ကျောင်းဆောင်ပြုပြင်ရန် ထောက်ပံ့ငွေမရ

ကျောင်းဆောင်ပြုပြင်ရန် ထောက်ပံ့ငွေမရ
ဒဘတ်ယန်ကျေးရွာအနီးရှိ ဂါးရာယန်ကျေးရွာ စာသင်ကျောင်းတွင် ကျောင်းအပ်နေသည့်မြင်ကွင်း (ဓါတ်ပုံ - GA RA Yang Nsen)
ဒဘတ်ယန်ကျေးရွာအနီးရှိ ဂါးရာယန်ကျေးရွာ စာသင်ကျောင်းတွင် ကျောင်းအပ်နေသည့်မြင်ကွင်း (ဓါတ်ပုံ - GA RA Yang Nsen)

အရေးပေါ် ကျောင်းဆောင်ပြုပြင်ပေးရေး ပြည်နယ်အစိုးရနှင့် မြို့နယ်ပညာရေးမှူးရုံးတို့အား အကြောင်းကြား ထားသော်လည်း ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသစ်နှစ် ကျောင်းစဖွင့်ချိန်ထိ ကူညီထောက်ပံ့မှုများ မရသေးဘူးဟု ဝိုင်း မော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာက ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် နေရပ်ပြန် ဒဘတ်စစ်ရှောင်ပြည်သူများက ကျောင်းဆောင်အဟောင်းကို တတ်နိုင်သမျှ ကိုယ်ထူ ကိုယ်ထ ပြုပြင်ပြီး ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ကျောင်းကို ပြန်ဖွင့်ထားရသည်ဟု ဒဘတ်ကျေးရွာမှ ရပ်မိရပ်ဖ တစ်ဦးက ပြောသည်။

“ကျနော်တို့ အခုက ပထမဆုံးက ယာယီကျောင်းဆောင် ဆောက်ပေးမယ်လို့ပြောတာ။ ကျနော်တို့ အဲ့ဒါကို မျှော် ကိုးနေတာ။ ဒါပေမယ့် အခု စာသင်လာတဲ့အချိန် နီးလာတဲ့ အချိန်ရောက်လာရင်လည်း အဲ့ဒီ ယာယီ ကျောင်း ဆောင်ဆောက်ဖို့ ဘတ်ဂျက်ကလည်း မကျလာဘူး။”

မြို့နယ်ပညာရေးမှူးရုံးကလည်း ကျောင်းဆောင်သစ်တည်ဆောက်နိုင်ရေးအပြင် ပြည်နယ်အစိုးရတာဝန်ရှိသူများ ကလည်း ကျောင်းဆောင်ဟောင်း ပြန်လည်ပြုပြင်ရန် ကျပ် သိန်း ၁၀၀ လှူဒါန်းမည်ဟု ပြောဆိုထားသော်လည်း ယနေ့အချိန်ထိ ပိုက်ဆံလည်း မရသေးဘူးဟူ ဒဘတ်ယန်ကျေးရွာက ဒေသခံများက ပြောသည်။

သို့သော် လက်ရှိတွင် ဒဘန်ယန်ကျေးရွာက ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများက ဦးဆောင်ပြီး ကျောင်း ဆောင်အဟောင်းကို တတ်နိုင်သမျှ ပြုပြင်ကာ ဇွန်လ ၁ ရက်နေ့မှစတင်၍ ကျောင်းပြန်ဖွင့်ထားသည်ဟု ဆိုသည်။

ကျေးရွာမှ တတ်နိုင်သူများ၏ ထည့်ဝင်ငွေ၊ ချေးငွေများဖြင့် ကျောင်းဆောင်အား ပြုပြင်နေသော်လည်း ငွေ လုံ လောက်မှုမရှိသေးကြောင့် ဒဘန်ကျေးရွာ မူလတန်းကျောင်းဆောင်အား ကောင်းမွန်စွာ ပြင်ဆင်နိုင်ခြင်း မရှိ သေးဘူးဟု ဆိုကြသည်။

ထို့ကြောင့် လက်ရှိတွင် ကျောင်းဆောင်ပြင်ဆင်မှု ၅၀ ရာခိုင်နှုန်းပင် ပြီးမြောက်ခြင်းမရှိသေးဘူးဟု ဒေသခံများ က ပြောသည်။

ဒဘတ်ယန်ကျေးရွာမှ အမျိုးသားတစ်ဦးက “ပြောမယ်ဆိုရင်တော့ ဒီကျောင်းဆောင် ပြုပြင်ဆောက်လုပ်ဖို့ အချိန်က နည်းနည်းနောက်ကျသွားတာပေါ့။ ၂၈ ရက်နေ့ကမှ စတင်ပြီး ပြုပြင်တယ်ဆိုတော့ အခုက ၅၀ ရာ ခိုင်နှုန်းကတော့ ပြီးတော့ ပြီးထားပြီပေါ့။ အမိုးအကာက အစ ကျနော်တို့ ကြည့်တဲ့အချိန်က မိုးလုံတယ်လို့ ထင် တာ။ အခုမိုး ရွာတဲ့အချိန် ပြန်စစ်ကြည့်တော့ မိုးယိုတဲ့နေရာက ၅ နေရာ ၆နေရာလောက် ရှိနေတာ။ အခုအမိုး မိုးဖို့တော့ လို သေးတယ်။ သွပ်ဝယ်ဖို့လည်း မလောက်ဘူး။ ကျောင်းဆောင်က အခန်း ၅ ခန်းရှိတာပေါ့။ အခန်း တိုင်းကို သစ်အခင်း ပျဉ်တွေ လိုအပ်နေသေးတယ်” ဟု ပြောသည်။

ယခင်က ရှိနှင့်ပြီးသား အဆိုပါ ဒဘတ်ယန် မူလတန်းလွန်ကျောင်း အဆောင်ဟောင်းအား ယခုနှစ် မေလ ၂၈ ရက်နေ့မှစတင် ပြုပြင်ခဲ့ခြင်း ဖြစ်သော်လည်း ငွေကြေးမလုံလောက်သောကြောင့် ၂၀၂၃ - ၂၀၂၄ခုနှစ် ပညာ သင်ကြားနှစ် ကျောင်းဖွင့်ချိန် ဇွန်လ ၁ ရက်နေ့ အမှီပြုပြင်ပြီးမြောက်ခြင်း မရှိခဲ့ပေ။

သို့သော် အခြားလုံအပ်ချက်များဖြစ်သည့် ကျောင်းသုံးကိရိယာ သင်ထောက်ကူပစ္စည်းများ၊ စားပွဲများ၊ ထိုင်ခုံ များ၊ ကျောက်သင်ပုန်းအပြင် ကျောင်းအုပ်ကြီးအပါအဝင် ဆရာ/ဆရာမ ၄ ဦး ရရှိထားပြီး ဖြစ်သည်ဟု ဒဘတ် ယန်ကျေးရွာက ကျောင်းသားမိဘများက ပြောသည်။

လူဦးရေ ၁၅၀၀ နီးပါး နေထိုသည့် ဒဘတ်ယန်ကျေးရွာတွင် ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၂၈၂ ဦး ရှိသည့် အနက် မေလ ၃၁ ရက်နေ့အထိ ကျောင်းလာအပ်သူမှာ ၉၆ ဦးသာရှိသေးသည်ဟု ဆိုသည်။

April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...