ဘဏ္ဍာရေးအခြေအနေကြောင့် ဝန်ထမ်းလစာ တိုးမပေးနိုင်သေးဟု စစ်ကောင်စီပြော

ဘဏ္ဍာရေးအခြေအနေကြောင့် ဝန်ထမ်းလစာ တိုးမပေးနိုင်သေးဟု စစ်ကောင်စီပြော

နိုင်ငံတော်၏ လတ်တလော ဘဏ္ဍာရေးအခြေအနေများကြောင့် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများကို တိုးမြှင့်ပေးရန် မဖြစ်နိုင်သေးကြောင်း စစ်ကောင်စီတာဝန်သူက အသိပေးလိုက်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာများတွင် နိုင်ငံ့ဝန်ထမ်းများ၏ သတ်မှတ်လစာနှုန်းထားကို တစ်ဦးလျှင် ကျပ် ၄ သောင်းစီ တိုးမြှင့်ပေးမည်ဟု သတင်းများထွက်ပေါ်လာမှုကို ကောလာဟလ သာဖြစ်ကြောင်း  စစ်ကောင်စီက ယနေ့ ဧပြီလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှတစ်ဆင့် ထုတ်ပြောလာခြင်းဖြစ်သည်။

“လက်ရှိပြင်ပမှာ ဖြစ်ပေါ်နေတဲ့၊ သတင်းထွက်ပေါ်နေတဲ့ လစာနှုန်းထားတိုးမြှင့်မယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းကတော့ ကောလာဟလပဲ ဖြစ်ပါတယ်။ လစာနှုန်းထားတွေကတော့ လက်ရှိ လစာနှုန်းထားအတိုင်းပဲ ဖြစ်ပါတယ်”ဟု စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်က ဆိုထားသည်။

လက်ရှိမှာ နိုင်ငံအဝှမ်း ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် နိုင်ငံ့ဝန်ထမ်းများမှာ လက်ရှိရနေသည့် လုပ်ခလစာများနှင့် မလုံလောက်ဖြစ်နေသောကြောင့် လစာနှုန်းထားများတိုးပေးရန် မျှော်လင့်နေကြသည်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်မှ အထက်တန်းပြ ကျောင်းဆရာတစ်ဦးက “အမှန်အတိုင်း ပြောရမယ်ဆိုရင် လက်ရှိ ကုန်ဈေးနှုန်းအခြေအနေနဲ့ ဝန်ထမ်းတယောက်ရဲ့ လက်ရှိလစာနဲ့ မလောက်ငှတဲ့အခါ များပါတယ်။ အခြေခံအဆင့်မှာဆို ပိုဆိုးသေးတယ်။ ကျနော်တို့က အထက်တန်းပြ ဆိုပေမယ့် ကျပ် ၂ သိန်း ၁ သောင်း ၆ ထောင်ပဲ ရတယ်။ တခြားမူလတန်းပြဆိုရင် ၁ သိန်း ၆ သောင်းခွဲ၊ အလယ်တန်းပြဆိုရင် ၁ သိန်း ၉ သောင်း ၈ ထောင်ကျပ် ပဲရတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက်ကစပြီး NLD အစိုးရလက်ထက်အထိ နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တဖြည်းဖြည်းတိုးလာခဲ့သော်လည်း လက်ရှိမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် အောက်ခြေအဆင့်ဝန်ထမ်းများမှာ  နိုင်ငံတော်မှပေးသည့် လစာနှုန်းထားနှင့် လုံးဝ အဆင်မပြေဖြစ်နေရကြောင်း ဝန်ထမ်းများက ပြောဆိုနေကြသည်။

နိုင်ငံ့စီးပွားရေးအဆင်မပြေမှုကြောင့် ဝန်ထမ်းများကို လစာတိုးမပေးနိုင်သော်လည်း အခြားတစ်ဖက်တွင် စစ်ကောင်စီသည် ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးစရိတ်တိုးမြှင့်ယူထားသည့်အပေါ် ဝေဖန်မှုများရှိနေသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...