မံစီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီဘက်မှ ဖုန်းလိုင်းဖြတ်တောက်ထား

မံစီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီဘက်မှ ဖုန်းလိုင်းဖြတ်တောက်ထား

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းက ကျေးရွာအချို့မှာ စစ်ကောင်စီဘက်ကနေ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မံစီမြို့နယ်အတွင်းက ကျေးရွာတွေဖြစ်တဲ့ သံတံတားကျေးရွာ၊ စီကော်ကျေးရွာနဲ့ နမ်လိမ်းပါကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ စစ်ရေးတင်းမာနေတာကြောင့် ဖုန်းလိုင်းတွေဖြတ်တောက်နေတာ (၃) ရက်လောက်ရှိနေပြီဖြစ်တယ်လို့ ဒေသခံတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေပိတ်ထားတာ (၃) ရက်လောက်ရှိပြီ။ ဘာမှလည်း ကြည့်လို့မရဘူး” လို့ ဒေသခံက ဆိုပါတယ်။

လက်ရှိအချိန် အဲဒီရွာတွေဘက်မှာ စစ်ကောင်စီရဲ့ ခလရ (၄၇)၊ ခလရ (၃၁၉)၊ ခလရ (၂၇၆) နဲ့ ခလရ (၂၂၃) တပ်တွေက စစ်ကြောင်း (၃) ကြောင်း ထိုးနေတဲ့အပြင် KIA ဘက်ကလည်း စစ်ကြောင်း (၃) ကြောင်းနဲ့ သွားလာလှုပ်ရှားနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

နောက်ထပ်နမ်လိမ်းပါကျေးရွာ ဒေသခံတစ်ဦးကလည်း လက်ရှိအခြေအနေအရ သွားရေးလာရေး သတိထားနေရပြီး နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာမှုတွေရှိရင် စစ်ကောင်စီဘက်ကနေ ဖုန်းလိုင်းတွေဖြတ်တောက်လေ့ရှိတယ်လို့ လည်းပြောဆိုပါတယ်။

ဒါ့အပြင် မြလယ်ကျေးရွာဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်တွေကနေ မိုင်းခေါင်ကျေးရွာ နဲ့ မြလယ်ကျေးရွာကြားမှာ စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အပြင် KIA ဘက်ကလည်း ကျေးရွာအနီးတွေမှာ လှုပ်ရှားသွားလာနေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

“ စစ်ကောင်စီတပ်ဘက်က ဟိုနေ့မှာ မိုင်းခေါင်ကျေးရွာ နဲ့ မြလယ်ကျေးရွာကြားမှာ ဟုတ်တယ်။ မိုင်းခေါင်မှာ စစ်သားတွေအများကြီးရှိနေတာ။” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေကနေ မိုင်းခေါင်ကျေးရွာ အမျိုးသားနှစ်ဦး ဟန်ထက်ကျေးရွာဘက်ကို တောင်ယာသွားခုတ်တဲ့အချိန် မိုင်းသွားထောင်တယ်ဆိုပြီး ရိုက်နှက်ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။

အဲဒီဒေသဟာ KIA တပ်ရင်း (၂၇) ရဲ့ စစ်ရေးလှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်ပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...