ယခုနှစ်သင်္ကြန်ကာလအတွင်း ရခိုင်သို့ ပြန်လာသူများပြား၍ ရခိုင်ပြန်မည့်ကားလက်မှတ်များ ကုန်နေပြီဟုဆို (ကားလက်မှတ်တစောင်လျှင် ကျပ် ၁ သောင်းကျော်မြင့်တက်)

ယခုနှစ်သင်္ကြန်ကာလအတွင်း ရခိုင်သို့ ပြန်လာသူများပြား၍ ရခိုင်ပြန်မည့်ကားလက်မှတ်များ ကုန်နေပြီဟုဆို (ကားလက်မှတ်တစောင်လျှင် ကျပ် ၁ သောင်းကျော်မြင့်တက်)

ယခုနှစ် သင်္ကြန်ကာလတွင် ရခိုင်ပြည်တွင်းသို့ပြန်လာကြမည့်ခရီးသည်များ များပြားလျက်ရှိပြီး ရခိုင်သို့ပြန်မည့်အတွက် ကားလက်မှတ်ဝယ်ယူမှုများလည်း များပြားနေကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလအတွက် ကားလက်မှတ်များကို ယခုမတ်လ ဒုတိယပတ်ထဲတွင် စတင်ရောင်းချနေပြီး ဝယ်မှုများပြားသည့်အတွက် လက်မှတ်များမှာ ကုန်သွားပြီဟု ရန်ကုန်နှင့် ရခိုင်သို့ပြေးဆွဲနေသည့် ရွှေရမ္မာ ခရီးသွားကားလက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူ ဦးသန်းနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

"ရခိုင်အတွက် သင်္ကြန်လက်မှတ်တွေက ကုန်နေပါပြီ။ ဝယ်ယူသူများပါတယ်။ အခုလက်မှတ်တောင် မရှိတော့ဘူး" ဟု ပြောသည်။

ယခင်လများက ရန်ကုန်-စစ်တွေ ကားလက်မှတ်တစ်စောင်၏ ပုံမှန်စျေးမှာ ၅၅၀၀၀ ကျပ်ခန့်ရှိသော်လည်း သင်္ကြန်ကာလအတွင်း လက်မှတ်တစ်စောင်လျှင် ကျပ် ၆၅၀၀၀ မှ ၆၈၅၀၀ ကျပ်အထိရောင်းချနေရပြီး ကျပ်တစ်သောင်းကျော်ဝန်းကျင် စျေးမြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်- စစ်တွေပြေးဆွဲနေသည့် ရွှေပြည်သစ်ခရီးသည်ပို့ဆောင်ရေးဂိတ်မှ တာဝန်ရှိသူတစ်ဦးကလည်း သင်္ကြန်ကားလက်မှတ်များကို မတ်လ ၂၀ ရက်မှစတင်ရောင်းချပေးနေပြီး ဝယ်ယူသူများသည့်အတွက် လက်မှတ်များ ကုန်လုနီးပါးဖြစ်နေကြောင်း ပြောသည်။

" ကျွန်တော်တို့ ဂိတ်က မတ်လ ၂၀ ရက်ကပဲ စရောင်းတယ်။ လက်မှတ်ဝယ်ယူသူများတော့ သုံးရက်အတွင်းမှာပဲ လက်မှတ်ကုန်လုနီးပါးဖြစ်နေပြီ" ဟု ပြောသည်။

ယခင်နှစ်များက သင်္ကြန်ကာလအတွင်း ကားလက်မှတ်ရောင်းချမှုကို ဧပြီလဆန်းပိုင်းမှ စတင် ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ကြိုတင်ရောင်းချနေခြင်းဖြစ်ပြီး ရခိုင်သို့ပြန်မည့် ခရီးသည်များပြားကာ ကားလက်မှတ်ဝယ်ယူမှုများပြားနေခြင်းဖြစ်သည်။

ရန်ကုန်နှင့် စစ်တွေ တိုက်ရိုက်ပြေးဆွဲနေသည့် အောင်ပြည့်စုံကားဂိတ်မှ တာဝန်ရှိသူတစ်ဦးကလည်း ယနေ့ မတ်လ၂၃ ရက်တွင် သင်္ကြန်ကားလက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း ပြောသည်။

သင်္ကြန်ကားလက်မှတ်များကို ရန်ကုန်မှ ရခိုင်ပြည်နယ်ထဲသို့ ပြေးဆွဲနေသည့် ကားဂိတ်တိုင်းတွင် စတင်ရောင်းချနေပြီဟုလည်း သိရသည်။

ရခိုင်ပြည်သည် သဘာဝသယံဇာပေါများသော်လည်း အဆိုပါသယံဇာတများကို ကိုင်တိုင် စီမံခန့်ခွဲခွင့်မရရှိသည့်အတွက် အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်နေပြီး ဒေသတွင်း အလုပ်ကိုင် အခွင့်အလမ်းရှားပါးမှုကြောင့် ရခိုင်လူငယ်များအပါဝင် ဒေသခံများမှာ ပြည်ပနိုင်ငံများနှင့် ရန်ကုန်ကဲ့သို့မြို့ကြီးများသို့ နှစ်စဉ်ပြောင်းရွှေ့ အလုပ်လုပ်ကိုင်နေကြရသည်။

ထိုသို့ မွေးရပ်ဇာတိမြေကို စွန့်ခွာပြီး ရပ်ဝေးမြေခြားတွင် အလုပ်လုပ်ကိုင် အသက်မွေးနေရသော်လည်း ရခိုင်လူမျိုးတို့မှာ ရခိုင်ရိုးရာအတာသင်္ကြန်ပွဲတော်တွင် ပါဝင် ဆင်နွှဲရန် မွေးရပ်မြေသို့ နှစ်စဉ် ပြန်လာလေ့ရှိကြသည်ဟု သိရသည်။

ယခုနှစ်သင်္ကြန်မှာ ဧပြီလ ၁၃ ရက်တွင်စတင်ပြီး ၁၆ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။

May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...