ကယားပြည်နယ်၌ ပါတီကိုယ်စားလှယ်များမသိဘဲ ကြိုတင်မဲကောက်ခံမှုများရှိနေ

ကယားပြည်နယ်၌ ပါတီကိုယ်စားလှယ်များမသိဘဲ ကြိုတင်မဲကောက်ခံမှုများရှိနေ
by -
ထျိုးမြာ
ထျိုးမြာ — ကယား(ကရင်နီ) ပြည်နယ် ဖရူဆိုမြို့မာခရော်ရှေ့ရပ်ကွက်ရှိ ကျေးရွာဘက်၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပါတီစုံမှ ကိုယ်စားလှယ်များကို အကြောင်းမကြားပဲ ရပ်ကျေး ကော်မရှင်နှင့်တကွ ကျေးရွာတွင် ကြိုတင်မဲလိုက်လံ ကောက်ခံနေသည်ဟု သတင်းရရှိသည်။

“ ကိုယ်စားလှယ်လောင်းတွေကို ကော်မရှင်က၊  ရပ်ကွက်အုပ်ချုပ်ရေးမှုးက သူတို့ကို မခေါ်ပဲနဲ သွားတယ် ဆိုတော့ ဒါသာဘာဝမကျဘူးလေ” ဟု အမျိုးသားတိုးတက်ရေးပါတီမှ အမျိုးသား လွတ်တော်ကိုယ်စားလှယ်လောင်း ဦးလောရေးဦးကပြောသည်။  
သက်ကြီးရွယ်အိုများသည် ရွေးကောက်ပွဲကိုနားမလည်သော်လည်း မိမိ၏ အိမ်အတွင်း တွင်သာ ပြောခွင့်ရှိသည်ဟု ၎င်းကပြောသည်။

“အဖိုးအဖွားတွေက သူတို့ဘာမှနားမလည်ဘူး ဒါပေမဲ့ သူ့အိမ်ကိစ္စကို သူ့မိသားစုကပဲ ပြောပေးခွင့်ရှိတယ်။ ပါတီကိုယ်စားလှယ်လောင်းတွေက ပြောခွင့်မရှိဘူး။ ဒါက ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘူး။ တစ်ခြားပါတီတွေအတွက်လည်းနစ်နာတယ် ” ဟု ဦးလောရေးဦးကဆက်ပြောသည်။

ကော်မရှင်မှလည်း ပါတီကိုယ်စားလှယ်များကို ဖုန်းမဆက် အကြောင်းကြားခြင်း မရှိကြောင်းကို လည်းပြောသည်။

“ကျွန်တော်တို့က ဘာမှမသိဘူး။ ဒါပေမဲ့ ကျွန်တော်သွားတဲ့ချိန်မှာတော့ ပြည်သူတွေက မျက်နှာ တစ်မျိုးဖြစ်နေတယ်” ဟု လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ မှ ဦးရှေးဖဲ ကပြောသည်။

တစ်ခြားကိုယ်စားလှယ်လောင်း မသိပဲ ပါတီအချို့နှင့် ကြိုတင်မဲ လိုက်ကောက်ရာတွင် လည်း CSO ပြည်တွင်း လေ့လာစောင့်ကြည့်ရေးမှ မြင်တွေ့နေရသည်ဟု စောင့်ကြည့်ရေးအဖွဲတစ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ အဲလိုမျိုးတွေကို ကျွန်တော်တို့ မြင်နေရတယ်ပေါ့နော် ဒါပေမဲ့ ကျွန်တော်တို့က ရွေးကောက်ပွဲ ဘယ်လောက်ထိ တရားမျှတမှုရှိလဲ ဆိုတာကိုပဲ အဓိက စောင့်ကြည့်တာပါ ” ဟု ၎င်းကပြောသည်။ နောက်ဆုံးရလဒ်သည် တရားမျှတမှုရှိ မရှိကို စောင်ကြည့်ရအုံးမည်ဟု ပါတီများမှ ကိုယ်စားလှယ် များနှင့် စောင့်ကြည့်ရေးအဖွဲ့များ ကပြောသည်။

Most read this week

January 5, 2016
“ တိုင်းနဲ့ပြည်နယ်အားလုံးကိုတော့ နေရာညွန်ကြားချက်ထုတ်ထားတယ်လေ။ တိုင်းနဲ့ပြည်နယ်...
December 21, 2015
“ကိုယ်စားလှယ်လောင်းတွေ  အမည်စာရင်းတင်ထားတာက (၁၃၃)ဦးရှိတယ်။ ဒီထဲမှာ ငွေစာရင်းလာတင်တာက (...
December 16, 2015
ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြိုချိကယ်အုပ်စု ထေးတမကျေးရှိ ကေ့ထျိုးဘိုးခန်းမဆောင်တွင် ကျင်းပသည့်...
December 9, 2015
ထို့ပြင် ပြည်သူလူထုသည် အစိုးရမှ ကျူရှင်မသင်ရဟူသောပညာရေးဥပဒေကို ဖော်ဆောင်...