ကယားပြည်နယ်၌ လယ်ယာမြေသိမ်းဆည်းခံရမှုစာရင်းများ NLD မှ စာရင်းကောက်ယူရန်ထုတ်ပြန်

ကယားပြည်နယ်၌ လယ်ယာမြေသိမ်းဆည်းခံရမှုစာရင်းများ NLD မှ စာရင်းကောက်ယူရန်ထုတ်ပြန်
by -
ထျိုးမြာ
ထျိုးမြာ — ကယား (ကရင်နီ) ပြည်နယ်၌ လယ်ယာမြေသိမ်းဆည်းမှုစာရင်းများကို မြို့နယ်အလိုက်၊ ဒေသ အလိုက်စာရင်းပြုစုတင်ပြရန် အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်မှ ၂၀၁၅ခုနှစ် ဒီဇင်ဘာ (၂၈) ရက်က ကြေညာချက်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။

“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ် မြို့နယ်တွေကနေပြီးတော့ ကိုယ့်ဒေသမှာဒီလိုသိမ်းဆည်းထားတာတွေရှိရင်တော့ ပို့ပေးဖို့ကို ပြောထားပြီးသားပါ။ ညွန်ကြားချက်ထုတ်ပြီးတော့ ကျွန်တော်ကရခိုင်ပြည်နယ်ကိုရောက်နေလိုု့ ရုံးကိုရောက်မရောက်တော့မသိသေးဘူး ” ဟု ရန်ကုန်မှ NLD တောင်သူလယ်သမားရေးရာ ဗဟိုကော်မတီမှ ဦးညီပုက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

လယ်ယာမြေပြသာနာနှင့် ပတ်သက်၍ ကယား(ကရင်နီ)ပြည်နယ်တွင် လက်ရှိမြေယာသိမ်း ဆည်းမှုများကို လိုက်လံကောက်ခံနေ ဆဲဖြစ်သည် ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ဗဟိုကော်မတီဝင် ကိုသဲရယ်က ပြောသည်။

“ ကျွန်တော်တို့ လယ်ယာမြေပြသာနာနဲ့ ပတ်သတ်ပြီးတော့ အထူးသဖြင့် ပြသာနာဖြစ်နေတဲ့ ဖရူဆိုမြို့နယ်၊ ဒီးမောဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်တွေမှာ အခုလောလောဆယ် အချက်အလက်တွေ လိုက်ကောက်နေတုန်းပဲ ရှိသေးတယ်။ ဖရူဆိုမှာတော့ ပြီးသွားပြီ ဒီးမောဆိုမှာတော့ လိုက်ကောက် နေတုန်း လွိုင်ကော်ကိုလည်းကျွန်တော်တို့ ဒီလထဲမှာ ဆက်ကောက်ဖို့ရှိတယ်” ဟု ၎င်းက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

ထိုသို့ကောက်ခံခဲ့သော အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လယ်ယာမြေသိမ်းဆည်းမှု ပြသာနာများကို ဖြေရှင်းပေးနိုင်ရန် လက်ရှိအနိုင်ရထားသော NLD ကိုယ်စားလှယ်များကို တောင်းဆိုရန်ရည်ရွယ်ထားသည်ဟုလည်း ကိုသဲရယ်ကဆက်ပြောသည်။

“ အဲ့ဒီကောက်လို့ရတဲ့ အချက်အလက်ပေါ်မှာ ကျွန်တော်တို့ပြန်လည်သုံးသပ်ပြီးတော့မှ သူတို့ဆီကိုသွင်းမှာပေါ့နော နောက်ပြီးတော့မှ လယ်ယာမြေ သိ်မ်းဆည်းမှုပြသာနာတွေကို ဖြေရှင်းပေးဖို့လဲ အနိုင်ရတဲ့ NLD ကိုယ်စားလှယ်တွေကလုပ်ပေးဖို့ ကျွန်တော် တို့ တောင်းဆိုမယ်လို့ ရည်ရွယ်ထားပါတယ်” ဟု သူကပြောသည်။
 
