အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ

အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ
by -
ကန္တာရဝတီတိုင်း(မ်)

အမေရိကန် Arizona ပြည်နယ်၊ Phoenix မြို့မှာ ကရင်နီအမျိုးသားတဦးရဲ့ အသုဘ အခမ်းအနားအတွက် ၀န်ပြုဆုတောင်းနေကြတဲ့ လူအုပ်ထဲမှနှစ်ဦး ဓါးထိုးခံရတဲ့အတွက် အလောင်းတွေကို ယမန်နေ့့လည် ၁၂ ရီချိန်မှာ ရဲတွေက စစ်ဆေးဖို့ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

ဧပြီလ ၂၇ ရက်နေ့ညက ကရင်နီအမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ရိုးရာ ယဉ်ကျေးမှုအရ ကျောက်ကပ် ရောဂါနဲ့ သေဆုံး သွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘ အခမ်းအနားကို သူနေတဲ့ Central Phoenix apartment မှာပြုလုပ်နေကြစဉ် အပြင်ဘက်မှ အုပ်စုလိုက်ရန်ဖြစ်ပြီး Apartment ထဲသို့ ပြေးပုန်းသူတွေ ရှိခဲ့တဲ့အတွက် ယခုလို ဓါးထိုးခံခဲ့ရတာ ဖြစ်တယ်လို့ အခင်းဖြစ်ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က ပြောပါတယ်။

"ကရင်ကလေး ၃ ယောက်က… မက်စီကိုလား စပိတ်တွေနဲ့လားတော့မသိဘူး… လမ်းပေါ်မှာ သူတို့နဲ့ရန်ဖြစ် ကြတယ်… ကရင်ကလေးသုံးယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီးပြေးတက်လာတယ်… ကျနော်တို့ ကအထဲမှာ… အသုဘအတွက် လူငယ်တွေသီချင်း ဆိုပေးနေကြတာ… ဘယ်သူတွေဝင်လာလဲဆိုပြီး ထွက်ကြည့်ကြတယ်… ထွက်ကြည့်မိတော့ အဲ့ဒီလူတွေက ငါးယောက်ရှိတယ်… သူတို့လိုက်နေတဲ့သူကို သူတို့မမှတ်ဘူးထင်တယ်… အပြင်ဘက်မှာ မိန်းကလေး၂ယောက်နဲ့ ယောက်ကျားလေး ၃ သုံးယောက်ကဝိုင်း ပြီး ထွက်ကြည့်တဲ့ကျနော်တို့လူကို ထိုးကြိတ်ကြတယ်။ ကျနော်တို့က တခါးကိုပိတ်ထားလိုက်တယ်။ ဖွင့်ထားရင် ကျနော်တို့လူတွေအထဲမှာ အများကြီးခံရမှာစိုးတယ်၊ ဖွင့်ပြီးထွက်ကြည့်မယ် ဆိုပြန်တော့လဲ ခဏနေ နင်ပါပါအသတ်ခံရမယ်လို့ ကျနော်တို့လူတွေပြောတော့ မထွက်ကြည့်ရဲဘူး။ ဒါကြောင့် အပြင်မှာခံနေ တဲ့ကျနော်တို့ လူနှစ်ယောက်ပွဲချင်းပြီး သေသွားတယ်"

လူတစုရဲ့ဓါးထိုးမှုကြောင့် သေဆုံးခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးဖြစ်ပြီး အသက် ၄၆ နှစ်အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရဲအရာရှိတွေရဲ့ စုံစမ်းမေးမြန်းမှုနဲ့ စစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ ဦးကို ရဲတွေက ခေတ္တထိမ်းသိမ်းထားပြီး ယမန်နေ့ နေ့လည်က ပြန်လွတ်ပေးလိုက်ကြပါတယ်။

အမေရိကန် Arizona ပြည်နယ်မှာ ယခုဆိုရင် ကရင်နီမိသားစုဝင် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ်။ ပြီးတဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်း ထိုင်းနိုင်င ံကရင်နီဒုက္ခသည်စခန်းကနေ တတိယနိုင်ငံ ခြေချနေထိုင်မှုအစီအစဉ်နဲ့ သွားရောက်အခြေချ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

Most read this week