နယူးဒေလီ (မဇ္ဈိမ)။ ။ အများပြည်သူ ရှေ့မှောက်တွင် တရားစီရင်ပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားသူကြီးများထံ ယနေ့ လျှောက်ထားရာတွင် အင်းစိန်ထောင်အတွင်းရှိ အထူးတရားရုံးက ပယ်ချခဲ့သည်။
တရားရုံးသို့ တက်ရောက် နားထောင်ခွင့် ရခဲ့သူ အနည်းငယ်အနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောကြားရာတွင် “ကျနော်တို့က တရားရုံးကို အများပြည်သူတွေ ဝင်နားထောင်လို့ရအောင် တောင်းဆိုတာပါ။ အဲဒါကို တရားရုံးက ပယ်ချလိုက်တယ်” ဟု ပြောသည်။
ယနေ့က ပြုလုပ်သော တရားခွင်တွင် တရားလို အစိုးရသက်သေ တဦးကို တရားဆိုင်၏ ရှေ့နေများက အပြန်အလှန် မေးခွန်းထုတ်ခွင့် ရခဲ့သည်။
သို့သော် အသေးစိတ် ပြောဆိုရန် ဦးဉာဏ်ဝင်းက ငြင်းဆိုလိုက်ပြီး၊ “ပြောဖို့ သိပ်စောသေးတယ်” ဟု ဆိုသည်။



