ကြိုတင်မဲကာလ၌ လွတ်လပ်ပြီး မျှတမှုမရှိဟု စောင့်ကြည့်ရေးတစ်ချို့သုံးသပ်

ကြိုတင်မဲကာလ၌ လွတ်လပ်ပြီး မျှတမှုမရှိဟု စောင့်ကြည့်ရေးတစ်ချို့သုံးသပ်
by -
ထျိုးမြာ
ထျိုးမြာ — ကယား ( ကရင်နီ)ပြည်နယ်ရှိပြည်တွင် ကြိုတင်မဲပေးရာတွင် ခြိမ်းခြောက်မှုနှင့် ပါတီကိုယ်စားလှယ် တစ်ချို့နှင့်သာ ကြိုတင်မဲကောက်ခံမှုကို တွေ့နေရသည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်ရေး ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့မှ ဦးခွန်ကောရိယိုက BNI ရွေးကောက်ပွဲသတင်းခန်းသို့ပြောသည်။

“ လောလောဆယ် ကြိုတင်မဲမှာတော့ တစ်ချို့လဲ ဒီပါတီထည့် အဲလိုမျိုးပြောတာတွေ့ရတယ်။ ခြိမ်းခြောက်မှုမျိုးတွေလဲ ကြားနေတွေ့နေရတယ်။ ဒါပေမဲ့ မှတ်ပဲမှတ်ထားခိုင်းလိုက်တယ်။နောက်ပြီး ကြိုတင်မဲ လာထည့်တဲ့အချိန််မှာလဲ လူဦးရေ (၃၀)လောက်ကို တော်တော်လေး ကြတ်ကြာတာပေါ့ အဲလိုမျိုးအသံတွေလဲ ကြားနေရတယ်။ ကော်မရှင်တွေပြောချင်တာကတော့ လူဦးရေ(၃၀) ကိုကြာမယ်ဆိုရင် ရွေးကောက်ပွဲရက်ကျရင် လူဦးရေ ထောင်ချီရှိတဲ့အတွက် တစ်ရက်ထဲနဲ့ ပြီးပါ့မလားဆိုပြီသံသယတွေရှိနေကြတာပေါ့” ဟု ကယန်းအဖွဲ့မှ တာဝန်ရှိသူကပြောသည်။

ထိုသို့ပြောဆိုမှုများကို လွိုင်လင်လေးဘက်တွင် တွေ့ရသည်ဟ ုသိရသည်။

“ခြိမ်းခြောက်မူရှိတယ်ဆိုတာက ဒီမြို့ထဲမှာမဟုတ်ပါဘူး အဓိက တောရွာတွေ  မသိနားမလည်တဲ့ သူတွေဆီမှာပေါ့ အများအားဖြင်တော့ ပြောရမယ်ဆိုရင် ပါတီတစ်ချို့လဲရှိတာပေါ့ ဒါပေမဲ့ ပြောလို့တော့ မကောင်းဘူးလေး ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က လွှတ်လပ်မှုရှိ မရှိ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့ဖြစ်တဲ့အတွက် သူတို့ဘယ်ပါတီ ဘယ်အစိုးရလဲဆိုတာ ပြောလို့ မကောင်းဘူးပေါ့” ဟု သူကဆက်လက်ပြောသည်။  

ကယန်းမျိုးဆက်သစ်လူငယ်အဖွဲ့သည် (၂၀၁၅) ရွေးကောက်ပွဲတွင်တရားမျှတမှု မည်သည့်အတိုင်း တာထိရှိသည်  အဓိကထား စောင့်ကြည့်မည်ဟုပြောသည်။

“ဒီကြိုတင်မဲမှာကတော့  လွတ်လပ်မျှတမှုရှိတယ်လို့မထင်ပါဘူး။  ပါတီအကုန်လုံးလဲ လိုက်ပါတာတွေ မရှိဘူး။ ခုဏက ပြောတဲ့ ခြိမ်းခြောက်မူတွေ ဒီပါတီထည့်ပေးပါ အဲဒါတွေကလည်းရှိတယ် ဒါပေမဲ့နောက်ဆုံးရလဒ်ကိုတော့ ကျွန်တော်တို့စောင့်ကြည့်ရအုံးမယ်” ဟု ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့မှပြောသည်။

ဒါနရှေ့ဆောင်မြန်မာအဖွဲ့သည် အဓိက ဆက်သွယ်ရေးရသည့်နေရာနှင့် လက်လှမ်းမီ သလောက်တွေသာ စောင့်ကြည့်မည်ဟု ဦးဗျားရယ်က ပြောသည်။

“ ကျွန်တော်တို့က အကုန်လုံးကိုမစောင့်ကြည့်နိုင်ပါဘူး အဓိကက အဆက်အသွယ်ရေး ရနိုင်မဲ့နေရာတွေမှာ စောင့်ကြည့်ပါတယ်” ဟု သူကပြောသွားသည်။

ဒါနရှေ့ဆောင်မြန်မာအဖွဲ့သည် လွိုင်ကော်တွင် (၁၀)ယောက် ၊ ဒီးမော့ဆို (၂)ယောက်၊ ဖရူဆိုတွင် (၂၀)ယောက် ၊ ဘောလခဲတွင်(၁၀)ယောက်နှင့်ကာလရှည်စောင့်ကြည့်မည့် (၆)ယောက် စုစုပေါင်း (၆၆) ယောက်စောင့်ကြည့်သွားမည်ဟု သိရသည်။

ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့မှလည်း လွိုင်ကော်၊ ဒီးမောဆို၊ ဖရူဆို၊ ဖာဆောင်း၊ မယ်စဲ ဖြစ်သောမြို့နယ်ငါးမြို့နယ်တွင် လူဦးရေ အယောက်(၄၀)ဦး ဖြင့်စောင့်ကြည့်သွားမည်ဖြစ်ပြီး ကြိုတင်မဲကာလမှစကာ ရွေးကောက်ပွဲပြီးသည့်အထိစောင့်ကြည့်သွားမည်ဟု သတင်းရရှိသည်။

လွိုင်ကော်တွင် စောင့်ကြည့်ရေးအဖွဲ့သည် အားလုံးပေါင်း  ၆ ဖွဲ့ရှိကြောင်းသတင်းရရှိသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...