မီးဘေး ဒုုက္ခသည် အမျိုးသမီးများ အခြေခံ အသုံးအဆောင် ပစ္စည်း လိုအပ်နေ

မီးဘေး ဒုုက္ခသည် အမျိုးသမီးများ အခြေခံ အသုံးအဆောင် ပစ္စည်း လိုအပ်နေ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီ ဒုက္ခသည်စခန်းက မီးဘေးဒုက္ခသည်တွေ အနေနဲ့ လိုအပ်မှုများစွာ ရှိသည့်အနက် အမျိုးသမီးတွေ အတွက် အခြေခံ အသုံးအဆောင် ပစ္စည်းတွေလည်း အဓိက လိုအပ်နေကြောင်း ကရင်နီ အမျိုးသမီးအဖွဲ့က ပြောပါတယ်။

ကရင်နှီအမှတ် ၂ ဒုက္ခသည်စခန်းမှာ မီးလောင်မှုဖြစ်ပွားပြီးနောက် ကရင်နီ အမျိုးသမီးအစည်းအရုံး (KNWO) အဖွဲ့မှ မီးဘေးသင့်ဒုက္ခသည်များရဲ့ အခြေအနေကို သွားရောက်လေ့လာ ဆန်းစစ်ပြီး အခုလို ပြောကြားတာ ဖြစ်ပါတယ်။

“အမျိုးသမီးတွေအတွက်က အဓိက အခြေခံလိုအပ်နေတဲ့ အတွင်းခံတို့ ဟိုစာ ထမိန်တို့ပေါ့နော် အထူးသဖြင့်ကျမတို့ တခြားနေရာကနေ ရတာက စကတ်တို့ ဘောင်းဘီတွေ ဖြစ်တယ်လေး။ ဒါပေမယ့် ကျမတို့ စခန်းထဲမှာရှိတဲ့ အမျိုးသမီးတွေဟာ ထမိန်တွေအဝတ်များတဲ့ အတွက်ကြောင့် ကျမတို့ ထမိန်တွေ ပေးရခြင်းဖြစ်တယ်" လို့ KNWO ဥက္ကဌ မော်သိုးမြာက ပြောပါတယ်။

အမျိုးသမီးသုံး အတွင်းခံပစ္စည်းများကို ဒုက္ခသည် အမျိုးသမီးတွေအနေနဲ့ အမှန်တကယ် လိုအပ်နေကြပေမဲ့ တာဝန်ရှိသူတွေကို မဖွင့်ပြောရဲကြပဲ ရှိနေတဲ့အတွက် ယခုလို ဆောင်ရွက်ပေးရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ယင်းကိစ္စ မတ်လ ၂၉ ရက်နေ့ကစပြီး အသက်အရွယ်အပိုင်းအခြားနဲ့ အဆိုပါ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို ဖြန့်ဝေပေး သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်နေ့က ကရင်နီ အမှတ် ၂ ဒုက္ခသည်စခန်း မီးလောင်မှု ဖြစ်ပွားခဲ့လို့ လူ ၃၇ ဦးသေဆုံးတဲ့ထဲမှာ အမျိုးသမီး ၁၅ ဦးပါ၀င်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၁၃ ဦး ပါ၀င်ပါတယ်။

ဒဏ်ရာရသူအပါအဝင် ဒုက္ခသည် ၂၃၀၀ ခန့်  မှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြပြီး နေအိမ်များ ပြန်လှည်ရရှိရန်အတွက် ထိုင်းအာဏာပိုင်နဲ့ အဲန်ဂျီအိုအဖွဲ့တို့ကနေ တလအတွင်း ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

Most read this week