KIO နှင့် မြန်မာအစိုးရ ဇွန် ၁ရက်နေ့ တွေ့ဆုံကြမည်

KIO နှင့် မြန်မာအစိုးရ ဇွန် ၁ရက်နေ့ တွေ့ဆုံကြမည်
by -
ကေအိုင်စီ

တနှစ်နီးပါးကြာ တိုက်ပွဲဖြစ်ပွားနေသော KIO နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့သစ်မှ ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့တို့သည် ဇွန်လ ၁ရက်နေ့တွင် တွေ့ဆုံမည်ဟု သတင်းရရှိသည်။

“KIA တပ်မဟာ (၃)အောက်မှာရှိတဲ့ လွယ်ဂျယ်နားက ခင်ဝမ်းရွာမှာ တွေ့မယ်။ ကချင်ဖက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂွမ်မော် တက်မယ်”ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးက ပြောသည်။

ယခု တွေ့ဆုံပွဲမတိုင်ခင် ကချင်ခေါင်းဆောင်များနှင့် ဦးအောင်မင်း၊ ဦးစိုးသိန်းတို့အဖွဲ ့သည် မေလလယ်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ ့ဆုံခဲ့ကြပြီး ဖြစ်သည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဦးအောင်သောင်းခေါင်းဆောင်သော ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် KIO အဖွဲ့တို့သည် လေးကြိမ်ထက်မနည်း တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရန် သဘောတူညီမူ မရရှိခဲ့ပေ။

စစ်အစိုးရလက်ထက်က အပစ်အခတ်ရပ်စဲရေး ယူထားသော KIO အဖွဲ့နှင့် မြန်မာစစ်တပ်တို့သည် ၂၀၁၁ခုနှစ်၊ ဇွန်လ ၉ရက်နေ့က ပြန်လည် တိုက်ခိုက်ပစ်ခတ်ခဲ့ကြသည်။

ထို့ကြောင့် ယခုအချိန်ထိ တိုက်ပွဲပေါင်း ၁,၄၀၀ကျော် ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည်စခန်းတွင် မွေးဖွားသော ကလေးငယ်ဦးရေမှာ ၁,၀၀၄ဦးရှိသည်ဟု ပြည်တွင်းထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားသည်။

Most read this week