ကယား(ကရင်နီ)ပြည်နယ်မှ ဒေသခံများမိဘများ ကျုရှင်စနစ်ကိုပပျောက်စေကြောင်းပြော

ကယား(ကရင်နီ)ပြည်နယ်မှ ဒေသခံများမိဘများ ကျုရှင်စနစ်ကိုပပျောက်စေကြောင်းပြော
by -
ထျိုးမြာ
ထျိုးမြာ — ကယား(ကရင်နီ) ပြည်နယ်ပညာရေးစနစ်သည် ကျောင်းသူကျောင်းသားတော်တော်များများသည် ကျူရှင်စနစ်များဖြင့်သာ သင်နေရသောကြောင့် ကျုရှင်စနစ်ကို ပြည်သူလူထုကကြိုက်နှစ်သက်မှု မရှိကြသည့် အပြင် ကလေးများကိုလည်းစိတ်ဖိိစီးမှုများ ရစေနိုင်သည်ဟု လူတစ်ချို့က ၎င်းတို့၏ ထင်မြင်မှုများကို BNI ရွေးကောက်ပွဲသတင်းခန်း သို့ ပြောသည်။

ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင် အတည်ပြုပေးရန်လိုအပ်ကြောင်းနှင့် လက်ရှိပညာရေးစနစ်သည် ကျောင်းသူကျောင်းသားများကို များစွာ စိတ်ဖိစီးမှုရစေနိုင်သည်ဟု  လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးရေးဌာနမှ ဒါရိုက်တာ ဆရာမ နော်လီးမြာ က ပြောသည်။

“ အခုဆိုရင်မူကြိုကလေးကအစစာသင်ခိုင်းတယ်။ စာရေးခိုင်းတယ်။ သူငယ်တန်းဆိုလည်း ကျူရှင်အပြည့် ကိုးတန်းဆယ်တန်း ဆိုလည်း နားချိန်တောင်မရှိဘူး တစ်ခါတစ်လေကျောင်းပိတ်ရက်ဆို လည်းမနားရဘူး။ ကျူရှင်ပဲသွားနေရတယ် ဆိုတော့ သူတို့ခမျာကျောင်းတော့တက်ရပါရဲ့ ပညာသင်ခွင့်ရပါတယ်။ စိတ်ဖိစီးမှုတွေနဲ့နေခဲ့ရတယ်။ ကစားချိန်မှာ မကစားရပဲ စာနဲ့ပိနေတဲ့ ကလေးတွေ့အများကြီးရှိတယ်” ဟုသူကပြောသည်။

ကျူရှင်သင်သောစနစ်ကြောင့် မိဘများလည်းအဆင်မပြေသကဲ့သို့ ကလေးများသည်လည်း မျက်နှာငယ်၊ အားငယ်နေသောကလေး များလည်းရှိသွားသည်ဟု ဒီးမော့ဆို အထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်ရှားဘူး ကသူ၏အမြင်ကိုလည်းပြောသည်။

မြန်မာနိုင်ငံသည်ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် မည်သည့်မိဘမှ မတတ်နိုင်သည့်အပြင် ကျူရှင်သည်လည်း လေးပုံ တစ်ပုံလောက်သာတက်နိင်သည် ဟုဒေါ်ရှားဘူးက BNI ရွေးကောက်ပွဲသတင်းခန်းသို့ ပြောသည်။

ဆရာ ဆရာမများကို အရည်အချင်းစစ်စေချင်သကဲ့သို့ ကျူရှင်စနစ်ကိုဖျောက်ပေး နိုင်လျှင်ပို ကောင်းသည်ဟု လည်းသူကသုံးသပ်ပြော ဆိုခဲ့သည်။

“ဆရာ ဆရာမတွေကို အရည်ချင်းစစ်ပြီး စနစ်ကိုပြုပြင်ပြောင်းလဲသွားမယ်ဆိုရင် ပိုကောင်းပါတယ်။ ကျူရှင်စနစ်ကို မရှိအောင်လုပ်ပေးနိုင်ရင်လည်းပိုကောင်းတယ်။ ဆရာ ဆရာမတွေကို အရည်ချင်းမြင့်တင်ပေးစေချင်တယ် လိုအပ်တဲ့သင်တန်းတွေ ကိုပို့ချစေချင်တယ်” ဟု ၎င်းကပြောသည်။

ကျောင်းချိန်အတွင်းတွင်လည်း သေချာစွာသင်ပေးပြီး လိုအပ်လျှင်လည်းကျောင်းတွင် အချိန်ပို အလကားခေါ်ပေးနိုင်ပြီး အစိုးမှ လစာတိုးပေးစေချင်ကြောင်းလည်းပြောပြခဲ့သည်။

