ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသမီးရာအိမ်မှူး ပစ်သတ်ခံရ

ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသမီးရာအိမ်မှူး ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့နေ့လယ်ပိုင်းက၊ အမျိုးသမီးရာအိမ်မှူး တစ်ဦး နေအိမ်ရှေ့သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

"ရာအိမ်မှူးဝင်လုပ်တာသိပ်မကြာသေးဘူးဗျ၊ ရာအိမ်မှူးလုပ်မယ့်သူမရှိလို့ သူ့ကိုယာယီခန့်ထားချိန်မှာ အပစ်ခံလိုက်ရတာပါ၊ သူ့အိမ်ရှေ့ပန်းပင်တွေ ရေလောင်းနေတုန်း၊ လူနှစ်ယောက်ကလာပစ်သွားတာ ပွဲချင်းပြီးပါပဲ" ဟု အခင်းဖြစ်ရပ်ကွက်နေ ထိုင်သူတစ်ဦးက ပြောသည်။

သေနတ်ဖြင့်ပစ်ခံရသည့်ရာအိမ်မှူးသည်၊ ပြည်ကြီးတံခွန်မြို့နယ် သင်ပန်းကုန်းရပ်ကွက်၊ အကွက်အမှတ် ညည-၂၂/၂၇၊ ၅၇(ဘီ)လမ်း၊ ၁၁၉ လမ်းနှင့် လမ်း ၁၂၀ ကြားနေသူ၊ အမျိုးသမီးရာအိမ်မှူး ဒေါ်ညွန့်ညွန့်ဆွေ (အသက် ၅၉ နှစ်)ဆိုသူဖြစ်ကြောင်း၊ ၎င်းသည် ယနေ့ မတ် ၂၄ ရက် နေ့လယ် ၁၂ နာရီခန့်က၊ နေအိမ်ရှေ့ ပန်းအိုးများသန့်ရှင်းရေးပြုလုပ်နေစဉ်၊ ၅၇ (ဘီ)လမ်းအတိုင်း တောင်မှမြောက်သို့မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးပေါ်က လူနှစ်ဦးက အနီးကပ်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ဒေါ်ညွန့်ညွန့်ဆွေတွင် ယာဘက်လည်ပင်း ကျည်ဖောက်၀င်ဒဏ်ရာ တစ်ချက်ရရှိပြီး၊ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံက သိရသည်။

၎င်းအား မည်သည့်အဖွဲ့က ပစ်သတ်သွားခြင်းကိုတော့ မသိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခန့်ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးအဖွဲ့၀င်များ မကြာခဏ ပစ်ခတ်ခံနေရပြီး၊ အမျိုးသမီးရာအိမ်မှူးပစ်သတ်ခံရမှုက ယခုတစ်ကြိမ်ပထမဦးဆုံးဖြစ်သည်။

မန္တလေးမြို့တွင် မတ်လ ၂၂ ရက်နေ့ကလည်း၊ အောင်မြေသာစံမြို့နယ် အမရဋ္ဌာနီအရှေ့ရပ်ကွက်မှ ရာအိမ်မှူးနှစ်ဦး လက်ဘက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်။

Most read this week

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...