ဖရူဆိုမြို့တွင် နိုဝင်ဘာလ (၉) ရက်ထိ NLD သာ အားသာဆဲ

ဖရူဆိုမြို့တွင် နိုဝင်ဘာလ (၉) ရက်ထိ NLD သာ အားသာဆဲ
by -
ထျိုးမြာ
ထျိုးမြာ — ကယားပြည်နယ် ဖရှုဆိုမြို့၌ကြိုတင်မဲနှင့့်် ရွှေးကောက်ပွဲနေ့အပေါ်ရလဒ်သည် NLD ရလဒ် အားသာနေသည် ဟု ကိုယ်စားလှယ်လောင်းတစ်ချို့သုံးသပ်သည်။

ကြိုတင်မဲ ကာလတွင် ကြံ့ခိုင်ရေးပါတီ တစ်ချို့သည် ကြိုတင်မဲကို တောက်လျှောက် လိုက်လံ ကောက်ခံနေသည်ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီမှ အမျိုးသားလွတ်တော် ဦးရှေးဖဲ က ပြောသည်။

“ကြိိုတင်မဲနဲ့ ပတ်သက်ပြီးတော့ တောက်လျှောက် ကြံ့ခိုင်ရေးဘက်က လိုက်ကောက်နေတယ်။ တပ်ဘက်ကောပဲ ကျွန်တော်သုံးသပ်တာကတော့ သူတို့က ကြိုတင်မဲပေါ်မှာပဲ မျှော်လင့်ချက် ထားတယ်လို့မြင်တယ်”ဟုသူကပြောသွားသည်။   

 “ ပြည်သူတွေက ကြိုတင်မဲ့မှာဖြစ်ဖြစ် ထောက်ခံချင်ပေမဲ့ သူတိုမလုပ်တတ်တဲ့ခါကြတော့ ပယ်မဲတွေဖြစ်သွားတာများတယ် လက်တွေ့ပဲ ရလဒ်ကတော့ ပြည်သူတွေက မဲထည့်ချင်ပေမဲ့ နားမလည်တာ များတော့ ပယ်မဲတွေများသွားတယ် ” ဟု ဦးရှေးဖဲက ရှင်းပြသည်။

ကြိုတင်မဲကာလတွင်လည်းကောင်း ရွေးကောက်ပွဲနေ့မှာပါ စာရင်းများကို ကော်မရှင်မှ မပေးကြောင့် အကုန်မသိရသေးဘူး ဟု အမျိုးသားလွတ်တော်မှအမျိုးသားဒီမိုကရေစီအဖွဲချုပ် ကိုယ်စားလှယ် လောင်း ဒေါ်ရှားမူက ပြောသည်။

“ကြိုတင်မဲရဲ့ ရလဒ်ကတော့  ကော်မရှင်က ကျွန်မတို့ကို မပြောပြဘူး။ ပြောပိုင်ခွင့်မရှိသေးဘူးလို့ ပြောတယ် ကျွန်မတို့ သိထားတဲ့မဲရုံတချို့မှာတော့ NLD ရဲ့ရလဒ်အခြေအနေက ကောင်းပါတယ်။ ကြိုတင်မဲရလဒ်ရယ် ရွှေးကောက်ပွဲမှာရယ် ကောင်း ပါတယ် ” ဟု သူကပြောသည်။  ကြိုတင်မဲကာလတွင်လည်း အခေါ်မခံလိုက်ရသောကြောင့်မသိလိုက် ပေမဲ့ကြိုတင် မဲရလဒ် ကောင်းခဲ့ပါသည်  ပြည်သူများလည်းဆန္ဒပြည့်သွားလိမ့်မည်။ ကျွန်မတို့လည်း အောင်မြင်ခဲရင် ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်လို့ပြောထားတာလေး ဖရူဆိုက ကိုယ်စားလှယ်လောင်း တွေလည်း NLD အားအသာဆုံး ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဒေါ်ရှားမှုက ပြောသည်။

နိုဝင်ဘာလ (၉) ရက်နေ့ထိ မြို့ပေါ်ငါးရပ်ကွက်တွင် NLD အနိုင်ရရှိခဲ့ပြီး ထို့အတူ မဲရုံ (၁၇) တွင် (၁၄) ရုံလောက်က NLD အခြေအနေကောင်းသည် ဟု ပြည်နယ်လွတ်တော် ဦးသိုးရယ် ကပြောသည်။ “ လက်ရှိအနေအထားတွင် လွတ်လတ်ပြီး မျှတမှု ရှိသည်ဟု မြင်ပါတယ်။ သို့သော် နောက်ကွယ် တွင် တစ်ခြားလုပ်ရပ်များ ရှိလာမည့်ကို စိုးရိမ်မိသည် ဟု ဖရူဆို မာခရော်ရှေ့ မှ ဦးကူးရယ် ကပြောသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...