ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကို စစ်တပ်ဖမ်းဆီး

ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ကို စစ်တပ်ဖမ်းဆီး

ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူ့ရဲ့ အိမ်မှာ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို အတည်ပြုပါ တယ်။

သူ့ကို ဒီနေ့ မတ်လ(၂၀) ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဘာအမှုနဲ့ ဖမ်းဆီးတယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာ ရှိတဲ့ ဒါရိုက်တာ စတီးလ် ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက် ဖမ်းဆီးချိန်မှာ သူနေအိမ်မှာမရှိတဲ့အတွက် အိမ်ကို ချိတ်ပိတ်မယ်လို့ ခြိမ်းခြောက်ပြီး မိသားစုကိုအကျပ်ကိုင်ခဲ့တာကြောင့်မိသားစုကဖုန်းဆက်ပြီး ပြန်ခေါ်ပြီးနောက် ပြန်လာချိန် မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါရိုက်တာ စတီးလ်ဟာ စစ်ခေါင်းဆောင်နဲ့ ပတ်သက်တဲ့ သတင်းတွေ ကိုမျှဝေတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင်သူဟာ အာဏာသိမ်းစစ်တပ်လက်အောက်မှာ ရုပ်ရှင်ရိုက်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားသူဖြစ်ပါတယ်။

သံလွင်တိုင်းမ် အနေနဲ့ ဒါရိုက်တာ စတီးလ် ဖမ်းဆီးခံရတာနဲ့ ပတ်သပ်ပြီး သန်လျင်မြို့မရဲစခန်း ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာတော့ မရှိခဲ့ပါဘူး။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - Facebook

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...