မိုးကုတ် တိုက်ပွဲအတွင်း ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်

မိုးကုတ် တိုက်ပွဲအတွင်း ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီး ထိမှန်

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် အနောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲ အသက် (၁၀) နှစ်အရွယ် ကလေးငယ် တစ်ဦး လက်နက်ကြီး ထိမှန်ခဲ့သည်။

မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်း ၂ နာရီခွဲမှ ၄ နာရီအထိ မိုးကုတ်မြို့အနောက်ပိုင်း ရဲစခန်းနှင့် ဓမ္မရက္ခိတ ဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အမည်မဖော်လိုသူ မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက “တိုက်ပွဲက မိုးကုတ်မြို့အနောက်ပိုင်း အောင်သုခ ရပ် ကွက်ရှိ ရဲစခန်းနဲ့ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းမှာ ဖြစ်တာ။ စစ်သားတွေနဲ့ ချနေကြတာ။ ဘယ်တပ်ဖွဲနဲ့တော့ မပြော ဘူး။ ပစ်ခိုက်တဲ့အချိန်မှာ ကလေးငယ်တစ်ဦးတော့ ထိသွားတယ်” ဟု ပြောသည်။

ထိခိုက်သွားသည့် ကလေးငယ်အမျိုးသမီးလေးကို မိုးကုတ်မြို့ ပရဟိတအဖွဲ့က လာရောက် သယ်ဆောင်သွားပြီး အဆိုပါ ကလေးငယ်မှာ သေဆုံးသွားသည်ဟု သတင်းများထွက်ပေါ်နေသည်။

လက်နက်ကြီးထိမှန်သွားသည့် ကလေးငယ်မိသားစုမှာ မိုးကုတ်မြို့ရှိ ကျောက်ပေါက်နှင့် အေးစေတီရပ်ကွက် ကြားတွင် နေထိုင်ပြီး သူမ၏ မိခင်က ဓမ္မရက္ခိတဘုန်းကြီးကျောင်းအနီးတွင် အသုပ်စုံရောင်းသူဖြစ်သည်ဟု ဒေသခံများက ပြောသည်။

သို့သော် ကလေးငယ်သေဆုံးသွားသည့် သတင်းနှင့်ပတ်သက်၍ အတည်ပြုနိုင်ရေး သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဒေသခံတစ်ဦးက “အခု မိုးကိုတ် အနောက်ပိုင်းမှာ စစ်တပ်တွေက နေအိမ်တွေ မကြာခဏ ဝင်ရောက်စစ်ဆေး တာတွေ ရှိတယ်။ ပြီးတော့ အိမ်တွေ ဝင်မှားပြီး စစ်ဆေးတာ ခြိမ်းခြောက်တာတွေ ရှိတယ်” ဟု ပြောသည်။

ယခုဖြစ်ပွားခဲ့သည့် တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မိုးမိတ်ခရိုင် K-PDF တပ်ရင်း ပူးပေါင်း တပ်ဖွဲ့၀င်များမှ မိုးကုတ်မြို့အနောက်ပိုင်းရှိ စစ်ကောင်စီတပ်ဖွဲ့၀င်များ တပ်စွဲထားသော နေရာများအား ဝင် ရောက်တိုက်ခိုက်ရာမှာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့သော် မိုးမိတ်ခရိုင် K-PDF တပ်ရင်းအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

အလားတူ မန္တလေးတိုင်း၊ မိုးကုတ်မြို့အတွင်း ဧပြီလ ၂၅ ရက်နေ့မှ ဧပြီလ ၂၉ ရက်နေ့အထိ ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ မိုးမိတ်ခရိုင် (K-PDF )တပ်ရင်း ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၂ ဦး သေဆုံးခဲ့သည်။

ဧပြီလ ၂၉ ရက်နေ့ကလည်း မိုးကုတ်အရှေ့ပိုင်း၊ မင်းတံတားရပ်ကွက်ရှိ လျှပ်စစ်ရုံးတွင် ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

April 28, 2026
ကရင်ပြည်၊ ဖာပွန်တွင် နှစ် ၃၀ ကြာ စစ်တပ် အခြေစိုက်ခဲ့သည့် ကဘောတူစခန်းကို KNU က အပြီးသတ်...
April 27, 2026
စစ်ဦးစီးချုပ်အသစ် “လက်စွမ်းပြလိုမှုနှင့်အတူ” ကချင်ပြည်အတွင်း စစ်ရေးပိုမိုတင်းမာလာနိုင်ဟု...
April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...