မြန်မာ အပေါ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး

မြန်မာ အပေါ် ပိတ်ဆို့မှု သက်တမ်း ထပ်တိုး
by -
ရွှေဟင်္သာ

အမေရိကန် ပြည်ထောင်စုဟာ မြန်မာ နိုင်ငံ အပေါ် ချမှတ် ထားတဲ့ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို သက်တမ်း တနှစ် ထပ်တိုး လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေကို ဆက်လက် ထိန်းသိမ်း ထားဆဲဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံနဲ့လည်း စစ်ရေး ဆက်ဆံမှုတွေ ဆက်ရှိနေတာကြောင့်အခုလို သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့မှုတွေ ကတော့ မြန်မာ့ ဒီမိုကရေစီရေ ပြုပြင်ပြောင်းလဲမှုတွေကိုဆန့်ကျင်တဲ့ ဒါမှမဟုတ် မြောက်ကိုရီးယားနဲ့ ပတ်သက်နေ သူတွေနဲ့ ကုမ္ပဏီတွေကို အဓိကထား ချမှတ် ထားတာ ဖြစ်ပါတယ်။

ကွန်ကရက်ကို ပေးပို့တဲ့ စာထဲမှာ သမ္မတ အိုဘားမားက မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ရေးပြုပြင်ပြောင်းလဲမှု နောက်ကြောင်း ပြန်မလှည့်ဘူး ဆိုတာ သူ့အနေနဲ့ လက်ခံယုံကြည်လို့ မရသေး ကြောင်းဖေါ်ပြထားပါတယ်။

ဒါပေမယ့်လို့မြန်မာနိုင်ငံ စစ်အာဏာရှင် စနစ်ကို အဓိကကြိုး ကိုင်သူတွေ အပေါ် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင် ထားတာတွေ ကိုတော့ ပြန်ရုပ်ပေး လိုက်ပြီ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် ဟာလည်း မေလ တတိယပတ် ထဲမှာအမေရိကန်ကို သွားရောက်ဖို့ ရှိပြီး ဝါရှင်တန်မှာ သမ္မတ အိုဘားမားနဲ့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပါတယ်။

Most read this week