ကောက်ခံပြီးသွားသော ဖရူဆိုမြို့ပေါ်ရှိစာရင်းများကိုလည်း  ပြည်သူလူထုထံ တစ်ခါပြန်လည် ချပြပေးပြီးဖြစ်သည်။ ထိုသို့ချပြသည့်ရက်တွင် လွတ်တော်ကိုယ်စားလှယ် များကိုလည်းဖိတ်ကြား ပြီးချပြပေးရန်ရည်ရွယ်ခဲ့သော်လည်းကိုယ်စားလှယ်များ မလာရောက်နိုင်သောကြောင့် မိမိတို့ ဆီမှလည်း သတင်းမင်ခဲ့ရနိုင်ခဲ့ကြောင်း ကိုသဲရယ်က ဆက်လက်ပြောခဲ့သည်။

အထက်ပါ သုံးမြို့နယ်ကောက်ခံပြီးသည့်အခါမှသာလျှင် စာရင်းချုပ်ကိုတင်ပို့ရန်ရည်ရွယ်ထားပြီး အဆိုပါ စာရင်းကို မတ်လ၌ အပြီးလုပ်ဆောင်ကာ  ဧပြီလတွင်ထုတ်၍ အထက်ကို တင်ပြရန် ရည်ရွယ်ထားသည်ဟုလည်းဆိုသည်။

“ လယ်ယာမြေပြသာနာနဲ့ ပတ်သတ်ပြီးတော့ ကျွန်တော်တို့ ကယားပြည်နယ်မှာ တော်တော် များများတွေ့ရတယ်။ ကယားပြည်နယ်ကကျဉ်းကျဉ်းလေး ဒါပေမယ့်လယ်ယာမြေပြသာနာကတော့ တော်တော်များတယ်ရှင်းရှင်းပြောရရင်တော့ တစ်ခြားပြည်နယ်ထက်များတယ်လို့ ကွန်တော်တို့အနေနဲ့ သုံးသပ်မိတာပေါ့နော့” ဟု ကိုသဲရယ် ကပြောသည်။

လက်ရှိမြေယာပြသာနာများ ဖြစ်နေသည့်နေရာသည် စစ်တပ်သိမ်းသောနေရာ ၊ ကုမ္မဏီများ နှင့် ဒေသခံလက်နက်ကိုင်အဖွဲ့ အစည်းများမှကုမ္မဏီဝင်သိမ်းသောနေရာ၊  ဌာနဆိုင်ရာရုံးများ ဖွင့်ရန်အတွက်သိမ်းသောနေရာ နှင့် အာဏာရသောပုဂ္ဂိုလ်တစ်ဦး တစ်ယောက်မှ အခွင့်အရေးယူပြီး လူထုဆီမှ ပုံစံ (၇)  လုပ်ထားသောအပိုင်းများဟူ၍  လောလောဆယ်ဤအပိုဒ်လေးပိုဒ် ကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွေ့မြင်နေရသော လယ်ယာမြေသိမ်းဆည်းမှုပြသာနာသည် ပြည်သူလူထုများ လယ်ယာမြေဥပဒေနှင့် ပတ်သက်၍ နားလည်မှုနည်းကြသောကြောင့် အတင်းအဓ္ဓမ သိမ်းဆည်းမှုများ ရှိခဲ့ကြောင်းသိရသည်။

ထိုကြောင့် ၂၀၁၂ လယ်ယာမြေဥပဒေကို ပြန်လည်သုံးသပ်၍ တက်လာမယ့်အစိုးရသစ်လက်ထပ်တွင် ၂၀၁၂ လယ်ယာမြေဥပဒေ ကို ပြင်ဆင်သင့်သည့်အပိုဒ်ကိုပြင်ဆင်ပေးနိုင်ရန် တိုက်တွန်းသွားရန် ရည်ရွယ်ထားကြောင်းတောင်သူ လယ်သမားများသမ္မဂ္ဂမှ သတင်းရရှိသည်။

Most read this week

December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...