ခူမီးလူငယ်အသင်းမှ ပြည်သူ့ဆေးရုံဝန်းကျင် သန့်ရှင်းရေးလုပ်အားပေး

ခူမီးလူငယ်အသင်းမှ ပြည်သူ့ဆေးရုံဝန်းကျင် သန့်ရှင်းရေးလုပ်အားပေး
by -
ခိုနူမ်းထုန်

ခူမီးလူငယ်အသင်း ဦးဆောင်မှုဖြင့် ယခုလ ၆ ရက်နေ့က ပလက်ဝ မြို့ပေါ် ပြည်သူ့ဆေးရုံ ၀န်းကျင် သန့်ရှင်းရေးလုပ် အား ပေးကြကြောင်း သိရသည်။

ခူမီးလူငယ်မောင်မယ်အပါအဝင် နယ်မှ ကျောင်းတက်လာသည့် ကျောင်းသားကျောင်းသူများ၊ ဆေးရုံဝန်ထမ်း များ စုစု ပေါင်း ၄၇ ဦးက လုပ်အားပေးကြခြင်းဖြစ်သည်ဟု သိရသည်။

“ အဓိက လူနာတွေ စိတ်ချမ်းသာစေရေး၊ ပတ်ဝန်းကျင်အနံ့အသက်များ ပပျောက်စေဖို့နဲ့ ခြင်တွေ မရှိ အောင် လုပ်အားပေးရတာဖြစ်တယ်” ဟု လူမီးလူငယ်အဖွဲ့ဝင် တဦးးက ပြောသည်။

ခူမီးလူငယ်အသင်း ( Khumi Youth Association) ကို ၂၀၀၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြပြီး ရည်ရွယ် ချက်အဖြစ် ပလက်ဝမြို့ နယ်ဖွံ့ဖြိုးရေး၊ စိမ်းလန်းစိုပြေရေး၊ ခူမီးလူငယ်စည်းလုံး ညီညွတ်မှု ရှိစေရေး ဟု ထားရှိကြသည်။

လုပ်အားပေးလူငယ်များကို ဆေးရုံ တာဝန်ရှိများက ကျေးဇူးတင်သောအားဖြင့် ဧဒင်လဘက်ရည် ဆိုင်တွင် လဘက်ရည်၊ မုန့်များဖြင့် ဧည့်ခံ ကျွေးမွေးကြကြောင်း သိရသည်။

ခူမီးလူငယ်အသင်းကို ပလက်ဝမြို့ပေါ်အပြင် နယ်မှ လူငယ်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ခူမီးလူမှုအသင်း အဖွဲ့ များအနက် အင်အားအတောင့်တင်းဆုံးအသင်းဖြစ်မည်ဟု ပြောကြသည်။