒိယ – မြန်မာ အခြေစိုက် ချင်းလူငယ်တွေက လွန််ခဲ့သည့် ၁၀ နှစ်ကျော်ကတည်းက ဖွဲ့စည်း ထားခြင်း ဖြစ်ပြီး လူထုအခြေပြုသည့် ရေရှည်တည်တ့ံသော ဖွံ့ဖြိုးရေးမျိုး ချင်းလူထုအတွင်း ဖြစ်ပေါ်လာရေးကို အဓိက ရည်ရွယ် သည်။

“ လူထုကိုယ်တိုင် ပါ၀င်ပြီး လူထုက လက်ခံတဲ့ ဖွံ့ဖြိုးရေးမျိုးကို အဓိက ဦးတည်တာပါ၊ အဲဒီမှာ Top down ပုံစံမျိုးမဟုတ်ပဲ Bottom up ပုံစံနဲ့ လုပ်မှသာ ဒီဖွံ့ဖြိုးရေးက ရေရှည် ခိုင်မြဲမယ် ပေါ့” ဟု ဆက်ပြောသည်။

အဆိုပါ ဆွေးနွေးပွဲမျိုးကို ချင်းပြည်နယ် အလယ်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးလက်ဒေသများတွင်လည်း ဆက်လက်ပြု လုပ်သွားကြမှာဖြစ်သည်ဟု သိရသည်။

Most read this week