မဲဆန္ဒရှင်အများစုသည် လူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီးမဲထည့်ခဲ့ကြသည်ဟု ကန္တာရဝတီလူငယ်များသုံးသပ်

မဲဆန္ဒရှင်အများစုသည် လူကိုမကြည့်ပဲ ပါတီကိုကြည့်ပြီးမဲထည့်ခဲ့ကြသည်ဟု ကန္တာရဝတီလူငယ်များသုံးသပ်
by -
ထျိုးမြာ
ထျိုးမြာ -  ရွေးကောက်ပွဲသည် ပြည်သူလူထုတော်တော်များများက လက်ရှိအစိုးရကို မနှစ်သက်သော ကြောင့် ကိုယ်စားလှယ်လောင်းမကြည့်ပဲ တစ်ကယ်ဦးဆောင်နိုင်မည်ထင်သော ပါတီကိုကြည့်ပြီး မဲထည့်ခဲ့ကြသည်ကို တွေ့ရသည်ဟု ကန္တာရဝတီလူငယ်အဖွဲ့မှ ဥက္ကဌ ကိုဟေဗဟု(ခ) ကိုတူးတူ က ပြောသည်။

“ဒီရွှေးကောက်ပွဲမှာ ပြည်သူတွေက အပြောင်းအလဲတစ်ကယ်လိုချင်နေကြတယ်ဆိုတာပေါ်လွင် နေတယ်ပေါ့။ သူတိို့ကလက်ရှိအနိုင်ရပါတီကို တစ်ကယ်မကြိုက်ကြတော့   လူကိုမကြည့်ပဲ အဓိက တစ်ကယ်ဦးဆောင်နိုင်တဲ့ပါတီလောက်ပဲ သူတို့က မဲထည့်သွားကြတာ တွေ့ရတယ် ” ဟုကိုတူးတူ ကဆက်ပြောသည်။

၎င်းတို့အဖွဲ့သည် ရွှေးကောက်ပွဲမတိုင်ခင်ကလည်း ရွေးကောက်ပွဲဆိုင်ရာသင်တန်းကို ပို့ချလေ့ရှိ ကြောင်း၊သို့သော် အားကောင်းသောပါတီ ဖြစ်သင့်သောပါတီကို ပြည်သူများရွှးချယ်ပြီးထည့်ခဲ့သည် ဟုထင်မြင်ကြောင်းရှင်းပြသည်။

လက်ရှိအနိုင်ရသွားသော ပါတီကိုယ်စားလှယ်လောင်း တစ်ချို့သည် အားရမှု မရှိသော်လည်း ပြည်သူအမှန်တစ်ကယ် လိုချင်သော အပြောင်းအလဲ စတင်ရန် ၎င်းတို့ကို စွမ်းဆောင်ရည် မြှင့်တင် ပေးမည့် သင်တန်း တော်တော်လုပ်ပေးရမည့် အနေအထား ရှိသည်ကု ဖြည့်စွတ််ပြောသည်။

“ အခုအနိုင်ရသွားတဲ့ ပါတီကို်ယ်စားလှယ်လောင်းတွေတစ်ချို့ကိုတော့ ရှင်းရှင်းပြောရရင် 70% လောက်အားရမှုမရှိဘူးပေါ့နော့။ ဒါပေမဲ့ ကျွန်တော်တို့လိုချင်တာကတော့ အပြောင်းအလဲတစ်ခု စတင်လာဖို့ပါ အဲဒီကိုယ်စားလှယ်တွေကိုတော့ စွမ်းဆောင်ရည် မြင့်တင်ပေးမယ့်သင်တန်းတွေ တော်တော်  လုပ်ပေးရမည့်အနေအထားလို့ ကျွန်တော်တို့မြင်တာပေါ့” ဟု ဆိုသည်။

အနိုင်ရရှိသွားသောပါတီသည်  ကယားပြည်နယ်ကို ကိုယ်စားပြုသည်ဟု မြင်ပါကြောင်းနှင့်သူတို့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  ဦးဆောင်သော အခန်းကဏ္ဍဟု မြင်ပါကြောင်း ရှင်းလင်းပြောကြား သည်။

