အနိုင်ရကိုယ်စားလှယ်လောင်းများ အားစိုက်ဖော်ဆောင်ပေးနိုင်မှသာ ပြည်သူလူထု၏ မဲပေးရကြိုးနပ်မည်ဟု ပါတီကိုယ်စားများသုံးသပ်

အနိုင်ရကိုယ်စားလှယ်လောင်းများ အားစိုက်ဖော်ဆောင်ပေးနိုင်မှသာ ပြည်သူလူထု၏ မဲပေးရကြိုးနပ်မည်ဟု ပါတီကိုယ်စားများသုံးသပ်
by -
ထျိုးမြာ
ထျိုးမြာ — ၂၀၁၅ ရွှေးကောက်ပွဲ၌ အမျိုးသားဒီိမိုကရေစီအဖွဲချုပ် အနိုင်ရသွားသောကြောင့်တိုင်းပြည်တိုးတက် ပြောင်းလဲသည့် ဘက်ရောက်သွားတော့မည်ဟု ရန်ကုန်မြို့မှ  သတင်း နှင့် စာရေးဆရာဦးကျော်ရင်မြင့် က သူ့၏ထင်မြင်ချက်ကိုပြောသည်။

ထိုပြင် ဖယ်ဒရယ်ကိစ္စ၌လည်း NLDသာလျှင် အားသာသောကြောင့် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်များသည်လည်း  ယခင်စစ်အစိုးရလက်ထက် ထက်ပို၍များစွာတိုးတက်လာလိမ့် မည်ဟု ယူဆကြောင့် ထပ်မံပြောဆိုခဲ့သည်။

“ NLD နိုင်သွားတဲ့အတွက်ကြောင့်မို့လို့တိုင်းပြည်က တိုးတက်တဲ့ဘက်ကိုပြောင်းလဲသွားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ တိုင်ရင်းသားဒေသတွေဘက်ကလည်း သူတိို့အနေနဲ့ဘာပဲပြောပြော တစ်တိုင်းတစ်ပြည်လုံးတိုးတက်အောင်လုပ် ရမယ့်တာဝန်တွေရှိတဲ့အတွက်ကြောင့် တိုင်းရင်းသား ဒေသတွေအတွက်ကလည်း ကောင်းလိမ့်မယ်လို့ထင်တယ် ဖယ်ဒရယ်ကိစ္စကိုလည်း NLD အားသာတဲ့အတွက်ကြောင်မို့ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တွေကအရင်စစ်အစိုးရလက် ထက်ကထက်စာရင် အများကြီးတိုးတက်လာလိမ့်မယ်လို့ မြင်ပါတယ်” ဟု ၎င်းက BNI ရွေးကောက်ပွဲသတင်းခန်းသို့သည်။

NLD ကိုယ်စားလှယ်လောင်းများသည် ယခုအောက်ခြေမှစ၍ အလုပ်စလုပ်ခြင်းသည်လည်း နိုင်ငံရေး၏ လှည့်ကွက်ဟုမမြင်ပဲ  မြန်မာတစ်နိုင်ငံလုံး၏ ပုံရိပ်နှင့် သန့်ရှင်းသန့်ရပ်မှု၊ စည်းကမ်းများ  ပြောင်းလဲလာအောင်ဆောင်ရွက်ပေး လိမ့်မည် ဟုထင်မြင်ကြောင်းသုံးသပ် ပြောဆိုခဲ့သည်။

“ သူတို့က အခုအောက်ခြေကနေ အလုပ်စလုပ်တယ်ဆိုတာကလည်း နိုင်ငံရေးလက်ကွက်လို့ မမြင်ဘူး အရေးကြီးတာက သြဇာရှိတဲ့ခေါင်းဆောင်တစ်ယောက်က စိတ်ကောင်းနှလုံးကောင်းနဲ့ ဦးဆောင်မှုကောင်းကောင်း တစ်ခုကို လုပ်လိုက်မယ်ဆိုရင် တရုတ်စကားပုံလိုပဲ နဂါးကြီးက ခေါင်းကစလုပ်လိုက်မယ်ဆိုရင်နောက်ကအမှီးက အများကြီးလုပ်မယ်” ဟု သူ့အမြင်ကိုပြောသည်။