“  ကိုယ်ကကျူရှင်မသင်ဘူး ဒါပေမဲ့ ကလေးတွေကိုတတ်စေချင်လို့အချိန်ပိုထပ်ခေါ်ချင်တယ်။ ဒါပေမဲ့ ကလေးတွေကကျူရှင်သွားဖို့လို တယ် အဲလိုပြောသွားတယ်လေး  အဲဒီတော့ အလကားသင်ရတဲ့သူက အရူးဖြစ်သွားတာပေါ့၊ နောက်တစ်ခုကလည်း ဆရာ၊ ဆရာမ လုံလုံလောက်လောက်ခန့်ပေးစေချင် တယ်” ဟု သူ၏ခံစားချက်ကိုပြောသည်။

ဒီးမော့ဆို၌ ကျူရှင်သင်သောဆရာမနှင့် မသင်သောဆရာမများသည်တစ်ဝက်စီရှိ ကြပြီး လွိုင်ကော်မြို့တွင် အားလုံးနီးပါးကျူရှင်သင်ကြကြောင်းသိရသည်။

ကျူရှင်မသင်ရဟူသောဥပဒေသာ အတည်ပြုလျှင် ဆရာများသည် မိမိ၏ကလေး လျော့သွားလိမ့်မည်ဟုထင်ကြမည်ဖြစ်ပြီး မိဘများသည်လည်း မိမိ၏ကလေးစာတတ်ပါ့မလားဟူ၍ စိတ်ပူကြမည်ဖြစ်ကြောင်းနှင့် ကျောင်းတွင်ထိထိရောက်ရောက် သင်ကြားပေးပြီးအချိန်ပိုပေးနိင်လျှင် မထိခိုက်နိုင်ကြောင်း၎င်းက ဆက်လက်ပြောသည်။

“ကျူရှင်စနစ်ပျောက် မှ ကလေးတွေလည်း တစ်ပြေးညီဖြစ်မယ်လေး တစ်ချို့ကြတော့လည်း ကျူရှင်မှာပဲသင်တယ် ကျောင်း မှာကြတော့ကောင်းကောင်းမသင်ဘူး တစ်ချို့လည်းကျောင်းမှာ တစ်ပြေးညီသင်ကြပါတယ်” ဟု ဒေါ်ရှားဘူးကဆက်ပြောသည်။  

ခေတ်၏စနစ်ကြောင့် ကျူရှင်နှင့်သွားနေရသောကျောင်းသူကျောင်းသားများအတွက် ကျူရှင်သာပိတ်လိုက်မည်ဆိုပါက အစပိုင်းတွင် ကျောင်းသားများခက်ခဲသွားနိုင်သော်လည်း နိုင်ငံတကာပညာရေးစနစ်သည် ကျူရှင်စနစ်မရှိသောကြောင့် မြန်မာနိုင်ငံသည်လည်း ကောင်းသောစနစ်တစ်ခုကို ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကယား လူမျိုးစုဒီမိုကရေစီပါတီမှ ပါတီဥက္ကဌ ဦးစောဒယ်နီယယ် ကလည်းပြောသည်။

“ဆရာဆရာမတွေကလည်း အပြောင်းအလဲဖြစ်သင့်တကြာပါပြီ လစာမလုံလောက်တာ လည်းမဟုတ်ဘူး ပညာရေးစနစ်ကြောင့် တစ်ချို့ကလေးကလည်း ကျူရှင်ယူမှပဲစာတတ်မယ်ရှိသလို အမှန်က ပညာရေးစနစ်ပြောင်းလဲလိုက်မယ်ဆို ကလေးတွေကလည်းဒီ ထက်ကောင်းမွန်တဲ့ နိုင်ငံတကာပညာရေးစနစ်ကို လိုက်မီမှာပဲလေး အရေးကြီးတာက မူဝါဒပဲ ပညာရေးမူဝါဒပြောင်း လိုက်ရင် အကုန်လုံးကောင်းသွားမှာပဲ” ဟု သူအမြင်ကိုပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးမူဝါဒသည် ကြက်တူရွှေးပညာရေးမူဝါဒကဲ့သို့ဖြစ်နေကြောင်းနှင့် အလွတ်ကျက်မူဝါဒဖြစ်နေသည်ဟု လည်းဖြည့်စွတ်ပြောပြခဲ့သည်။

နိုင်ငံတကာ၏ ခေတ်မှီသောပညာရေးစနစ်ဖြင့် ဖော်ဆောင်သွားနိုင်လျှင် မြန်မာနိုင်ငံ ရှိကလေးများသည်လည်း နိုင်ငံတကာရှေ့တွင် မျက်နှာငယ်ရတော့မည်မဟုတ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည်လည်း ပြင်သင့်နေပြီးဟုလည်းပြောပြခဲ့သည်။

“ နိုင်ငံတကာရဲ့ အဆင့်မှီတဲ့ပညာရေးစနစ်နဲ့ဖော်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ကလေး တွေလည်း နိုင်ငံတကာရှေ့မှာမျက်နှာရသွားမှာပဲ မျက်နှာမငယ်ရတော့ဘူး ကျွန်တော်တို့က ဘွဲရလည်း ဘာပညာမှမတတ်ဘူး နိုင်ငံတစ်ကာရှေ့မှာလည်းဘာမှမတတ်တဲ့ စနစ်မျိုးကတော့ ကျွန်တော်တို့ပြင်သင့်တာကြာပါပြီဖြစ်သင့်တာကြာပါပြီး ” ဟု သူကထပ်လောင်းပြောဆိုသည်။

