မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းလာ

မိုးဗြဲမြို့ကိုထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီ အပြင်းအထန်ကြိုးပမ်းလာ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ် အစပ်ရှိ မိုးဗြဲမြို့ကို ထိန်း ချုပ်နိုင်ဖို့ အတွက် စစ်ကောင်စီဘက်က အပြင်းအထန် ကြိုးပမ်းပြင်ဆင်တာတွေ လုပ်ဆောင်လာတယ်လို့ မြေပြင် တော် လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

စစ်ရေးအရ အရေးပါတဲ့ မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်တွေ ထပ်မံအထိုင်ချဖို့အတွက် ဇွန်လအစောပိုင်းကစပြီး စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်ဝင်ရောက်ဖို့ ကြိုးပမ်းနေသလို မြို့ပြင်မှာလည်း နောက်ထပ် စစ်ကြောင်း တွေနဲ့ အသင့်စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

တဖက်မှာတော့ မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၄၂၂) ဟာ နေ့စဉ်နဲ့အမျှ မိုးဗြဲမြို့ပေါ် ရပ် ကွက်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဇွန် ၄ ရက်နေ့ တစ်ရက်တည်းမှာပဲ လက်နက်ကြီး အကြိမ်ရေ ၃၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျွဲချိုတပ်ခွဲက ကိုဟန်ရီကတော့ စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုဟာ မိုးဗြဲမြို့ ကိုထိန်းချုပ်ဖို့ ကြိုးပမ်းတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်တာလို့ ပြောပါတယ်။

“တပ်တွင်းသတင်းတွေအရ မိုးဗြဲကိုထိန်းချုပ်ချင်တာပေါ့။ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့ထဲဝင်လို့မရ အောင်၊ တိုက်ခိုက်လို့မရအောင် မြို့ထဲဝင်ထိုင်ဖို့နေ့စဉ်ကြိုးစားနေတာပေါ့နော် စစ်ကောင်စီက။ လွိုင်ကော်၊ ဒီး မော့ဆိုလမ်းကြောင်းပိတ်သွားတော့ ပြည်သူတွေရဲ့စားနပ်ရိက္ခာတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ စားနပ်ရိက္ခာ တွေက တစ်နေရာထဲကနေပို့နေရတဲ့ပုံစံမျိုးဖြစ်နေတာပေါ့နော်။ အဲဒါကြောင့်သူတို့က ရအောင်  ထိန်းချုပ်ချင် နေတဲ့ သဘောရှိပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ပေါ်မှာ PDF တွေရှိတယ်ဆိုတဲ့ ထင်မြင်ချက်နဲ့ မြို့ပေါ်ကို နေ့စဉ်လေယာဉ် နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။

အဲ့ဒီလို စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုတွေကို ခံနေရပေမယ့်လည်း မိုးဗြဲဒေသခံတွေဟာ ပြေးစရာမြေမရှိ တော့တဲ့ အတွက် မိမိပိုင်နေအိမ်တွေမှာပဲ ဆက်လက်နေထိုင်နေရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုကြပါ တယ်။

စစ်ကောင်စီတပ်ဟာ ရှမ်း-ကယားပြည်နယ်နယ်စပ် မိုးဗြဲနဲ့ ဒီးမော့ဆိုအရှေ့ခြမ်းကို နေ့စဉ်လေယာဉ်နဲ့ တိုက်ခိုက် မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး မေလတစ်လထဲမှာတင် အကြိမ် ၁၀၀ ထက်မနည်း တိုက်ခိုက်ခဲ့တာပါ။

လက်ရှိမှာတော့ မိုးဗြဲအပါအဝင် ဒီးမော့ဆိုအရှေ့ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက ဒီးမော့ဆိုမြို့ မှာရှိတဲ့နေရာတချို့ကို ပြန်လည်ရရှိထားတယ်လို့ ဒေသတွင်းအရင်းအမြစ်တွေကနေ ပြောပါတယ်။

ဓာတ်ပုံ-CJ
February 5, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်မှာ ကျူးကျော်အကြောင်းပြချက်နဲ့ နေအိမ် ၂၀ ကျော်ကို...
ဓာတ်ပုံ-YGF
February 4, 2026
မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာအခြေစိုက် စစ်ကော်မရှင်ရဲ့ အမှတ် ၅၉၁ ခြေမြန်တပ်ရင်းကို...
February 3, 2026
တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့်...
February 2, 2026
အာဏာသိမ်း စစ်အုပ်စုဟာ မွန်လူငယ်တွေကို စစ်မှုထမ်းဥပဒေအရ စစ်တပ်ထဲ အတင်းသွင်းပြီး စစ်သင်တန်းပေးကာ...