ဇန်နဝါရီလ ၂၈ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် KIA အဖွဲ့က မိုင်းခွဲ သဖြင့် ဆိုင်ကယ် ၃ စီး ပျက်စီးခဲ့
ကာ အရပ်သား သေဆုံးခဲ့သည် ဟုသော သတင်းနှင့် ပတ်သတ်၍ သတင်းဓါတ်ပုံများမှားယွင်းဖော်ပြမှု အတွက် ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ပြန်လည်တောင်းပန်စာ ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သတ်၍ ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် နောင်အလားတူ မဖြစ်စေရန် အလေးအနက်ထား လိုက်နာ ဆောင်ရွက်သွားမည်ဖြစ်ပြီး သတင်းဓါတ်ပုံများကို စိစစ်အသုံးပြုရန် ပျက်ကွက်ခဲ့ခြင်း အတွက် တောင်းပန်ကြောင်း ဖော်ပြထားသည်။
ထိုသို ့ အဲပုဂံ လေယာဉ်ပျက်ကျမှု သတင်းတွင် အသုံးပြု ခဲ့သည့် အဆိုပါဓာတ်ပုံအား မှားယွင်းစွာဖော်ပြမှုနှင့် ပတ်သက်၍ မြန်မာတိုင်းဂျာနယ်မှ တစ်စုံတစ်ရာ တုံ့ ပြန်မည် မပာုတ်ကြောင်း မြန်မာတိုင်မ်း သတင်းထောက် ကိုဆန်းဦး ကပြောသည်။
“ကျွန်တော်တို ့က အေအက်ဖ်ပီက ဓာတ်ပုံကို ၀ယ်သုံးထားတာပါ။ ဒီကိစ္စနဲ ့ပတ်သတ်ပြီး ဘာတုန့်ပြန်မှုမှ မလုပ်ပါဘူး။ ကျွန်တော်တို ့ သတင်းရေးထားတယ်။ ဦးရဲထွဋ်ကိုဘဲ အကြောင်းကြား ထားပါတယ်” ပာု ကိုဆန်းဦးက မဇ္စျိမအား ပြောသည်။
အဆိုပါကိစ္စနှင် ့ ပတ်သတ်၍ ၀ါရင် ့သတင်းစာဆရာ ဦးဖိုးသောကြာက “မှားတတ် ကြပါတယ်။ ဒါပေမဲ့ မှားပုံမှားနည်းက ၂ ချက်ရှိတယ်။ တမင်တကာမှားတာနဲ့ မတော်တဆ မှားတာ။ တိုင်းပြည်နဲ့ ဆိုင်တဲ့ ကိစ္စဆိုတော့ တမင်တကာမှားတတ် ကြတာပေါ့။ ဒီမှားယွင်းမှုနဲ ့ ပတ်သတ်ပြီး တာဝန်အရှိဆုံးသူကတော ့ အယ်ဒီတာချုပ်ပါ။ ဒါကို ကျင့်ဝတ် အရ ချက်ချင်း ပြန်တောင်းပန် သင့်ပါတယ်။ ဒီကြားထဲ အယ်ဒီတာချုပ်က ပြန်သေချာအောင် လုပ်နေလို့ ကြာသွားတာလည်း ဖြစ်တတ် ပါတယ်”ပာု ၎င်း၏ အမြင်အား ပြောဆိုသည်။
ထို ့ပြင် သတင်းစာတစ်စောင် အနေဖြင့် ကျင့်ဝတ်ကိုလိုက်နာမှုများလေလေ ဂုဏ်သိက္ခာ ကြီးမားလေလေ ဖြစ်
ကြောင်းလည်း ဦးဖိုးသောကြာက အကြံပြု ပြောဆိုသည်။