“ကယားပြည်နယ် အတွက်ကတော့ ကိုယ့်ရဲ့ပြည်နယ် ဒေသခံကနေ အားကောင်းအောင် ကျွန်တော်တို့ကတော့ လုပ်ဖို့လိုတာပေါ့ လက်ရှိအနိုင်ရပါတီကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲဖို့ အားကောင်းဖို့လိုအပ်တဲ့အခြေအနေပေါ့” ဟု ကန္တာရဝတီလူငယ်များကပြောသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် လူပြောများသော ပါတီကို ထည့်လိုက်သော မဲဆန္ဒရှင်များ ကိုလည်း တွေ့ခဲ့ရသည် ဟုဆိုသည်။

“ကျွန်မတို့ကသိပ်နားမလည်ဘူး သူများပြောတာ NLD ကောင်းတယ်လို့ ပြာကြတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် တိုးတက်မယ်ပြောတယ်လေး ” ဟု လောဘူးဒါးရပ်ကွက် မှ မဲဆန္ဒရှင်တစ်ဦးက ပြောသွားသည်။

“ကျွန်တော်တို့ကတော့ ပြည်သူ့ဆန္ဒပါပဲ နောက်ပြီး ခေတ်အခါကလည်း ပြောင်းလဲသင့်ပြီ ဆိုတာကလည်း လူထုလက်ထဲမှာပဲ ရှိတယ်လေးအားလုံးကကောင်းပါတယ်။ တို့တိုင်းရင်းသား တွေပဲကော NLD ထဲမှာလည်းတို့လူမျိုးပါတယ်လေး  ” ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ မှ ဦးမီရယ်(ခ) ရဲအောင် ကပြောသွွားသည်။

“ ဒါက ပြည်သူတွေရဲ့ထောက်ခံတဲ့အပေါ်မှာပဲ မူတည်တယ်လေ ပြည်သူ့ဆန္ဒအတိုင်းပဲ ကျွန်တော်တို့က လက်ခံရမှာပေါ့ ” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဦးဘိုးရယ်က BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

 ကယား(ကရင်နီ) ပြည်နယ်၌ နိုဝင်ဘာလ(၈)ရက်နှင့်ပတ်သက်၍ အနိုင်ရရှိ သွားသော ကိုယ်စားလှယ်လောင်းများအပေါ် အားရမှုသိပ်မရှိကြောင်း လူငယ်တစ်ချို့မှသုံးသပ်သွားပါသည်။
 
သို့သော် လက်ရှိဒေသခံပါတီများတွင် တော်တော်များများ လုပ်ရည်ကိုင်ရည်ရှိသော အရည်အချင်းရှိ ကိုယ်စားလှယ်လောင်းများ၊  လူထုုအတွက် အမှန်တကယ် ရပ်တည်ပေးသော ကုုိယ်စားလှယ်လောင်း များကုုိ ရစေချင်သော်လည်း လက်ရှိအနေအထားတွင် ပြည်သူလူထုက ပါတီကိုသာကြည့်ပြီး မဲထည့်လိုက်သောကြောင့် ကျွန်တော်ပြည်နယ်အတွက် စကားပြော အလုပ်လုပ် ပေးမည့်  ပုဂ္ဂိုလ်နည်း သွားသည်ကို တွေ့ရသည်ဟု ကိုဟေဗလု(ခ) ကိုတူးတူက ဆက်ပြောသည်။
 
ဒီအနိုင်ရပါတီသော်လည်းကောင်း  ကယားပြည်နယ်တွင် လက်ရှိရှိနေသော ပါတီသော်လည်းကောင်း သူတို့သည် မနိုင်ပေမဲ့လည်း မိမိ၏ဒေသ အကျိုးကိုများစွာ ဆောင်ရွက်၍  ရနိုင်ကြောင်း နှင့့်  ပူးပေါင်းပြီး ဆောင်ရွက်ရန် အရေးကြီးကြောင်း သုံးသပ်ပြောဆိုလိုက်သည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...