သက်ငယ် အမျိုးသမီးများလုံခြံုရေး အစိုးရသစ် အစီအစဉ်ချမှတ်ပေးဖို့ တောင်းဆို

သက်ငယ် အမျိုးသမီးများလုံခြံုရေး အစိုးရသစ် အစီအစဉ်ချမှတ်ပေးဖို့ တောင်းဆို
by -
ထျိုးမြာ
ထျိုးမြာ — သက်ငယ်အမျိုးသမီးများသည် အခွင့်အရေးများစွာချိုးဖောက်ခံရမှုရှိသည့်အတွက် အစိုးရမှအစီအစဉ်များချမှတ်ဆောင် ရွက်ပေးရန် ကရင်နီအမျိုးသမီးအစည်းအရုံး KNWO မှ မမော်စိုးမြာက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့် အပြည်ပြည်ဆိုင် ရာလူ့အခွင့်အရေးနေ့တွင် ယခုကဲ့သို့ပြောဆိုခြင်းဖြစ်သည်။

အများအားဖြင့် အမျိုးသမီးငယ်များသည် မိဘများမစောင့်ကြည့်နိုင်သောကြောင့် ကျောင်းသွားကျောင်းပြန််တွင် အဓမ္မပြုကျင့် နှောက် ယှက်သော ချိုးဖောက်ခံရမှုများရှိသည်ဟု (KNWO) မှ အဖွဲ့ဝင် မော်စိုးမြာက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

လူ့အခွင့်အရေးများထဲမှ အမျိုးသမီးအခန်းကဏ္ဍဆိုင်ရာ၌ ကျေးရွာများဘက်တွင်များစွာပိုမိုတွေ့ရပြီး မိဘများသည်အလုပ်သွား ရသောကြောင့် သားသမီးများကို စိတ်မချသော်ငြားလည်း ထားခဲ့ရခြင်းဖြစ် သည်ဟု သူမကဆက်ပြောသည်။

“  ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်မတို့ ရွာထဲကွင်းဆင်းတယ်။ ကျွန်မတို့သွားတော့ ကျေးလက်မှာ ရှိတဲ့သူတွေက ကျွန်မတို့ကလေးတွေကျောင်းတက်တာ လုံခြံုမှုမရှိဘူး။ ကျွန်မတို့ကလေးတွေကို အိမ်မှာထားတာ အဓမ္မပြုင့်ခံရတဲ့သူတွေ အများကြီးရှိတယ်လို့ပြောပြ ကြတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့ပြင် ကျေးရွာရှိကလေးများသည် ကျောင်းသွားသော်လည်း ၎င်းတို့သည်အခွင့်အရေးများ လုံလုံလောက်လောက်မရှိကြကြောင်းနှင့် ဖားဆောင်း၊ ဘောလခဲ၊ မယ်စဲ့ စသည့်မြို့နယ်များရှိ ကျေးရွာ များမှ ကလေးငယ်များသည် ပိုမိုခံစားရကြောင်းလေ့လာတွေ့ရှိရသည်ဟု သတင်းရရှိသည်။

၂၀၁၅ ခုနှစ်တွင် အမျိုးသမီးများ ပညာတတ်နည်းပါးခြင်းနှင့် တရားဥပဒေစိုးမိုးရေးမရှိခြင်း တွေကြောင့် အိမ်တွင်းအကြမ်းဖက်မှု နှင့် သက်ငယ် မုဒိမ်းမှုစသည့်အမှုများ ယခင်နှစ်တွေထက်ပိုများနေကြောင်း Women Safe House မှ တွဲဖက်တာဝန်ခံ မချယ်ရီမိုးကဆိုသည်။

“သက်ငယ်မုဒိမ်းမှုပြောတဲ့နေရာမှာ (၁၅)နှစ်အောက်ကလေးတွေ (၃)နှစ် (၆)နှစ်အရွယ်ကလေးတွေ၊ အမျိုးသားလည်းပါပါတယ်။ အဲဒီအမှုတွေများလာတယ်။” ဟု မချယ်ရီမိုးက BNI ရွေးကောက်ပွဲ သတင်းခန်းသို့ပြောသည်။

ထိုသို့ ဖြစ်ပွားလျက်လျက်ရှိသည့် အခြေအနေပေါ်တွင် ၎င်းကျေးရွာရှိရပ်မိရပ်ဖများသည် ကျေးရွာရှိကလေးများကိုကျောင်းထားပေး ရန်နှင့် ရပ်ဝေးများအတွက် ဘော်ဒါဆောင်ထားပေးရန်  ၊ ကျောင်းကြိုကျောင်းပို့ စီစဉ်ပေးနိုင်ရန် တောင်းဆိုလာကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကျွန်မတို့ကလေးတွေ ပညာရေးကို အဓိကထားလုပ်ပေးရမယ်ဆိုတာနဲ့သွားနေတော့ ရပ်မိရပ်ဖတွေက ကျွန်မတို့ကို ဆွေးနွေးလာ တာပေါ့နော။ ကျွန်မတို့ကလေးတွေကို မပို့နိုင်ဘူးဆိုရင် အစိုးရတွေက တာဝန်ပေးရမယ် ကလေးတွေများတဲ့ရွာတွေ မှာဆိုရင် ကျောင်းထားပေးရမယ်။ အလယ်တန်းကျောင်းတို့ပေါ့ သို့မဟုတ်ရင် ရပ်ရွာဝေးတဲ့သူတွေက ကျောင်းထားဖို့ ဘော်ဒါဆောင်တွေ ထားပေးပါ ဆိုပြီးတောင်းဆိုလာပါတယ် ” ဟု သူမကပြောသည်။

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုသည် ၂၀၁၃ ခုနှစ်တွင် အမှုပေါင်း (၂၀)အောက်၊ ၂၀၁၄ ခုနှှစ်တွင် (၂၀)ကျော်၊ ၂၀၁၅ ခုနှစ်တွင် (၃၀)ကျော် စသည်ဖြင့် တစ်နှစ်ပြီးတစ်နှစ် အကြမ်းဖက်မှု ပိုများလာ ကြောင်းသိရသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...