ချင်းခရစ်ယာန် ပညာရေးကျောင်း အစိုးရက အသိအမှတ်ပြု

ချင်းခရစ်ယာန် ပညာရေးကျောင်း အစိုးရက အသိအမှတ်ပြု
by -
ခိုနူမ်းထုန်

ချင်းခရစ်ယာန် အသင်းတော်၏ ကိုယ်ထူကိုယ်ထ  အလယ်တန်းကျောင်းအား  အစိုးရက အခြေခံပညာ အလယ်တန်း ကျောင်းအဖြစ် အသိအမှတ်ပြုလိုက်သည်။

အဆိုပါကျောင်းသည် မရာ (ချင်း) ဧဝံဂေလိ အသင်းတော်မှ ကိုယ်ထူကိုယ်ထ တည်ထောင်ထားသော အလယ် တန်း ကျောင်းအား လက်ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ အစိုးရက အခြေခံပညာ အလယ်တန်း အဖြစ် ၂၀၁၃ မေလတွင် အသိ အမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်၊ ပုဏ္ဍားကျွန်းမြို့နယ် အထက်မြဲလှဲကျေးရွာရှိ အဆိုပါ ကျောင်းကို မရာဧဝံလိ အသင်းတော်မှ ၁၉၉၈ ခုနှစ် တွင် ထူထောင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

” ဒီ ကျောင်းမဖွင့်ခင် ကာလမှာ မရူမျိုးနွယ်စုတွေ နေထိုင်တဲ့ ဒီဒေသမှာ ဆယ်တန်းအောင်သူ ၃ယောက် သာရှိသေးတာ၊ အခုဆိုရင် ဘွဲ့ရ ရယောက်၊ ဆယ်တန်း အောင်သူ ၂၀ကျော် ရှိနေပြီ၊ ဒီ ကျောင်း ဖွင့်လှစ် တည်ထောင်တာ အရမ်းကို ကျေ နပ်တယ်၊ အခုဆို အစိုးရလည်း အစိုးရ အလယ်တန်းကျောင်း အဖြစ် အသိအမှတ်ပြုလာတော့ ကျတော်တို့ ၀မ်းသာ တာပေါ့ဗျာ၊ နှစ်ပေါင်းများစွာ ပင်ပန်းရကျိုးနပ်တယ်ပေါ့” ဟု ဆရာကြီး Rotha (Head Supervisor ဟောင်း, Private အလယ်တန်းကျောင်း၊ မြဲလှဲ) က ခိုနုမ်းသုန်ကို ပြောသည်။

၁၉၉၈ ခုနှစ် ကတည်း ကနေ မရာဧဝံဂေလိ အသင်းတော်မှ  ဘွဲ့ရ သုံးဦးနှင့် ဒေသခံ ဆယ်တန်း အောင်မြင်ပြီး သူတွေကို ငှားရမ်းပြီးကျောင်းကို တည်ထောင်ထားခြင်းဖြစ်သည်။

” အခုတော့ အစိုးရကျောင်း ဖြစ်ပြီ ဆိုတော့ အစိုးရကနေ ဆရာ၊ဆရာမတွေ ခန့်နေပြီ၊ အသင်းတော်မှ လုပ်အားပေးဆရာ သုံးယောက်ဟာ အစိုးရဝန်ထမ်းမဟုတ်တော့တာဝန်မရှိတော့ဘူး ” ဟု မရာဧဝံဂေလိ အသင်းတော်၊ စစ်တွေ သာသနာရုံးမှ L. kr. Eipao က ပြောသည်။

အိမ်ခြေ ၁၄၀ ရှိ အထက် မြဲလှဲကျေးရွာသည် မရူနယ်တွင် အကြီးဆုံးရွာဖြစ်ပြီး အခုအစိုးရအလယ်တန်း ကျောင်းသည် မရူဒေသ၏ ပထမဦးဆုံး အစိုးရ အလယ်တန်းကျောင်းဖြစ်သည်။

Most read this week