ရခိုင်လေဘေးသင့်ပြည်သူများကို ကူညီပေးရန် ရန်ကုန်မှလာသည့် ကား ၈ စီး မြောက်ဦးဂိတ်တွင် ဖမ်းဆီးခံရ

ရခိုင်လေဘေးသင့်ပြည်သူများကို ကူညီပေးရန် ရန်ကုန်မှလာသည့် ကား ၈ စီး မြောက်ဦးဂိတ်တွင် ဖမ်းဆီးခံရ
ပုံဟောင်းသာဖြစ်ပါသည်။
ပုံဟောင်းသာဖြစ်ပါသည်။

ရခိုင်ပြည်မှ မိုခါ ဆိုင်ကလုန်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် အကူအညီပေးရန် ရန်ကုန်မှ ပစ္စည်းများ တင်ဆောင်လာသည့် ကား ၈ စီးကို မြောက်ဦးအဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ ဖမ်းဆီး လိုက် သည်။

စစ်တွေမြို့မှ သံဃာတော်တစ်ပါးက “ဖမ်းတာက မနေ့က ညနေ ၃ နာရီလောက်မှာဖမ်းတာ။ အဲဒီကားတွေအထဲ က တစ်စီးက ဦးဇင်းတို့ အဆက်နဲ့ ရန်ကုန်က ရခိုင်ဘုန်းကြီး ၆ ပါးက အလှူတွေကောက်ခံပြီး ရသေ့တောင်မြို့ နယ်နဲ့ ပေါက်တော ငပြီကျွန်းက ရွာ ၃ ရွာကလူတွေကို အကူအညီပေးဖို့ အိမ်ခြေ ၁၀၀၀ အတွက် အကူအညီ ပစ္စည်းတွေပါလာတယ်။ စားသောက်စရာတွေ၊ အဝတ်အထည်တွေနဲ့ တခြားအကူအညီပစ္စည်းတွေပါတယ်။ အခုတော့ ရဲလက်ကို အပ်လိုက်ပြီ လို့သိရတယ်” ဟု မိန့်ကြားသည်။

ဖမ်းဆီးခံရသည့် ကား ၈ စီးအထဲမှ ၄ စီးကို စစ်ကောင်စီတပ်မှ အပြီးအပိုင် သိမ်းယူလိုက်ပြီး ကျန် ၄ စီးကို ပြည် နယ်အစိုးရ ခွင့်ပြုလျှင် လွှတ်ပေးမည်ဟု ပြောဆိုထားသည့်အတွက် ပြည်နယ်အစိုးရ တာဝန်ရှိသူတစ်ဦးနှင့် တွေ့ ဆုံရန် စစ်တွေမြို့ခံ သံဃာတော် ၄ ပါးမှ ယနေ့ နံနက်ပိုင်းတွင် သွားရောက်နေကြောင်းလည်း အဆိုပါ  သံဃာ တော်က မိန့်သည်။

“ပြည်နယ်အစိုးရအဖွဲ့က ဦးလှသိန်း ထောက်ခံပေးရင် ပြန်လွှတ်ပေးမယ်လို့ ပြောတဲ့အတွက် အခုအစိုးရအဖွဲ့က ဝန်ကြီးတစ်ဦးနဲ့တွေ့ဖို့ သံဃာ ၄ ပါး သွားနေကြတယ်။ ဘယ်လို ဖြစ်လာမယ်ဆိုတာတော့ နေ့လယ် လောက်မှ သိရမယ်” ဟုမိန့်သည်။

ယခုဖမ်းဆီးခံထားရသည့် ကားတွင် ရန်ကုန်မှလိုက်ပါလာသည့် ရဟန်းတော်တစ်ပါး၊ ကားဒရိုင်ဘာတစ်ဦးနှင့် ကားအကူတစ်ဦးတို့ကိုလည်း စစ်တပ်က ထိန်းသိမ်းထားသည်ဟု ဆိုသည်။

စစ်ကောင်စီက ရခိုင်ပြည်တွင် လေဘေးသင့် ပြည်သူများကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေ သည့် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ သွားလာခွင့်ကို ဇွန်လ ၈ ရက်နေ့က ပိတ်ပင်ပြီးနောက် ယခု ဖမ်းဆီးခံရ သည့် ကားများမှာ ပထမဆုံး ဖမ်းဆီးခံရသည့် အကူအညီပေးရေး ကားများဖြစ်သည်။

စစ်ကောင်စီမှ အကူအညီပေးရေး အဖွဲ့များကို သွားလာခွင့်ပိတ်လိုက်သည့်အတွက် အကူအညီပေးရေး လုပ်ငန်း များမှာ အားလုံး ရပ်တန့်သွားပြီး ယခုကဲ့သို့ မိုးရာသီအချိန်တွင် အကူအညီပေးရေး လုပ်ငန်းများကို မရပ်တန့် သင့်ကြောင်းလည်း ဇွန်လ ၈ ရက်က ထုတ်ပြန်သည့် UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...