ကြည့်မြင်တိုင် တရားရုံးနား ဗုံးပေါက်ကွဲမှုဖြစ်ပွား

ကြည့်မြင်တိုင် တရားရုံးနား ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့ မယ်ဇလီလမ်း ကြည့်မြင်တိုင် တရားရုံးနားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ မတ်လ(၂၃) ရက်နေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ စစ်တပ်က စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေရဲ့ စစ်ဆေးမှုတွေကြောင့် ပြည်သူတွေ အချင်းချင်း အဲဒီနေရာ ကိုမသွားဖို့ သတိပေးမှုတွေရှိနေပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး လူထိခိုက်မှု အခြေအနေ မသိရသေးသလို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ တယ်ဆိုတာလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ကြည့်မြင်တိုင်မြို့နယ် တရားရုံးကို မြို့ပြ ပြောက်ကျား အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းပြီး အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် တရားရုံးရဲ့ မှန်နဲ့ တံခားတွေ ထိခိုက် ပျက်စီးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်မြို့က တရားရုံးတွေမှာ မကြာခဏဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေရှိနေပြီး စစ်ကောင်စီကလည်း ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချတာတွေလည်း ပုံမှန်လိုလို ရှိနေ ပါတယ်။

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...