တစ်ချိန်တုန်းက မြန်မာနိုင်ငံ၏စီးပွားရေးသည်လည်း  အခွင့်ထူးခံလူတန်းစားများ၏ permit ပေးလုပ်ကိုင်စားသောက်နေကြသော အခြေအနေမှ ပြောင်းလဲလာမည်ဖြစ်ကြောင်းနှင့် နိုင်ငံတစ်ကာမှ ပိတ်ဆို့ထားမှုများသည်လည်း လျော့နည်းလာပြီးကူညီလာလိမ့်မည် ဟု မျှော်လင့်ကြောင်းပြောသည်။

“ နိုင်ငံတကာကလည်း ဒီလိုစစ်အာဏ္ဍရှင်အောက်ကနေပြီးတော့ ဒီမိုကရေစီစနစ်ကို ငြိမ်းငြိမ််းချမ်းချမ်း နဲ့ ပြောင်းလဲသွားရင် လည်းရတယ်ဆိုတဲ့စံနာမူနာလေးတစ်ခုကို မြန်မာပြည်ကိုဖြစ်စေချင်နေကြတယ်။ အဲဒီတော့ သူတို့လည်းဒီနာမူနာလေးပျက် မသွားအောင် ပိုပြီးတော့တိုးတက်အဆင်ပြေအောင် ကူညီကြဖို့စိတ်တွေရှိကြတယ်လိုသိထားပါတယ်။ ဒါကြောင့်မိုလို့ စီးပွားရေးပိုင်းမှာလည်း တိုးတက်ပြောင်းလဲလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူကပြောသည်။

ထို့ပြင် NLD ကိုယ်စားလှယ်များ၏ အောက်ခြေမှ အလုပ်စလုပ်ခြင်းသည် လုပ်သင့်သော အလုပ်တစ်ခု ဖြစ်ပြီး မိမိအနေနှင့် ဝမ်းသာပီတိဖြစ်မိပါသည်ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ပြန်ကြားရေးမှူး ကိုတူရယ်က ပြောသည်။

“ ဒေါ်စုရဲ့လုပ်ရပ်ကိုမှားတယ်လို့ကျွန်တော်မမြင်မိဘူး။ ဒါဟာနိုင်ငံရေးလှည့်ကွက်လို့လည်း မမြင်မိဘူး။  ဘာဖြစ်လို့လဲဆိုတော့ သူများနိုင်ငံမှာလည်းသန့်ရှင်းနေသလို ကိုယ်နိုင်ငံ မှာလည်းဒီလိုမျိုးုဖြစ်ချင်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လုံးဝအောက်ခြေကနေ စလုပ်တယ်ဆိုတော့ ကျွန်တော့်အနေနဲ့ နည်းနည်းဝမ်းသာပီတိဖြစ်ပါတယ်။ နေရာပေးတာမဟုတ်ဘူး ခင်များတို့ကိုတာဝန်ပေးတာပါ နေရာနဲ့ တာဝန်ကို ခွဲခွဲခြားခြားနေတတ်ဖို့ ဒေါ်စုက သူတို့ကို သင်ခန်းစာပေးတယ်လို့ပဲ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု သူကပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲချုပ်အနိုင်ရသွားသောကြောင့်နိုင်ငံရေးသည်တိုးတက်ပြောင်းလဲလာဖို့ နှင့် ကောင်းလာဖို့ရှိမည်ဟု  ယုံကြည်မျှော်လင့်မိပါကြောင်းလည်းထပ်မံပြောသွားခဲ့သည်။

