ကျုံဒိုးမြို့တိုက်ပွဲအတွင်း နေအိမ် ၃၀ ကျော်နှင့် ပစ္စည်းအများအပြား မီးလောင်ပျက်ဆီးမှုရှိ

ကျုံဒိုးမြို့တိုက်ပွဲအတွင်း နေအိမ် ၃၀ ကျော်နှင့် ပစ္စည်းအများအပြား မီးလောင်ပျက်ဆီးမှုရှိ

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း နေအိမ် ၃၀ ကျော် မီးလောင်ပျက်ဆီးပြီး ပစ္စည်းအများအပြားလည်း မီးလောင်ဆုံးရှုံးမှုရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျုံဒိုးမြို့တွင် ပြီးခဲ့သည့် မတ်လ ၂၅ ရက် နံနက်ပိုင်းကစပြီး စစ်ကောင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား မတ်လ ၂၆ ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။

က်ပွဲအတွင်း နှစ်ဖက်တပ်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့်အပြင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ပစ်ခတ်မှုများလည်း ရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “အိမ်တွေက ရဟတ်ယာဉ်နဲ့ပစ်လို့ပျက်ဆီးတာတွေရော၊ လက်နက်ကြီးကျည်တွေကျလို့ ပျက်ဆီးတာတွေရော၊ မီးလောင်ပျက်ဆီးတာတွေရောအားလုံး ၃၃ လုံးလောက်ရှိတယ်။ မီးလောင်တဲ့အိမ်တွေဆို အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေပါ မီးလောင်ဆုံးရှုံးကုန်တယ်။ နောက် ကား ၄ စီးနဲ့ ဆိုင်ကယ် ၃ စီး မီးလောင်ပျက်ဆီးခဲ့တယ်။ တခြားထိခိုက်ပျက်ဆီးမှုတွေလည်း အများကြီးရှိတယ်” ဟု ပြောသည်။

၎င်းပြင် တိုက်ပွဲဖြစ်စဥ်အတွင်း ဒေသခံအရပ်သား ၄ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

တိုက်ပွဲကြောင့် ကျုံဒိုးမြို့ခံပြည်သူများနှင့် ကျုံဒိုးမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့အချိန်အထိ နေရပ်မပြန်နိုင်သေးသူများလည်း ရှိသည်ဟုဆိုသည်။

ထိုမတ်လ ၂၅၊ ၂၆ ရက်နေတွင် မြဝတီကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ်၊ ကျုံဒိုး-မြဝတီ အာရှလမ်းပိုင်းနေရာတို့တွင်လည်း စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲ့နှင့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ကြသေးသည်။

အဆိုပါ တိုက်ပွဲများအတွင်း မြဝတီကုန်သွယ်ရေးဇုန်ရှိ အဆောက်အဦးများ မီးလောင်ပျက်ဆီးခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် အရပ်သား ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်ဟု သိရသည်။

Most read this week

September 4, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်တွင် စစ်အုပ်စုတပ်က ရမ်းသမ်းပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ပေါက်ကွဲ...
September 3, 2026
ပဲခူးမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ပဲခူးမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရှိ...
တိုက်ပွဲဖြစ်ပွားခဲ့သည့် ရေး-ထားဝယ် လမ်းပိုင်းတစ်ခုကို တွေ့ရစဉ် / Crd
September 3, 2026
တနင်္သာရီတိုင်း၊ ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းပိုင်း၊ မောင်မယ်ရှောင်ကျေးရွာအနီးတွင်...
September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...