မြန်မာ နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံဖြစ်နေ

မြန်မာ နိုင်ငံသည် ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံဖြစ်နေ
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်တမ်း ကောက်ချက်များ အရ ဝယ်ယူမှု အင်အား အများဆုံးဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံ တစ်ခု အဖြစ် Oxfam Aid Agency မှ ထုတ်ပြန်သည့် 'The Devil is in the Detail' အစီခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။

//mmmilitary.blogspot.com)

မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ် အထိ စစ်တမ်း ကောက်ချက်များ အရ ဝယ်ယူမှု အင်အား အများဆုံးဖြစ်ကာ ကမ္ဘာ့ ထိပ်တန်း လက်နက် ဝယ်ယူသည့် နိုင်ငံ တစ်ခု အဖြစ် Oxfam Aid Agency မှ ထုတ်ပြန်သည့် 'The Devil is in the Detail' အစီခံစာ တစ်ရပ်၌ ဖော်ပြ ထားပါသည်။အလားတူ လက်နက် ရောင်းဝယ် တင်သွင်း မှုကို ပိတ်ပင် တားမြစ် ထားသည့် နိုင်ငံများမှ တရားမဝင် လက်နက် ဝယ်ယူမှု ပမာဏသည် အမေရိကန်ဒေါ်လာ 2.2 ဘီလျံရှိကြောင်း ယမန်နေ့က Oxfam အဖွဲ့မှ ထုတ်ပြန်သည့် အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။

“သစ်သီး ဝလံဖြစ်တဲ့ ငှက်ပျောသီး ရောင်းဝယ် ဖောက်ကားမှုဟာ လက်နက် ရောင်းဝယ် ဖောက်ကား မှုထက်ကို တင်းကျပ် နေတာ တွေ့နေရတယ်၊ ဒါဟာ အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်ပါ။ ရှိပြီးသား စစ်လက်နက် ပစ္စည်း တင်ပို့မှု ပိတ်ပင် ထားတဲ့ သဘောတူ စာချုပ်ကို ချိုးဖောက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေကနေစစ်လက် နက် ပစ္စည်းတွေကို ကြိုက်သလို ရွေးချယ် ဝယ်ယူ နေကြတာကို တွေ့ရတယ်၊ ဒါကလည်း နိုင်ငံတကာရဲ့ လေ့လာ စောင့်ကြည့်မှုနဲ့ အရေးယူမှုတွေ လျော့ရဲ နေတဲ့အပေါ်ကို အခွင့်ကောင်း ယူပြီး လုပ်ဆောင် နေခြင်းလဲ ဖြစ်ပါတယ်၊” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက် ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြား သွားပါသည်။

မြန်မာနိုင်ငံ၏ လက်နက် ဝယ်ယူမှု ပမာဏသည် ၂၀၀၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ စစ်တမ်းများအရ အမေရိကန်ဒေါ်လာ ၆၀၀ မီလျံရှိပြီး ကမ္ဘာ့နိုင်ငံများမှ လက်နက်ဝယ်ယူမှု ပမာဏ၏ ထိပ်တန်းစာရင်းဝင် ဖြစ်ပါသည်။ ဒုတိယ အဖြစ် အီရန်မှ ပျှမ်းမျှ အမေရိကန်ဒေါ်လာ ၅၇၄ မီလျံ ကို ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး တတိယ အနေဖြင့် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၂၄ မီလျံကို ၂၀၀၀ ခုနှစ်မှ ၂၀၀၂ ခုနှစ်အတွင်း ဝယ်ယူခဲ့ကြောင်း အစီရင်ခံစာ၌ ဖော်ပြပါရှိပါသည်။
//mmmilitary.blogspot.com)
ကုလသမဂ္ဂမှ စစ်လက်နက် ပစ္စည်း ကုန်သွယ်မှု သဘောတူ စာချုပ်သစ် ပြန်လည် ချုပ်ဆိုနိုင်ရေးအတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ဇူလိုင်လအတွင်း ပြုလုပ်ဖွယ်ရှိ၍ စာချုပ်သပ် ထပ်မံချုပ်ဆိုရန်ရှိကြောင်း သိရှိရပါသည်။

 “အဓိက စိန်ခေါ်မှုတွေကတော့ စစ်လက်နက်ပစ္စည်း ကုန်သွယ်ခွင့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေက လက်နက် ဝယ်ယူ စုဆောင်းမှုနဲ့ ပတ်သက်လို့ လက်မှတ် ရေးထိုးမယ့် စာချုပ ်အသစ်မှာပါ သဘောတူညီချက ်တွေအတိုင်း တိတိကျကျ လိုက်နာအောင် လုပ်ဆောင်ဖို့ လိုပါတယ်၊ စစ်လက်နက်ပစ္စည်း တင်ပို့ ရောင်းဝယ်မှုကို ကမ္ဘာ့ လောင်စာဆီ ပြသနာ ဖြစ်နေတဲ့ နိုင်ငံတွေနဲ့ လူ့အခွင့်အရေးတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်နေတဲ့ နိုင်ငံတွေ အပေါ် တင်ပို့နေမှုတွေကို ပြတ်ပြတ်သားသား အရေးယူရပါမယ်” ဟု Oxfam အဖွဲ့မှ တရားမဝင် စစ်လက်နက်ပစ္စည်း တင်ပို့မှု ရပ်ဆိုင်းရေး လှုံဆော်သူ Anna Macdonald က ပြောကြားသွားပါတယ်။

“လက်နက် ဝယ်ယူဖို့ ပိတ်ပင် ထားပေမယ့် ပိတ်ပင်ထားတဲ့ နိုင်ငံတွေရဲ့ လက်နက် ဝယ်ယူမှု ပမာဏဟာ ကြောက်ခမန်း လိလိကို တိုးတက် လာနေတာကို ကျွန်တော်တို့ တွေ့နေရတယ်” ဟု လူသားချင်း အကူအညီ ပေးရေး အဖွဲ့များမှ ပြောကြား လိုက်ပါသည်။

လူသားချင်း အကူအညီပေးရေး အဖွဲ့အစည်းများမှ အသစ်ထပ်မံ ချုပ်ဆိုမည့် စစ်လက်နက် ပစ္စည်း တင်ပို့မှု ကန့်သတ်ရေး သဘောတူ စာချုပ်တွင် ပိတ်ပင်နိုင်ငံများသို့ စစ်လက်နက်ပစ္စည်း တင်ပို့မှုကို တိတိကျကျ ပိတ်ပင်တားမြစ်ရန် အဆိုပြု ထားပါသည်။ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များ၏ သုံးသပ်ချက်များအရ အဆိုပါ နိုင်ငံများသည့် ကမ္ဘာ့ လူ့အခွင့်အရေး ချိုးဖောက်မှု အများဆုံး ဖြစ်ပေါ်နေသည့် နိုင်ငံများလည်း ဖြစ်ကြောင်းလည်း သုံးသပ် ဖော်ပြထားပါသည်။

Most read this week