နိုင်ငံရေးနဲ့ပတ်သက်၍  အရွေးချယ်ခံရသောကိုယ်စားလှယ်လောင်းတစ်ချို့တွင် အရည်အချင်း မပြည်မီီှခြင်းနှင့် တစ်ချို့သည် စွမ်းဆောင်ရည်ပိုင်းအရမ်းဆိုးသော ကိုယ်စားလှယ်လောင်းများ ရှိနေသောကြောင့် မိမိတို့ပြုပြင်ပေးနိုင်လျှင် အရမ်းကောင်းသော ကိုယ်စားလှယ်လောင်းများဖြစ် လာနိုင်မည်ဟု ထင်ကြောင်း ၎င်း၏အမြင်ကိုပြောသည်။  

“တစ်ချို့ကိုယ်စားလှယ်လောင်းတွေက မြေပဲရောင်းဝယ်ရေးလုပ်တယ် နိုင်ငံရေးကို ဘာမှစိတ် မဝင်စားခဲ့ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်တောင်မှမမြင်ဖူးတဲ့ ကိုယ်စားလှယ်လောင်းတွေရှိတယ်။ အစိမ်းလား အဖြူလား အနီလား ဆိုတာကိုမသိတဲ့သူရှိတယ်။ နောက်မှဒေါ်စုကစာကျက်ပါပြောမှ စာအုပ်ကိုလိုက်ရှာဖွဲစည်းပုံရှိလားရှိရင်ငှား ပါအုံးဆိုတာမျိုးလည်းရှိသေးတယ်ပေါ့နော ဆိုတော့ နိုင်ငံရးဆိုတာကတော့ မြေပဲရောင်းဝယ်သလိုမျိုးမဟုတ်ဘူးဆိုတာကတော့ သူတို့ မြဲမြဲမှတ်ထားဖို့ တော့လိုတာပေါ့နော နိုင်ငံရေးဆိုတာ ကိုယ်က လေးလေးနက်နက်ထားမှ ပြည်သူတွေက ကိုယ့်ကို လေးလေးနက်နက် ပြန်ထားမှာပါ” ဟု ကိုတူရယ် သူ့အမြင်ကိုသုံးသပ်ပြောဆိုခဲ့သည်။

ထို့အတူ NLD အနိုင်ရသွားသောကြောင့် နိုင်ငံရေးအကောင်းအဆိုးသည် အစိုးရ၏ဖော်ဆောင်မှု ပေါ်တွင် များစွာအရေးကြီးသည် ဟု ကယားလူမျိုးစုဒီမိုကရေစီပါတီမှ ဥက္ကဌ ဦးစောဒယ်နီယယ် ကလည်း သူ့အမြင်ကိုသုံးသပ်ပြောဆိုလိုက်သည်။

“NLD နိုင်သွားလို့ နိုင်ငံရေးက ကောင်းသွားနိုင်လား ဆိုးသွားနိုင်လားဆိုတာကတော့ အစိုးရက အကောင်အထည်ဖော်ဆောင် တဲ့အပေါ်မှာမူတည်ပါတယ်။ အစိုးရက ကောင်းတဲ့လုပ်ဆောင်မှုနဲ့ အရည်အချင်း ရှိရှိလုပ်ဆောင်သွားမယ်ဆိုရင် ကောင်းသွားမှာပဲ စနစ်ကတော့ ပြောင်းသွားတယ်။ ဖော်ဆောင်တဲ့သူက မဖော်နိုင်ဘူးဆိုရင်တော့ ဝဲလည်လည်ဖြစ်နေမှာပဲ ဖော်ဆောင်တဲ့သူအပေါ်မှာ သိပ်အရေးကြီးပါတယ်” ဟု ၎င်းကပြောသည်။  