မြန်မာနိုင်ငံ၏ပညာရေးစနစ်သည် ကျူရှင်ဖြင့်သွားနေကြသောကြောင့် ချက်ချင်းပိတ်လိုက် လျှင်ကလေးများ အခက်ခဲဖြစ်နိုင်သောကြောင့် ကလေးများအတွက် လိုက်လျောညီထွေမှုရှိသော ပညာရေးစနစ်ကို  ပြောင်းပေးနိုင်လျှင်ပိုကောင်းနိုင် သည်ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂမှ ပြန်ကြားရေး ကိုတူရယ်က ထင်မြင်သုံးသပ်သည်။

“တစ်ဘက်က ကျူရှင်ပိတ်ထားတယ် တစ်ဘက်ကကောင်းကောင်းမသင်ပေးဘူးဆိုရင် ကလေးတွေရဲ့ပညာရေးကို ပိတ်လို်က်သလိုဖြစ်နေမှာပဲ  ကျူရှင်စနစ်ကိုပိတ်မယ်ဆိုတာထက် တစ်ကယ့် ကလေးတွေအတွက် လိုက်လျောညီထွေမှုရှိတဲ့ ပညာရေးစနစ်တစ်ခုကို ပြောင်းလိုက်မယ်ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု သူကပြောသည်။

ဆရာများ၏စွမ်းဆောင်ရည်မြင့်တင်ပေးနိုင်လျှင်ပညာရေးအခြေအနေတိုးတက်ပြောင်းလဲလာနိုင်လိမ့် မည်ဟုမျှော်လင့်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

“ ကျောင်းမှာဆရာတွေက လုံလုံလောက်လောက်စာမပြပေးနိုင်လို့ ကျူရှင်ဆိုတာ ပေါ်လာတာ ပဲလေး  ခုခေတ်ကလေးတွေက ကျူရှင်မရှိရင်သူတို့အတွက် ခေတ်မမှီတော့သလိုလို မျက်နှာငယ် တော့မလိုလို စာမတတ်တော့မယ်လိုလိုဖြစ်နေတာလေး သူတို့စိတ်ထဲမှာကျူရှင်ဆိုတာကတော့ သူတို့ရဲ့ အပိုပညာတတ်နိုင်တဲ့ နေရာတစ်ခုလိုထင်ရင်ထင်မယ်ပေါ့ တစ်ကယ်တန်းတော့ မကောင်းပါဘူး ကျူရှင်မရှိလည်း စာဖတ်လို့ရတယ်စာကျက်လို့ရတယ် ” ဟု၎င်းက သူ၏အမြင်ကိုထုတ်ဖော်ပြောဆိုလိုက်သည်။

ပညာရေးဥပဒေရေးဆွဲရာတွင် မသန်စွမ်းများအတွက်ထည့်သွင်း စဉ်းစားလေ့မရှိကြကြောင်း တွေ့ရသည်ဟု လွိုင်ကော်မြို့နယ်မှ ပြည် သူတစ်ဦးကလည်း ပြောသည်။

“အရင်ခေတ်က ကျူရှင်မနေခဲ့ရပါဘူး ဆရာမတွေကအချိန်ပိုသင်ပေးတယ် သူတို့ နားရမယ့်အချိန်တွေကိုပေးလိုက်ရတယ် ဒါပေမဲ့ ဆရာမတွေက ဘာမှသူတို့အတွက် ဘာအကျိုးအမြတ်မှ သူတို့ထည့်မစဉ်းစားဘူး ကျောင်းသားတွေအောင်ဖို့အတွက်ကို သူတို့အနစ်နာခံပြီးသင်ပေးခဲ့တယ် ဒါပေမဲ့ ဒီဘက်ခေတ်ကျတော့ ကုန်စျေးနှုန်းတွေလည်းတက်လာတဲ့ အခါကြတော့ သူတို့ရဲ့ အချိန်တွေကို ပိုထည့်ပေးလိုက်တော့ အကျိုးအမြတ်ကို လိုချင်မှာပဲလိုအပ်မှာပဲ ” ဟု သူကပြောသည်။

ကလေးတစ်ဦးပညာရေးကောင်းစေချင်ပါက မိဘဆရာပူးပေါင်းမှ အောင်မြင်မည်ဖြစ်သောကြောင့် ကလေးများလည်း ကြိုးစားပြီးသင်ယူမှုရှိရန်လိုအပ်ကြောင်း ဆရာမများဘက်မှလည်း အနစ်နာခံသင်ကြားပေးခြင်း၊ မိဘများ၏နားလည်မှုဖြင့် ကျောင်း သားမိဘဆရာ သုံးဦး ဟန်ချက် ညီညီပူးပေါင်းဆောင်ရွက်ပါက ပညာရေးစနစ်သည် အောင်မြင်လာမည်ဟု မျှော်လင့်ကြောင်း သုံးသပ်ပြောဆိုခဲ့ကြသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...