ရနောင်းစက်ရုံဂက်စ်ပေါက်ကွဲမှု မြန်မာ အလုပ်သမား ၂၇ဦး ထိခိုက်

ရနောင်းစက်ရုံဂက်စ်ပေါက်ကွဲမှု မြန်မာ အလုပ်သမား ၂၇ဦး ထိခိုက်
by -
ကေအိုင်စီ

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့ရှိ အန်တမန် ပင်လယ်စာစက်ရုံ (Andaman Seafood Co., Ltd) တွင် ယမန်နေ့က ဂက်စ်ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ဦးနှင့် ထိုင်းလူမျိုး ၂ဦး ထိခိုက်ဒဏ်ရရှိသည်ဟု သိရသည်။

ထိုပေါက်ကွဲမှုကြောင်း ထိခိုက်ဒဏ်ရာရသည့် မြန်မာပြည်သားများအနက် အမျိုးသမီးများကို ရနောင်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသစေ ရာ ဒဏ်ရာများသည့် ၃ဦးသာ ဆေးရုံတွင် ဆေးကုသမှု ဆက်လက် ခံယူလျက်ရှိပြီး အချို့မှာ ပြင်ပဆေးခန်း၌သာ ဆေးကုသမှု ခံယူခဲ့ သည်ဟု ထိုဆေးရုံတွင် ဘာသာပြန်လုပ်နေသူ မြန်မာအမျိုးသမီးတစ်ဦးက ပြောပြသည်။

“ရနောင်းဆေးရုံကို ရောက်လာတာက မြန်မာမိန်းကလေး ၁၄ဦး၊ ဒဏ်ရာနည်းတဲ့လူတွေကို ဆေးထည့် ဆေးပေးပြီးတော့ ပြန်ခိုင်းတယ်၊ ဒဏ်ရာနည်းနည်းများတဲ့ ၃ဦးကိုတော့ ဆေးရုံမှာပဲ ရှိနေတယ်။ ပေါက်ကွဲမှုကြောင့် အသေအပျောက်ရှိတာတော့ ကျမတို့မကြားသေးဘူး” ဟု သူမက ပြောသည်။

Andaman Seafood Co., Ltd တွင် အလုပ်သမား သုံးထောင်ခန့်ရှိပြီး ထိုအထဲတွင် မြန်မာရွှေ့ပြောင်း အလုပ် သမား ထားဝယ်လူမျိုးနှင့် မြန်မာလူမျိုး အများဆုံးရှိကာ မွန်၊ ကရင်လူမျိုးလည်း အနည်းအကျဉ်းရှိကြောင်း သိရသည်။

ယခုပေါက်ကွဲမှုဖြစ်ပွားသည့် Andaman Seafood Co., Ltd တွင် ယခင်ကလည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား ခဲ့ကြောင်း စက်ရုံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ ပြောပြချက်အရ သိရသည်။

“ပေါက်ကွဲမှုဖြစ်တဲ့နေရာက မိန်းကလေးတွေ အလုပ်လုပ်တဲ့နေရာဖြစ်တယ်။ အများစုက ဗမာတွေပဲ ထိတာလေ။ ထိုင်းတွေလည်း ဒဏ်ရာ ရတာ ရှိတယ်။ ဒဏ်ရာရသူတွေက အလုပ်မဆင်းနိုင်ဘူး။ သူတို့ကို ကုမ္ပဏီက ဘာတွေ လုပ်ဆောင်ပေးမလဲဆိုတာတော့ မသိသေးဘူး” ဟု ရနောင်းမြို့ရှိ ဆရာမမိနန္ဒက ပြောသည်။

ရနောင်းမြို့ရှိ Andaman Seafood Co., Ltd အပါအဝင် တခြားစက်ရုံအလုပ်ရုံများတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ် သမားများသည် နံနက် ရနာရီမှ ညနေ ၅နာရီအထိ တနေ့လုပ်အားခ ဘတ် ၂၀၀ရရှိကြပြီး၊ OT(အချိန်ပိုကြေး)အတွက် ဘတ် ၂၀နှင့် ၅၀ ကြား ရရှိနေကြသည်ဟုလည်း သိရသည်။

Most read this week