၂၀၁၂ခုနှစ် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ ့ဆုံးဖြတ်ချက်(၅) ရပ်

၂၀၁၂ခုနှစ် အပြည်ပြည် ဆိုင်ရာ အလုပ်သမားနေ ့ဆုံးဖြတ်ချက်(၅) ရပ်
by -
ရွှေဟင်္သာ

၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ အလုပ်သမား နေ့တွင် မြန်မာ နိုင်ငံ စက်မှုဇုန် အလုပ် သမားများ သမဂ္ဂ (MITU) နှင့် မြန်မာ နိုင်ငံလုံး ဆိုင်ရာ တောင်သူ လယ်သမား များနှင့် စိုက်ပျိုးရေး အလုပ် သမားများ အဖွဲ့ (AFFM) တို့မှ ပူးပေါင်းပြီး အလုပ် သမားများနှင့် ပါတ်သက်သော ဆုံးဖြတ်ချက် (၅) ရပ်ကို ချမှတ် ခဲ့ပါသည်။

၄င်းတို့မှာ

၁။မြေယာ စီမံခန် ့ခွဲမှု အဖွဲ ့ဖွဲ ့့စည်းရာတွင် အဂတိ လိုက်စားမှု ကင်းရှင်းရေးနှင် ့လယ်သမား အခွင့် အရေးများ ကာကွယ်နိုင်ရန် အတွက် လွတ်လပ်သော တောင်သူ လယ်သမား အဖွဲ ့အစည်းများမှ ကိုယ်စားလှယ်များ ပါ၀င်ခွင့် ပေးရန် ဆုံးဖြတ်သည် ။

၂။အလုပ်သမား ၊လယ်သမား အခွင့် အရေး ဥပဒေ ရေးဆွဲရာတွင် လွတ်လပ်သော တောင်သူ လယ်သမား နှင့် အလုပ်သမားတို့၏ ကိုယ်စားလှယ်များ ပါ၀င်ရေးဆွဲရန် ဆုံးဖြတ်သည် ။

၃။အဓမ္မ လုပ်အား ခိုင်းစေခြင်းနှင့် ကလေး စစ်သားများ စုဆောင်း အသုံးပြုနေခြင်းတို့ကို (၃) နှစ် သက်တမ်းတိုး ခွင့်ပြု ထားခြင်းအပေါ် ချက် ခြင်းရပ်တန် ့ပေးရန်ကန် ့ကွက်ကြောင်းဆုံးဖြတ်သည်။

၄။အစိုးရရုံးပိတ်ရက်များတွင်ကာယ၊ ဉာဏ်အလုပ်သမားထု အားလုံး အလုပ်ပိတ်ရက်နှင် ့လုပ်ခလစာ အပြည် ့ရရှိရန် ဆုံးဖြတ်သည်။

၅။လွတ်လပ်သော သမဂ္ဂ အဖွဲ ့အစည်းများ မှတ်ပုံတင်ခြင်းအပေါ်ကန် ့သတ်ချုပ်ချယ်မှုများကို အမြန်ဆုံးရုပ် သိမ်းပေးရန် တောင်းဆို ကြောင်းဆုံးဖြတ်သည်။

ဦးသိန်းစိန် အစိုးရသည်၊ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ကုန်၌ အလုပ်သမား သမဂ္ဂဆိုင်ရာ ဥပဒေ များကို အတည်ပြု ရေးဆွဲပြီး နောက်ပိုင်း၂၀၁၂ ခုနှစ် ဧပြီလ တွင် အလုပ်သမား သမဂ္ဂဖွဲ့ခွင့်ကို ခွင့်ပြုလာခဲ့ပါသည်။ အလုပ်သမား များကလည်း သမဂ္ဂဖွဲ့ခွင့် ရရှိလာသည်နှင့်အမျှ အလုပ်သမား အခွင့်အရေး ရရှိလာဖို့အတွက် စတင်တောင်းဆို လာနေပြီးဖြစ်ပါသည်။

Most read this week