ကို်ယ်စားလှယ်လောင်းများ အောက်ခြေမှစလုပ်သောအလုပ်သည် နိုင်ငံရေးဖော်ဆောင်မှုတစ်ခုဟူ၍ မဖြစ်စေချင်ကြောင်း၊ ပြောင်းလဲ သင့်သော်လည်းလွတ်တော်ကိုယ်စားလှယ်များသည်ပညာပေးစနစ်ကို လုပ်စေချင်ကြောင်းပြောကြားခဲ့သည်။

“ အမှိုက်တွေကအများကြီးပဲ ရုံးတွေမှာကော ဝန်ထမ်းတွေမှာလည်းအမှိုက်တွေရှိတယ်သူတို့ရဲ့ မှားယွင်းတဲ့အတွေးအခေါ်အပြုအ မူတွေပြုပြင်ရမှာအများကြီးရှိတယ်။  ဒါကြောင့်NLDအတွက် လုပ်ရမှာ တော်တော်ခက်ခဲတယ်ဆိုတာ ကျွန်တော်တို့ နားလည်တယ် ကိုယ်ချင်းလည်းစာပါတယ်” ဟု သုံးသပ်သည်။

ထိုပြင်ကိုယ်စားလှယ်လောင်းတော်တော်များများသည် မိမိ၏အရည်အချင်းကြောင့် အနိုင်ရသွားခြင်းမဟုတ်ပဲ NLDမှ ဝင်ပြိုင်သောကြောင့် အနိုင်ရသွားခြင်းဖြစ်သည်ဟုလည်း ဦးစောဒယ်နီရယ်ကသုံးသပ်ခဲ့သည်။

“ပြည်သူတွေကလည်း NLD ကို မဲပေးချင်ကြတယ်ဆိုတာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်လို့တော့ မဟုတ်ဘူး အပြောင်းအလဲတစ်ခုကို လိုလားချင်ကြလို့မဲပေးကြတာပါ။ ဒါကို ကိုယ်စားလှယ်လောင်းတွေသိထားကြဖို့လိုအပ်ပါတယ် ” ဟ သူ့ကဆို သည်။

ကယားပြည်နယ်ရှိကိုယ်စားလှယ်လောင်းများသည်လည်း ကယားပြည်နယ်အတွက် အားစိုက်ဖော်ဆောင်ပေးနိုင်မှသာ ပြည်သူလူထု၏ မဲပေးလိုက်ရကြိုးလည်းနပ်မညဖြစ်ပြီး ၂၀၂၀ရွှေးကောက်ပွဲ့တွင်လည်း မိမိတို့ကို ဆက်ထောင့်ခံနိုင်လိမ့်မည်ဟု ရန်ကုန်မြို့မှ စာရေးဆရာ ဦးကျော်ရင်မြင့်က အကြံပြုပြောဆိုသည်။

ကိုယ်စားလှယ်လောင်းတော်တော်များများသည် အရည်အချင်းအားနည်းကြသေးသော ကြောင့် မိမိအရည်အချင်းတက်လာအောင်လုပ်ဆောင်ရမည့်ဖြစ်ပြီး အရည်အချင်းတက်လာသော ကိုယ်စားလှယ်များနှင့် တိုင်းပြည်ကိုထူထောင်မှသာ တိုင်းပြည်တိုးတက်လာမည်ဖြစ်ကြောင်း ပြောသည်။

ဒါကြောင့်ကိုယ်စားလှယ်လောင်းများ မိမိအရည်အချင်းကို ဖြည့်ဆည်းကြရန်နှင့် ကိုယ့်ပြည်နယ် ကိုချစ်လို့ပြောင်းလဲရန်အတွက် မဲပေးလိုက်သောမဲဆန္ဒရှင်များကို ဖော်ဆောင်ပေးနိုင်အောင် မကြိုးစားနိုင်လျှင် နောက်တစ်ကြိမ် ထိုကဲ့သို့ အခွင့်အရေးမျိုးရနိင်မည် မဟုတ်ကြောင်း တိုင်းရင်းသားပါတီများမှ တာဝန်ရှိသူများက အကြံပြုပြောဆိုလိုက်သည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...